• Review
    ရှေ့ကင်မရာ ၂ လုံးနဲ့ ဈေးအကြီးဆုံး Pixel ဖုန်းများ Google မိတ်ဆက်
Nyein Min Wai
[Unicode Version]

တတိယမျိုးဆက် Google Pixel ဖုန်းတွေဟာ မျက်နှာပြင်အကြီးစားနဲ့အကောင်းဆုံး ကင်မရာများ ပါဝင်လာတဲ့ ဖုန်းတွေအဖြစ် မြင်ရပြီ ဖြစ်ပါတယ်။

google-pixel-phone.jpg

Photo: channel news asia

 

နယူးယော့ခ်မှာ ကျင်းပခဲ့တဲ့ မိတ်ဆက်ပွဲမှာ Google ဟာ Pixel 3 series တွေကို ကမ္ဘာ့အကောင်းဆုံး ကင်မရာစနစ်နဲ့ဒီဇိုင်းထုတ်ထားပြီး အထောက်အကူအဖြစ်ဆုံး ဖုန်းဖြစ်အောင် ထွင်ထားတာဖြစ်တယ်လို့Google ရဲ့ hardware အကြီးအကဲ ရစ်ခ်အော်စတာလော့ချ်က အာမခံပြောကြားခဲ့တာက စိတ်ဝင်စားစရာပါ။

အရင်နှစ်က Google Pixel 2 ဟာ single lens ပဲ သုံးထားခဲ့ပေမယ့် သူနဲ့ခေတ်ပြိုင်ဖုန်းတွေအထဲမှာ ကင်မရာအကောင်းဆုံး ဖုန်းအဖြစ် DxOMark အမြင့်ဆုံး ရခဲ့တာကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒီနှစ် Google Pixel 3 နဲ့Pixel 3XL တို့ရဲ့ အပြောင်းအလဲတစ်ခုက လူသုံးများလာတဲ့ notch ကို သုံးပြီး ဘေးဘောင်တွေ ပါးကာ မျက်နှာပြင်ဆိုဒ်ကို ချဲ့လာတာပါ။

ပြောစရာတစ်ခုက notch သုံးတဲ့ flagship တွေထဲမှာ ဒီဖုန်းက ဘောင်အထူဆုံး ဖြစ်ဖို့ရှိပါတယ်။ ဒီနှစ် Google Pixel 3 ဟာ မျက်နှာပြင် ၅.၅ လက်မနဲ့Pixel 3XL ကတော့ ၆.၃ လက်မပါရှိပြီး LG ရဲ့ P-OLED display နည်းပညာသစ်ကြောင့် ထူးခြားသားနားတဲ့ display အတွေ့အကြုံကို ပေးနိုင်မှာပါ။

အဆင့်မြင့်ဖုန်းတွေဖြစ်တဲ့အတိုင်း Snapdragon 845 သုံးတာ မှန်ပေမယ့် RAM ကတော့ 4GB ပဲ ပါရှိပါတယ်။ storage ကတော့ 64GB နဲ့128GB နှစ်မျိုးပဲ ထွက်ထားပါတယ်။  ထူးခြားတာက လုံခြုံရေးနည်းပညာတစ်ခုကို chip အနေနဲ့ထည့်သွင်းထားတာပါ။ Titan M ဆိုတဲ့ security chip ဟာ ဖုန်းထဲ ဝင်လာတဲ့ login စနစ်များ ၊ disk encryption နဲ့app ထဲက အချက်အလက်များကို လုံခြုံအောင် ကာကွယ်ပေးပြီး OS စနစ်နဲ့ချိန်သားကိုက်ညှိပေးနေမှာပါ။

ကင်မရာစနစ်မှာ ဖုန်းနှစ်လုံးစလုံးက အတူတူပါပဲ။ ကျောဘက်မှာ 12.2MP တစ်လုံးတည်းသုံးထားပြီး ခေတ်ပေါ် dual cameras စနစ်ကို တတိယမျိုးဆက် စမတ်ဖုန်းတွေအထိ Google ဟာ ဆက်လက်ငြင်းဆန်ထားပါတယ်။

 

စိတ်ဝင်စားစရာက ရှေ့ဘက်မှာ 8MP ကင်မရာနှစ်လုံး စပြီး သုံးပြလိုက်တာပါပဲ။ တစ်လုံးက ဆယ်လ်ဖီဆွဲရာမှာ ဘေးမြင်ကွင်းတွေ ပါနိုင်သမျှ ပါအောင် ပံ့ပိုးပေးမယ့် မြင်ကွင်းကျယ် ကင်မရာစနစ်ဖြစ်ပြီး AI အဆင့်မြှင့်တင်ချက်တွေနဲ့ကင်မရာစွမ်းရည်ကို အဆင့်မြှင့်တင်ထားပါတယ်။

Samsung ရဲ့ နာမည်ကြီး Galaxy Note 9 မှာ လိုပဲ ပုံတွေအများကြီးကနေ အကောင်းဆုံး ပုံကို ဆွဲထုတ်ပေးမယ့် Top Shot ကင်မရာစနများ ၊ ဖရိမ်အများကြီးနဲ့AI ကို သုံးပြီး zoom မဆွဲရဘဲနဲ့ရှင်းလင်းပြတ်သားတဲ့ ပုံထွက်လာစေမယ့် Super Res Zoom ၊ ပြုံးပြမယ့် အလိုအလို ဆယ်လ်ဖီဆွဲပေးမယ့် Photobooth နဲ့အလင်းအားနည်းချိန်မှာ ပိုကောင်းတဲ့ ပုံ ရစေမယ့် Night Shot သစ်များ ပါဝင်လာပါတယ်။

ဆော့ဖ်ဝဲလ်စနစ်မှာ Google ကနေ နောက်ဆုံး မိတ်ဆက်ထားတဲ့ Android 9 Pie ပါရှိတာကြောင့် physical buttons တွေ ဖြုတ်ပြီး gesture တွေကိုပဲ သုံးသွားပါတယ်။ ဘက်ထရီမှာ Pixel 3 ဟာ 2915mAh ဘက်ထရီနဲ့Pixel 3XL မှာ 3430 mAh ဘက်ထရီတွေ ပါရှိပြီး wireless charging စနစ် ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။

fdsfdsfsdghhh.jpg

Photo: Wired

 

ဈေးနှုန်းအရ Pixel 3 ဟာ အရင်နှစ် Pixel 2 ထက် ဒေါ်လာ ၁၅၀ ပိုများတဲ့ ၇၉၉ ဒေါ်လာ (မြန်မာငွေ ၁၂ သိန်းခွဲခန့်) နဲ့Pixel 3XL ကို ၈၉၉ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုတာကြောင့် Google ဖုန်းတွေထဲမှာ ဈေးအကြီးဆုံး ဆိုပေမယ့် Apple နဲ့Samsung ဖုန်းသစ်တွေရဲ့ ဈေး မမှီသေးပါဘူး။ အာရှဈေးကွက်ထဲကိုတော့ နိုဝင်ဘာလမှ ဖြန့်ချိသွားမှာပါ။

[Zawgyi Version]

တတိယမ်ိဳးဆက္ Google Pixel ဖုန္းေတြဟာ မ်က္ႏွာျပင္အၾကီးစားနဲ ့အေကာင္းဆံုး ကင္မရာမ်ား ပါဝင္လာတဲ့ ဖုန္းေတြအျဖစ္ ျမင္ရျပီ ျဖစ္ပါတယ္။

Photo: channel news asia

 

နယူးေယာ့ခ္မွာ က်င္းပခဲ့တဲ့ မိတ္ဆက္ပဲြမွာ Google ဟာ Pixel 3 series ေတြကို ကမၻာ့အေကာင္းဆံုး ကင္မရာစနစ္နဲ ့ဒီဇိုင္းထုတ္ထားျပီး အေထာက္အကူအျဖစ္ဆံုး ဖုန္းျဖစ္ေအာင္ ထြင္ထားတာျဖစ္တယ္လို ့Google ရဲ့ hardware အၾကီးအကဲ ရစ္ခ္ေအာ္စတာေလာ့ခ်္က အာမခံေျပာၾကားခဲ့တာက စိတ္ဝင္စားစရာပါ။

အရင္ႏွစ္က Google Pixel 2 ဟာ single lens ပဲ သံုးထားခဲ့ေပမယ့္ သူနဲ ့ေခတ္ျပိဳင္ဖုန္းေတြအထဲမွာ ကင္မရာအေကာင္းဆံုး ဖုန္းအျဖစ္ DxOMark အျမင့္ဆံုး ရခဲ့တာကို သတိျပဳရမွာ ျဖစ္ပါတယ္။ ဒီႏွစ္ Google Pixel 3 နဲ ့Pixel 3XL တို ့ရဲ့ အေျပာင္းအလဲတစ္ခုက လူသံုးမ်ားလာတဲ့ notch ကို သံုးျပီး ေဘးေဘာင္ေတြ ပါးကာ မ်က္ႏွာျပင္ဆိုဒ္ကို ခ်ဲ ့လာတာပါ။

ေျပာစရာတစ္ခုက notch သံုးတဲ့ flagship ေတြထဲမွာ ဒီဖုန္းက ေဘာင္အထူဆံုး ျဖစ္ဖို ့ရိွပါတယ္။ ဒီႏွစ္ Google Pixel 3 ဟာ မ်က္ႏွာျပင္ ၅.၅ လက္မနဲ ့Pixel 3XL ကေတာ့ ၆.၃ လက္မပါရိွျပီး LG ရဲ့ P-OLED display နည္းပညာသစ္ေၾကာင့္ ထူးျခားသားနားတဲ့ display အေတြ ့အၾကံဳကို ေပးႏိုင္မွာပါ။

အဆင့္ျမင့္ဖုန္းေတြျဖစ္တဲ့အတိုင္း Snapdragon 845 သံုးတာ မွန္ေပမယ့္ RAM ကေတာ့ 4GB ပဲ ပါရိွပါတယ္။ storage ကေတာ့ 64GB နဲ ့128GB ႏွစ္မ်ိဳးပဲ ထြက္ထားပါတယ္။  ထူးျခားတာက လံုျခံဳေရးနည္းပညာတစ္ခုကို chip အေနနဲ ့ထည့္သြင္းထားတာပါ။ Titan M ဆိုတဲ့ security chip ဟာ ဖုန္းထဲ ဝင္လာတဲ့ login စနစ္မ်ား ၊ disk encryption နဲ ့app ထဲက အခ်က္အလက္မ်ားကို လံုျခံဳေအာင္ ကာကြယ္ေပးျပီး OS စနစ္နဲ ့ခ်ိန္သားကိုက္ညိွေပးေနမွာပါ။

ကင္မရာစနစ္မွာ ဖုန္းႏွစ္လံုးစလံုးက အတူတူပါပဲ။ ေက်ာဘက္မွာ 12.2MP တစ္လံုးတည္းသံုးထားျပီး ေခတ္ေပၚ dual cameras စနစ္ကို တတိယမ်ိဳးဆက္ စမတ္ဖုန္းေတြအထိ Google ဟာ ဆက္လက္ျငင္းဆန္ထားပါတယ္။

 

စိတ္ဝင္စားစရာက ေရွ ့ဘက္မွာ 8MP ကင္မရာႏွစ္လံုး စျပီး သံုးျပလိုက္တာပါပဲ။ တစ္လံုးက ဆယ္လ္ဖီဆဲြရာမွာ ေဘးျမင္ကြင္းေတြ ပါႏိုင္သမွ် ပါေအာင္ ပံ့ပိုးေပးမယ့္ ျမင္ကြင္းက်ယ္ ကင္မရာစနစ္ျဖစ္ျပီး AI အဆင့္ျမွင့္တင္ခ်က္ေတြနဲ ့ကင္မရာစြမ္းရည္ကို အဆင့္ျမွင့္တင္ထားပါတယ္။

Samsung ရဲ့ နာမည္ၾကီး Galaxy Note 9 မွာ လိုပဲ ပံုေတြအမ်ားၾကီးကေန အေကာင္းဆံုး ပံုကို ဆဲြထုတ္ေပးမယ့္ Top Shot ကင္မရာစနမ်ား ၊ ဖရိမ္အမ်ားၾကီးနဲ ့AI ကို သံုးျပီး zoom မဆဲြရဘဲနဲ ့ရွင္းလင္းျပတ္သားတဲ့ ပံုထြက္လာေစမယ့္ Super Res Zoom ၊ ျပံဳးျပမယ့္ အလိုအလို ဆယ္လ္ဖီဆဲြေပးမယ့္ Photobooth နဲ ့အလင္းအားနည္းခ်ိန္မွာ ပိုေကာင္းတဲ့ ပံု ရေစမယ့္ Night Shot သစ္မ်ား ပါဝင္လာပါတယ္။

ေဆာ့ဖ္ဝဲလ္စနစ္မွာ Google ကေန ေနာက္ဆံုး မိတ္ဆက္ထားတဲ့ Android 9 Pie ပါရွိတာေၾကာင့္ physical buttons ေတြ ျဖဳတ္ျပီး gesture ေတြကိုပဲ သံုးသြားပါတယ္။ ဘက္ထရီမွာ Pixel 3 ဟာ 2915mAh ဘက္ထရီနဲ ့Pixel 3XL မွာ 3430 mAh ဘက္ထရီေတြ ပါရိွျပီး wireless charging စနစ္ ပံ့ပိုးႏိုင္မွာ ျဖစ္ပါတယ္။

Photo: Wired

 

ေစ်းႏႈန္းအရ Pixel 3 ဟာ အရင္ႏွစ္ Pixel 2 ထက္ ေဒၚလာ ၁၅၀ ပိုမ်ားတဲ့ ၇၉၉ ေဒၚလာ (ျမန္မာေငြ ၁၂ သိန္းခဲြခန္ ့) နဲ ့Pixel 3XL ကို ၈၉၉ ေဒၚလာ (ျမန္မာေငြ ၁၄ သိန္းခန္ ့) ေစ်းေတြနဲ ့ေရာင္းခ်သြားမယ္လို ့ဆိုတာေၾကာင့္ Google ဖုန္းေတြထဲမွာ ေစ်းအၾကီးဆံုး ဆိုေပမယ့္ Apple နဲ ့Samsung ဖုန္းသစ္ေတြရဲ့ ေစ်း မမီွေသးပါဘူး။ အာရွေစ်းကြက္ထဲကိုေတာ့ ႏုိဝင္ဘာလမွ ျဖန္ ့ခ်ိသြားမွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs