• Review
    display နည်းပညာသစ် ၊ dual cameras တွေနဲ့လာတဲ့ Nokia 7.1
Nyein Min Wai
[Unicode Version]

mid-range ဖုန်းဆိုပေမယ့် တန်ဖိုးကြီးဖုန်းတစ်လုံးအနေနဲ့ထွက်လာတာကတော့ Nokia 7.1 ပဲ ဖြစ်ပါတယ်။

gsmarena_001.jpg

Photo: GSMArena

 

ဒီဖုန်းရဲ့ အထူးခြားဆုံး specs တစ်ခုက HDR ရုပ်ထွက်မြင့် ပုံရိပ်တွေကို ဖော်ပြနိုင်တဲ့ PureDisplay screen နည်းပညာပါပဲ။ တန်ဖိုးကြီး TV တွေမှာ အသုံးများတဲ့ HDR 10 လို နောက်ဆုံးပေါ် အဆင့်မြင့် ရုပ်ထွက်စနစ် ပံ့ပိုးပေးနိုင်သလို SDR ကနေ HDR ကိုပါ တိုက်ရိုက်ပြောင်းလဲပေးနိုင်တဲ့ နည်းပညာလည်း ဖြစ်ပါတယ်။

Nokia 7.1 မှာ HDR chip ပါတာ ဖြစ်လို့ကြည်လင်ပြတ်သားတဲ့ HDR ရုပ်ထွက်ရဖို့တစ်စက္ကန့်ကို pixel ပေါင်း သန်း ၅၀၀ နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ခေတ်ပေါ် 19:9 aspect ratio နဲ့လာပြီး FullHD+ ရုပ်ထွက်ပါတဲ့ ၅.၈၄ လက်မ display ဟာ ဒီနေ့ခေတ်မှာ ပုံမှန် စမတ်ဖုန်းဆိုဒ်လို့ဆိုရမှာပါ။ Nokia 7.1 ဟာ တောက်ပ သားနားတဲ့ glass body နဲ့လာပြီး အလူမီနီယံဘောင်ကွပ်ထားပါတယ်။

ဒီဇိုင်းပိုင်းမှာ Nokia 7.1 ဟာ အထူးစီမံထားပေမယ့် ဒီဖုန်းဟာ mid-range ဖုန်းဆိုတာ သတိရစေဖို့Qualcomm ရဲ့ အလတ်စား Snapdragon 636 SoC ကို RAM 3GB/4GB တွေနဲ့ထွက်လာပါတယ်။  storage အနေနဲ့32GB နဲ့64GB ပဲ ပါတာကတော့ သိပ်အားရစရာ မရှိပါဘူး။ ကင်မရာကတော့ mid-range ဖုန်းတစ်လုံးအတွက် ကျေနပ်စရာ ဖြစ်တဲ့ Zeiss ရဲ့ dual rear cameras စနစ်ကို သုံးသွားပါတယ်။

 

အရင်နှစ်က Nokia 8 မှာ ပါခဲ့တဲ့ ရှေ့/ နောက် ကင်မရာအကုန်လုံး တစ်ပြိုင်နက်တည်းသုံးပြီး ဓါတ်ပုံနဲ့ဗွီဒီယိုတွေ ရိုက်ကူးနိုင်မယ့် Bothie mode ပါလာပါတယ်။ ကင်မရာ specs အနေနဲ့ကျောဘက်မှာ 12MP+5MP ကင်မရာနှစ်လုံးတွဲ သုံးထားပြီး အရှေ့မှာ AI Face Unlock ပါတဲ့ 8MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။

ကျောဘက် ထောင်လိုက် dual cameras ရဲ့ အောက်မှာတော့ fingerprint scanner တပ်ဆင်ထားပါတယ်။ Nokia 7.1 ရဲ့ နောက်ထပ် အားသာချက်တစ်ခုက ဘက်ထရီဖြစ်ပါတယ်။

USB Type C ကနေ အားသွင်းနိုင်မယ့် 3060 mAh ဘက်ထရီဟာ fast charging ပါဝင်တာကြောင့် နာရီဝက်အတွင်း အား ၅၀% ထိ ဝင်နိုင်မှာပါ။ ဆော့ဖ်ဝဲလ်အနေနဲ့Android 8.1 Oreo နဲ့လာပြီး နိုဝင်ဘာလမှာ Android 9.0 Pie တင်ပေးသွားမှာပါ။ security patch တွေကိုလည်း ၃ နှစ်အထိ တင်ပေးမှာ ဖြစ်တယ်လို့ကြေငြာထားပါတယ်။

Nokia-7.1-hands-on-1-of-16-1000x528.jpg

Photo: Android Authority

 

Nokia 7.1 ဟာ အရောင် ၂ မျိုးပဲ လာပါတယ်။  Midnight Blue နဲ့Steel ကာလာ ၂ ရောင်နဲ့ထွက်တဲ့ ဒီဖုန်းကို ၃၄၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ၃ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ ။

[Zawgyi Version]

mid-range ဖုန္းဆိုေပမယ့္ တန္ဖိုးၾကီးဖုန္းတစ္လံုးအေနနဲ ့ထြက္လာတာကေတာ့ Nokia 7.1 ပဲ ျဖစ္ပါတယ္။

gsmarena_001.jpg

Photo: GSMArena

 

ဒီဖုန္းရဲ့ အထူးျခားဆံုး specs တစ္ခုက HDR ရုပ္ထြက္ျမင့္ ပံုရိပ္ေတြကို ေဖာ္ျပႏိုင္တဲ့ PureDisplay screen နည္းပညာပါပဲ။ တန္ဖိုးၾကီး TV ေတြမွာ အသံုးမ်ားတဲ့ HDR 10 လို ေနာက္ဆံုးေပၚ အဆင့္ျမင့္ ရုပ္ထြက္စနစ္ ပံ့ပိုးေပးႏိုင္သလို SDR ကေန HDR ကိုပါ တိုက္ရိုက္ေျပာင္းလဲေပးႏိုင္တဲ့ နည္းပညာလည္း ျဖစ္ပါတယ္။

Nokia 7.1 မွာ HDR chip ပါတာ ျဖစ္လို ့ၾကည္လင္ျပတ္သားတဲ့ HDR ရုပ္ထြက္ရဖို ့တစ္စကၠန္ ့ကို pixel ေပါင္း သန္း ၅၀၀ နဲ ့ အလုပ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ ေခတ္ေပၚ 19:9 aspect ratio နဲ ့လာျပီး FullHD+ ရုပ္ထြက္ပါတဲ့ ၅.၈၄ လက္မ display ဟာ ဒီေန ့ေခတ္မွာ ပံုမွန္ စမတ္ဖုန္းဆိုဒ္လို ့ဆိုရမွာပါ။ Nokia 7.1 ဟာ ေတာက္ပ သားနားတဲ့ glass body နဲ ့လာျပီး အလူမီနီယံေဘာင္ကြပ္ထားပါတယ္။

ဒီဇိုင္းပိုင္းမွာ Nokia 7.1 ဟာ အထူးစီမံထားေပမယ့္ ဒီဖုန္းဟာ mid-range ဖုန္းဆိုတာ သတိရေစဖို ့Qualcomm ရဲ့ အလတ္စား Snapdragon 636 SoC ကို RAM 3GB/4GB ေတြနဲ ့ထြက္လာပါတယ္။  storage အေနနဲ ့32GB နဲ ့64GB ပဲ ပါတာကေတာ့ သိပ္အားရစရာ မရိွပါဘူး။ ကင္မရာကေတာ့ mid-range ဖုန္းတစ္လံုးအတြက္ ေက်နပ္စရာ ျဖစ္တဲ့ Zeiss ရဲ့ dual rear cameras စနစ္ကို သံုးသြားပါတယ္။

 

အရင္ႏွစ္က Nokia 8 မွာ ပါခဲ့တဲ့ ေရွ ့/ ေနာက္ ကင္မရာအကုန္လံုး တစ္ျပိဳင္နက္တည္းသံုးျပီး ဓါတ္ပံုနဲ ့ဗီြဒီယိုေတြ ရိုက္ကူးႏိုင္မယ့္ Bothie mode ပါလာပါတယ္။ ကင္မရာ specs အေနနဲ ့ေက်ာဘက္မွာ 12MP+5MP ကင္မရာႏွစ္လံုးတဲြ သံုးထားျပီး အေရွ ့မွာ AI Face Unlock ပါတဲ့ 8MP ဆယ္လ္ဖီကင္မရာ ပါရိွပါတယ္။

ေက်ာဘက္ ေထာင္လိုက္ dual cameras ရဲ့ ေအာက္မွာေတာ့ fingerprint scanner တပ္ဆင္ထားပါတယ္။ Nokia 7.1 ရဲ့ ေနာက္ထပ္ အားသာခ်က္တစ္ခုက ဘက္ထရီျဖစ္ပါတယ္။

USB Type C ကေန အားသြင္းႏိုင္မယ့္ 3060 mAh ဘက္ထရီဟာ fast charging ပါဝင္တာေၾကာင့္ နာရီဝက္အတြင္း အား ၅၀% ထိ ဝင္ႏိုင္မွာပါ။ ေဆာ့ဖ္ဝဲလ္အေနနဲ ့Android 8.1 Oreo နဲ ့လာျပီး ႏိုဝင္ဘာလမွာ Android 9.0 Pie တင္ေပးသြားမွာပါ။ security patch ေတြကိုလည္း ၃ ႏွစ္အထိ တင္ေပးမွာ ျဖစ္တယ္လို ့ေၾကျငာထားပါတယ္။

Photo: Android Authority

 

Nokia 7.1 ဟာ အေရာင္ ၂ မ်ိဳးပဲ လာပါတယ္။  Midnight Blue နဲ ့Steel ကာလာ ၂ ေရာင္နဲ ့ထြက္တဲ့ ဒီဖုန္းကို ၃၄၉ ေဒၚလာ (ျမန္မာေငြ ၅ သိန္း ၃ ေသာင္းခန္ ့) ေစ်းနဲ ့ေရာင္းခ်သြားမယ္လို ့ဆိုပါတယ္။ ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs