ZTE ရဲ့ Gaming ဖုန်းသစ်ပါ
Nyein Min Wai

နည်းပညာမြင့် ဖုန်းတွေဟာ ကင်မရာဘက်ကို အားပြုလာချိန်မှာ ZTE ဟာ ထူးခြားတဲ့ စမတ်ဖုန်းသစ် Nubia Red Magic 3 ကို ကြေညာလိုက်ပါတယ်။

Photo:Engadget

         Gaming ဖုန်းဈေးကွက်ထဲမှာ Nubia Red Magic တွေဟာ ဈေးသင့်ပြီး ဆန်းသစ်တဲ့ Specs တွေကြောင့် ထင်ရှားပါတယ်။ Nubia Red Magic 3 မှာလည်း Gaming Smartphone တစ်လုံးရဲ့ ပင်ကိုယ်ဟန်နဲ့ထွက်လာတာ ဖြစ်ပြီး မျက်နှာပြင် ၆.၆၅ လက်မ AMOLED display သုံးထားတာပါ။ ဒီ display ဟာ 90 Hz refresh rate နဲ့touch refresh rate မှာ 240 Hz အထိ ပါရှိပါတယ်။

         ဖုန်း display ဟာ notch မပါတဲ့ ပါးလွှာတဲ့ bezel နဲ့လာပြီး ဘေးနှစ်ဘက်မှာ စတီရီယိုစပီကာတွေ သုံးထားပါတယ်။ နောက်တစ်ချက်က customize လုပ်နိုင်တဲ့ 4D vibration စနစ်နဲ့လာတာပါ။ ကျောဘက်မှာ ခြောက်မြှောင့်ပုံစံ လက်ဗွေစနစ်နဲ့လာပြီး IP55 rating ရေစို ဖုန်တင်ခံမယ့် ဖုန်းလို့ဆိုပါတယ်။ ဖုန်းကိုယ်ထည်ဟာ capacitive trigger ခလုတ်တွေ ပါပြီး ကျောဘက်မှာ RGB LED မြှောင်းလေးတွေ ပါရှိပါတယ်။

         Gaming ဖုန်းဖြစ်တဲ့ အတိုင်း အကြီးစားဂိမ်းတွေကို အကြာကြီး ကစားဖို့အတွက် အအေးပေးစနစ်သုံးတယ်ဆိုပေမယ့် Red Magic 3 ကတော့ ကြေးဝါ အပူခံပိုက်နဲ့အရည်အအေးပေးစနစ်ဖြစ်တဲ့ ဒုတိယမျိုးဆက် ICE liquid cooling နဲ့internal cooling fan တစ်ခု ပါ သုံးသွားတာပါ။ ဒီ cooling fan ကတော့ တစ်မိနစ်ကို အပတ်ရေ ၁၄၀၀၀ အထိ လည်နိုင်ပြီး သီးသန့်အခန်းငယ်နဲ့လာတာပါ။ ပါဝါသုံးစွဲမှုမှာလည်း ဒီ fan ဟာ ၁ နာရီဆက်တိုက်သုံးချိန်မျာတောင် အားသုံးစွဲမှုက ၁% မရှိဘူးလို့ဆိုပါတ်ယ။

Photo: GSMArena

         ဂိမ်းဖုန်းဖြစ်တဲ့အတိုင်း Nubia Red Magic 3 ဟာ ကျောဘက်မှာ dual lens တွေ triple lens တွေ မသုံးဘဲ ကင်မရာတစ်လုံးတည်းကို သုံးသွားပါတယ်။ ထူးခြားတာက 8K video recording ရပြီး ဗွီဒီယိုတွေကို 1920 fps နှုန်းနဲ့ရိုက်နိုင်တာပါ။ သုံးထားတဲ့ ကင်မရာကတော့ 48MP IMP586 sensor နဲ့ရှေ့ဘက်မှာ f/2.0 16MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။

         နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုက 5000mAh ဘက်ထရီအကြီးစားဖြစ်ပြီး Power Deliver စနစ် ပံ့ပိုးထားတဲ့ 27W fast-charging စနစ် နဲ့လာပါတယ်။ Nubia Red Magic 3 ဟာ flagship ဖုန်းဖြစ်တဲ့ အတိုင်း Snapdragon 855 processor ပါရှိပြီး RAM ပမာဏကို 6GB ကနေ 12GB အထိ ထွက်ထားပါတယ်။ Gaming ဖုန်းဖြစ်တာကြောင့် Red Magic Game Space 2.0 စနစ်လိုမျိုး ဂိမ်းကစားမှုကို အကောင်းဆုံး ဖြစ်စေမယ့် လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။

         ဒီဖုန်းကို အမေရိကန် ၊ ကနေဒါ ၊ ယူကေနဲ့ဥရောပဈေးကွက်တွေမှာ လာမယ့် မေလကုန်ပိုင်းမှာ ရောင်းချသွားမှာ ဖြစ်ပြီး တရုတ်မှာတော့ မေလ ၃ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ ဈေးနှုန်းအနေနဲ့RAM 6GB/64GB မော်ဒယ်ကို ၂၈၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခွဲကျော်) ၊ RAM 6GB/128GB storage ကို ၃၁၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၂ သောင်းကျော်) ၊ RAM 8GB/128GB ကို ၃၄၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခန့်) နဲ့RAM 12GB/256GB ကို ၄၂၉၉ ယွမ် (မြန်မာငွေ ၉ သိန်း ၇ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က