• Review
    Vivo V11 ရဲ့ AI ကင်မရာစနစ်က ဘာတွေ ထူးခြားလဲ
Nyein Min Wai
[Unicode Version]

လက်ရှိ ပြည်တွင်းဈေးကွက်မှာ in-display fingerprint နည်းပညာကြောင့် လူကြိုက်များနေတဲ့ Vivo V11 ဟာ အမြင်ပိုင်းအရ ဆွဲဆောင်မှု အားကောင်းသလို ခေတ်ပေါ် စမတ်ဖုန်းတစ်လုံးရဲ့ ကင်မရာဘက်က ကြည့်ရင်လည်း စိတ်ဝင်စားစရာတွေ ပါရှိပါတယ်။

43080742_2152000278399560_1562980973161742336_n (1).jpg

Photo: Vivo

 

Vivo V11 ဟာ သုံးစွဲသူများအတွက် ပိုပြီး ထိုးထွင်းဖန်တီးနိုင်တဲ့ မိုဘိုင်းအတွေ့အကြုံ ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး မိတ်ဆက်လိုက်တာ ဖြစ်လို့ဒီဇိုင်းပိုင်း ၊ သုံးထားတဲ့ specs နဲ့user experience ပိုင်းမှာပါ အတော်လေး အနုစိတ်လာတာ တွေ့ရပါတယ်။ Vivo V serie တွေထဲမှာ ပထမဆုံး မှန်ပြင်အောက် လက်ဗွေပါရှိတဲ့ ဖုန်းဖြစ်ပြီး biometric လုံခြုံရေးစနစ်ထဲမှာ အလန်းဆုံး နည်းပညာဆိုလည်း မမှားပါဘူး။

ကင်မရာပိုင်းမှာ AI Camera ဆိုတဲ့ ကြေငြာချက်အတိုင်း ပုံကောင်းတွေ ရိုက်ကူးနိုင်ဖို့AI နည်းပညာကို အလေးပေးထားပါတယ်။ Vivo V11 ဟာ ကျောဘက်မှာ ထောင်လိုက်ဘေးကပ် dual cameras ကို သုံးထားတာပါ။ 12MP+5MP နှစ်လုံးတွဲ ကင်မရာစနစ်ဟာ f/1.8 aperture နဲ့1.28μm pixels တို့ကို ပေါင်းစပ်ထားပါတယ်။ ဒီ dual cameras စနစ်ထဲက 12MP ကင်မရာဟာ အလင်းအာရုံခံဖို့အတွက် units ပေါင်း ၂၄ သန်း ပါဝင်တဲ့ Dual Pixel sensor တွေ သုံးထားတာပါ။

Vivo V11 ရဲ့ dual cameras ကင်မရာဟာ focus ချိန်တဲ့အခါမျိုးမှာ ဝ.၀၃ စက္ကန့်ထဲနဲ့ချိန်နိုင်တဲ့ DSLR စံချိန်မီ Dual Pixel Autofocus သုံးလာတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ AI Cameras စနစ်ကြောင့် ဓါတ်ပုံတစ်ပုံကို ပရိုကင်မရာသမားတစ်ယောက်နီးပါး ရိုက်နိုင်မှာပါ။ ဒီကင်မရာမှာ နောက်ထပ် စိတ်ဝင်စားစရာတွေက ကင်မရာ frames အများကြီးကို အသေးစိတ်ဖမ်းပြီး အကောင်းဆုံး ပုံထွက်စေဖို့AI Backlight HDR နဲ့AI Low Light Mode တွေ သုံးထားတာ ဖြစ်ပါတယ်။

AI ဓါတ်ပုံစနစ်မှာ နောက်ထပ် ပြောစရာတစ်ခုက မြင်ကွင်းမျိုးစုံ ၊ အရာဝတ္ထုပေါင်းစုံကို ခွဲခြားပြီး သီးသန့်အဆင့်မြှင့်တင်မှုတွေ လုပ်နိုင်တဲ့ AI Scene Recognition နည်းပညာ ပါဝင်လာတာပါ။ ဆယ်ဖီကင်မရာပိုင်းအတွက် သုံးထားတဲ့ 25MP ဆယ်ဖီကင်မရာဟာ မျက်နှာပေါ်က အရေးအကြောင်းတွေကို လိုက်ပြီး လိုအပ်တဲ့ အလှပြုပြင်မှုတွေ ပေးမယ့် AI Face Shaping နည်းပညာသစ် ပါဝင်ပါတယ်။

ဆယ်လ်ဖီကို ရောက်ရာအရပ်မှာ အကြိုက်ဆွဲတတ်သူတွေအတွက် သဘောကျစရာက မျက်နှာနဲ့အလင်းထိတွေ့မှုကို သိပြီး ပုံထွက်ကောင်းအောင် အလင်းပေးတဲ့ AI Selfie Lightning စနစ် ထည့်သွင်းပေးထားပါတယ်။ portrait shot ပိုင်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်က ဓါတ်ပုံရိုက်ဖို့ဖုန်းကိုင်တဲ့ ပုံစံပေါ် လိုက်ပြီး ဘယ်အနေအထားက အကောင်းဆုံး ပုံထွက်မယ်ဆိုတာကို ညွှန်ကြားပေးနိုင်တဲ့ AI Portrait Framing စနစ် ပါဝင်လာတာ ဖြစ်ပါတယ်။

v11-productKV.jpg

Photo: Vivo

 

Vivo V11 ဟာ ဒီဇိုင်းပိုင်းမှာ အနုစိတ်ထွင်ထားတဲ့ ဖုန်းလို့ပြောခဲ့ပါတယ်။ ဒီအချက်ကို ကျောဘက်က ရွှေရောင် ring ကွပ်ထားတဲ့ dual cameras နဲ့Vivo logo မှာ လည်း တွေ့နိုင်ပါတယ်။ သေချာတာကတော့ Vivo V11 ရဲ့ AI Camera စနစ်ဟာ mid-range ဖုန်းတွေထဲမှာ ရှားတောင့်ရှားပါး အကောင်းစားကင်မရာလို့ဆိုနိုင်ပါတယ်။

[Zawgyi Version]

လက္ရိွ ျပည္တြင္းေစ်းကြက္မွာ in-display fingerprint နည္းပညာေၾကာင့္ လူၾကိဳက္မ်ားေနတဲ့ Vivo V11 ဟာ အျမင္ပိုင္းအရ ဆဲြေဆာင္မႈ အားေကာင္းသလို ေခတ္ေပၚ စမတ္ဖုန္းတစ္လံုးရဲ့ ကင္မရာဘက္က ၾကည့္ရင္လည္း စိတ္ဝင္စားစရာေတြ ပါရိွပါတယ္။

43080742_2152000278399560_1562980973161742336_n (1).jpg

Photo: Vivo

 

Vivo V11 ဟာ သံုးစဲြသူမ်ားအတြက္ ပိုျပီး ထိုးထြင္းဖန္တီးႏိုင္တဲ့ မိုဘိုင္းအေတြ ့အၾကံဳ ေပးႏိုင္ဖို ့အတြက္ ရည္ရြယ္ျပီး မိတ္ဆက္လိုက္တာ ျဖစ္လို ့ဒီဇိုင္းပိုင္း ၊ သံုးထားတဲ့ specs နဲ ့user experience ပိုင္းမွာပါ အေတာ္ေလး အႏုစိတ္လာတာ ေတြ ့ရပါတယ္။ Vivo V serie ေတြထဲမွာ ပထမဆံုး မွန္ျပင္ေအာက္ လက္ေဗြပါရိွတဲ့ ဖုန္းျဖစ္ျပီး biometric လံုျခံဳေရးစနစ္ထဲမွာ အလန္းဆံုး နည္းပညာဆိုလည္း မမွားပါဘူး။

ကင္မရာပိုင္းမွာ AI Camera ဆိုတဲ့ ေၾကျငာခ်က္အတိုင္း ပံုေကာင္းေတြ ရိုက္ကူးႏိုင္ဖို ့AI နည္းပညာကို အေလးေပးထားပါတယ္။ Vivo V11 ဟာ ေက်ာဘက္မွာ ေထာင္လိုက္ေဘးကပ္ dual cameras ကို သံုးထားတာပါ။ 12MP+5MP ႏွစ္လံုးတဲြ ကင္မရာစနစ္ဟာ f/1.8 aperture နဲ ့1.28μm pixels တို ့ကို ေပါင္းစပ္ထားပါတယ္။ ဒီ dual cameras စနစ္ထဲက 12MP ကင္မရာဟာ အလင္းအာရံုခံဖို ့အတြက္ units ေပါင္း ၂၄ သန္း ပါဝင္တဲ့ Dual Pixel sensor ေတြ သံုးထားတာပါ။

Vivo V11 ရဲ့ dual cameras ကင္မရာဟာ focus ခ်ိန္တဲ့အခါမ်ိဳးမွာ ၀.၀၃ စကၠန္ ့ထဲနဲ ့ခ်ိန္ႏိုင္တဲ့ DSLR စံခ်ိန္မီ Dual Pixel Autofocus သံုးလာတာက စိတ္ဝင္စားဖို ့ေကာင္းေနပါတယ္။ AI Cameras စနစ္ေၾကာင့္ ဓါတ္ပံုတစ္ပံုကို ပရိုကင္မရာသမားတစ္ေယာက္နီးပါး ရိုက္ႏိုင္မွာပါ။ ဒီကင္မရာမွာ ေနာက္ထပ္ စိတ္ဝင္စားစရာေတြက ကင္မရာ frames အမ်ားၾကီးကို အေသးစိတ္ဖမ္းျပီး အေကာင္းဆံုး ပံုထြက္ေစဖို ့AI Backlight HDR နဲ ့AI Low Light Mode ေတြ သံုးထားတာ ျဖစ္ပါတယ္။

AI ဓါတ္ပံုစနစ္မွာ ေနာက္ထပ္ ေျပာစရာတစ္ခုက ျမင္ကြင္းမ်ိဳးစံု ၊ အရာဝတၳဳေပါင္းစံုကို ခဲြျခားျပီး သီးသန္ ့အဆင့္ျမွင့္တင္မႈေတြ လုပ္ႏိုင္တဲ့ AI Scene Recognition နည္းပညာ ပါဝင္လာတာပါ။ ဆယ္ဖီကင္မရာပိုင္းအတြက္ သံုးထားတဲ့ 25MP ဆယ္ဖီကင္မရာဟာ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကို လိုက္ျပီး လိုအပ္တဲ့ အလွျပဳျပင္မႈေတြ ေပးမယ့္ AI Face Shaping နည္းပညာသစ္ ပါဝင္ပါတယ္။

ဆယ္လ္ဖီကို ေရာက္ရာအရပ္မွာ အၾကိဳက္ဆဲြတတ္သူေတြအတြက္ သေဘာက်စရာက မ်က္ႏွာနဲ ့အလင္းထိေတြ ့မႈကို သိျပီး ပံုထြက္ေကာင္းေအာင္ အလင္းေပးတဲ့ AI Selfie Lightning စနစ္ ထည့္သြင္းေပးထားပါတယ္။ portrait shot ပိုင္းမွာ စိတ္ဝင္စားဖို ့အေကာင္းဆံုးအခ်က္က ဓါတ္ပံုရိုက္ဖို ့ဖုန္းကိုင္တဲ့ ပံုစံေပၚ လိုက္ျပီး ဘယ္အေနအထားက အေကာင္းဆံုး ပုံထြက္မယ္ဆိုတာကို ညႊန္ၾကားေပးႏိုင္တဲ့ AI Portrait Framing စနစ္ ပါဝင္လာတာ ျဖစ္ပါတယ္။

Photo: Vivo

 

Vivo V11 ဟာ ဒီဇိုင္းပိုင္းမွာ အႏုစိတ္ထြင္ထားတဲ့ ဖုန္းလို ့ေျပာခဲ့ပါတယ္။ ဒီအခ်က္ကို ေက်ာဘက္က ေရႊေရာင္ ring ကြပ္ထားတဲ့ dual cameras နဲ ့Vivo logo မွာ လည္း ေတြ ့ႏိုင္ပါတယ္။ ေသခ်ာတာကေတာ့ Vivo V11 ရဲ့ AI Camera စနစ္ဟာ mid-range ဖုန္းေတြထဲမွာ ရွားေတာင့္ရွားပါး အေကာင္းစားကင္မရာလို ့ဆိုႏိုင္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs