အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ

၂၀၁၈ မော်ဒယ် iPhone သစ်ကိုင်တော့မလား။ ဈေးကွက်ထဲရောက်ဖို့ဘာမှ မလိုတော့တဲ့ iPhone XR ကို စောင့်ဝယ်ဖို့အကြံပြုချင်ပါတယ်။

အားလုံးသိတဲ့ အပိုင်း ဒီဖုန်းဟာ ဒီနှစ်ရဲ့ ဈေးအသက်သာဆုံး iPhone တစ်လုံးပါ။ ဒါပေမယ့် ဈေးတစ်ခုတည်းကြောင့် iPhone XR ကို စောင့်ဝယ်ဖို့ပြောတာတော့ မဟုတ်ပါဘူး။

 

(၁) iPhone XS/XS Max နဲ့မှ မကွာတာ

iPhone-XR-vs-iPhone-XS-vs-iPhone-XS-Max.jpg

Photo: wccftech

 

ဖုန်းတစ်လုံးရဲ့ နှလုံးသားက processor ပါ။ ဒီအချက်နဲ့တင် iPhone XR က အမှတ်တွေ အများကြီး ရထားပါတယ်။ သူလည်း Apple ရဲ့ အကောင်းဆုံးနဲ့အမြင့်ဆုံး ဆိုတဲ့ A12 Bionic chip သစ်ကို သုံးသွားတာပါ။

တစ်စက္ကန့်ကို လုပ်ဆောင်ချက်ပေါင်း ၅ ထရီလီယံအထိ ပံ့ပိုးပေးနိုင်တဲ့ A12 chips သစ်ဟာ မျိုးဆက်သစ် Neural Engine စနစ် ပါဝင်သလို graphic ပိုင်းမှာပါ အရင်ကထက် ထက်ဝက်မြန်လာပြီ ဖြစ်ပါတယ်။

iPhone X ထက် ဈေးနည်းပေမယ့် ဖုန်းသုံးရတာ ပိုမြန်ပိုစမတ်ကျတဲ့ iPhone XR က ဝယ်မယ်ဆို မငြင်းချင်စရာပါ။

Photo: businessinsider

 

နောက်ထပ် iPhone XS တို့နဲ့တူတာတွေ အများကြီးပါ။ သူလည်း dual SIM ပါမယ် ၊ ဆော့ဖ်ဝဲလ်မှာလည်း iOS 12 နဲ့ပဲထွက်လာတာ ဖြစ်ပါတယ်။ မှန်ကိုယ်ထည်ဖွဲ့စည်းပုံချင်းလည်း တူသလို wireless charging သွင်းနိုင်တဲ့ ဖုန်းပါ။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက iPhone XR ဟာ iPhone X ထက် အနည်းဆုံး ၂ နာရီကနေ ၃ နာရီအထိ အားပိုခံမယ့် ဖုန်းအဖြစ် ကြေငြာထားတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။

 

(၂) မျက်နှာပြင်အကြီးကြိုက်သလား

apple-event-2018-iphone-xr-4125-1920x1280.jpg

Photo: digitaltrends

 

iPhone XR ဟာ ဒီနှစ်ထွက် iPhone ၃ လုံးမှာ ဒုတိယမြောက် အရွယ်အစား အကြီးဆုံးပါ။ ပြောချင်တာက OLED panel မဟုတ်ပေမယ့် ၆.၁ လက်မ LCD display ဟာ အဆင့်အတန်းမြင့်ပြီး စမတ်ဖုန်းတစ်လုံးအတွက် အလုံလောက်ဆုံး ရုပ်ထွက် ခံစားမှုတွေ ပေးစွမ်းနိုင်မှာပါ။

 

(၃) ကင်မရာပိုင်း

iphone-xr-rear-camera-100771834-large.jpg 

dual camera ပဲ လိုချင်တယ်ဆိုရင်တော့ iPhone XR မှာ မရှာပါနဲ့။ သူ့မှာတော့ ရှေ့မှာ 7MP ကင်မရာတစ်လုံးတည်း သုံးတာ ဆိုပေမယ့် ဒါကပဲ iPhone XS / XS Max တို့နဲ့တစ်ပုံစံတည်းပါ။ iPhone XS/XS Max ရဲ့ ရှေ့ကင်မရာမှာ Depth Control တွေ ၊ Portrait mode တွေ ရသလို iPhone XR မှာလည်း ဒီ feature တွေ သုံးနိုင်ပါတယ်။

ကျောဘက်မှာ single lens သုံးတာဖြစ်လို့iPhone XS / XS Max တို့လို Dual OIS  တို့2x optical zoom တို့တော့ သုံးနိုင်မှာ မဟုတ်ပါဘူး။ dual cameras မပါပေမယ့် သေချာတာကတော့ ကင်မရာစွမ်းရည်မှာ စိတ်ပျက်စရာ ဖြစ်မယ် မထင်ပါဘူး။

 

(၄) ကာလာစုံစုံနဲ့ကိုင်ချင်သလား

5b9967470ce5f539008b6156-1136-852.jpg 

ဒီအချက်မှာ iPhone XR ဟာ အကုန်လုံးထက် သာပါတယ်။ iPhone XS ရော XS Max ပါ ငွေရောင် ၊ မီးခိုးရောင်နဲ့ရွှေရောင် ကာလာ ၃ မျိုးပဲ ပါရှိပါတယ်။ iPhone XR ကတော့ အနက် ၊ အဖြူ ၊ အပြာ ၊ အဝါ ၊ အနီနဲ့သန္တာရောင် ကာလာ ၆ မျိုးထိ ပါလာတာက ကာလာစုံနဲ့iPhone ကိုင်ချင်သူများအတွက် လုံးဝအဆန်းပါပဲ။

 

(၅) ဈေးနှုန်း

2018-iphone-prices.jpg

Photo: macrumors

 

iPhone သစ် ၃ လုံးမှာ ဈေးအနည်းဆုံး ဖုန်းက iPhone XR ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး iPhone XR ဆို ၇၄၉ ဒေါ်လာ (မြန်မာငွေ ၁၁ သိန်း ၆ သောင်းခွဲခန့်) ရှိပြီး 128GB နဲ့256GB ကတော့ ၇၉၉ ဒေါ်လာ (မြန်မာငွေ ၁၂ သိန်းခွဲနီးပါး) နဲ့၈၉၉ ဒေါ်လာ ( မြန်မာငွေ ၁၄ သိန်းနီးပါး) ဈေးတွေနဲ့ရောင်းချသွားမှာပါ။

iPhone XS ကို အနည်းဆုံးကိုပဲ ၉၉၉ ဒေါ်လာ နဲ့iPhone XS Max အနိမ့်မော်ဒယ်ကို ၁၀၉၉ ဒေါ်လာ ဈေးတွေနဲ့စရောင်းသွားမှာ ဖြစ်လို့အနည်းဆုံးဒေါ်လာ ၂၀၀ ကနေ ဒေါ်လာ ၃၀၀ လောက် ကွာနေပါတယ်။

IP67 rating ပါလာလို့ရေလုံ ဖုန်တင်ဒဏ်မှာ အတော်လေး ခံနိုင်ရည်ရှိလာတာကလည်း iPhone XR ကို ရွေးချယ်သင့်တဲ့ အချက်ပါ။ တစ်ခုရှိတာက ဒီဖုန်းကို အောက်တိုဘာလ ၂၆ ရက်နေ့ရောက်မှ ဈေးကွက်ပေါင်း ၅၀ ကျော်ဆီ ရောက်လာမှာ ဖြစ်လို့ဈေးကွက်ထဲ ဖြန့်မယ့်နေ့ကို စောင့်ရဦးမှာ ဖြစ်ပါတယ်။



က္က