Black Shark ရဲ့ အဆက် ဖြစ်ပါတယ်။

Xiaomi ကတော့ တစ်နှစ်တည်းနဲ့ဂိမ်းဖုန်း ၂ မျိုးကို ထူးထူးခြားခြား မိတ်ဆက်ပြီး မိုဘိုင်းလ်ဂိမ်းဈေးကွက်ကို လှုပ်ခတ်စေပြီ ဖြစ်ပါတယ်။



1366_2000 (3).jpg

Photo: xataka

 

Black Shark Technologies နာမည်နဲ့Xiaomi ပိုင် ဂိမ်းကုမ္ပဏီကနေ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းကပဲ Black Shark ဆိုတဲ့ နာမည်နဲ့ဂိမ်းဖုန်းတစ်လုံးကို ပထမဆုံး ပွဲထုတ်ခဲ့တာပါ။

ဒီတစ်ခါ နှစ်ကုန်ပိုင်းအဖြစ် မိတ်ဆက်လိုက်တဲ့ Gaming ဖုန်းကတော့ Black Shark Helo နာမည်နဲ့လာတာ ဖြစ်ပြီး အရင်က LCD display သုံးခဲ့ရာကနေ အခုဆို ပိုပြီး အဆင့်မြင့်တဲ့ Super AMOLED display ကို ပြောင်းလာတာက ထူးခြားမှုလို့ဆိုနိုင်ပါတယ်။

မျက်နှာပြင် ၆.၀၁ လက်မဟာ notch မပါပဲ ရုပ်ထွက်မှာ FHD+ ( 1080 x 2160 pixel) နဲ့လာတာ ဖြစ်ပြီး ဒီဇိုင်းပိုင်း ပိုသားနားလာတာကတော့ အမှန်ပါပဲ။ ကျောဘက်မှာ cutting လုပ်ထားတဲ့ ဒီဇိုင်းဟာ ဂိမ်မာတွေအတွက် ဆန်းသစ်ထွေပြားတဲ့ ဒီဇိုင်းမျိုး ဖြစ်ပြီး ဘောင်နဲ့logo မှာ backlit တွေ ပေးထားပါတယ်။ ဒါပေမယ့် Hardware ပိုင်းအရတော့ သိပ်ပြီး ပြောင်းထားတာ မတွေ့ရပါဘူး။

 

Black Shark Helo ဟာ Snapdragon 845 processor ကို သုံးထားတာပဲ ဖြစ်ပြီး အရင်အတိုင်းပဲ RAM ပမာဏကို 6GB နဲ့8GB နှစ်မျိုး သုံးထားသလို  onboard storage ကို 128GB ပဲ ဆက်သုံးထားပါတယ်။ မတူတာတစ်ခုက တတိယမြောက် မော်ဒယ်အဖြစ် RAM 10 GB နဲ့256GB storage ဗားရှင်း ပါလာတာပါ။ microSD card ပါမပါတော့ မသိရပါဘူး။

ကင်မရာစနစ်ကလည်း Black Shark ကို ကိုင်ဖူးသူတွေအတွက် သိပ်မထူးဆန်းတဲ့ 12MP+ 20MP ကင်မရာအတွဲကို သုံးတာပါ။ ထူးခြားတာက ပင်မကင်မရာ 12MP ဟာ အလင်းဖမ်းရာမှာ ပိုသွက်တဲ့ f/1.75 lens နဲ့လာပြီး ကင်မရာနှစ်လုံးတွဲကို ဒေါင်လိုက်ပုံစံပြောင်းထားတာ ဖြစ်ပါတယ်။ ဒီကင်မရာအောက်မှာ fingerprint ပါရှိပြီး ရှေ့ဘက်မှာ f/2.2 အပါချာနဲ့20MP ကင်မရာ ပါလာပါတယ်။

ဘက်ထရီမှာ Quick Charge 3.0 စနစ်အမြန်အားသွင်းမှု ပါတဲ့ 4000 mAh ဘက်ထရီပဲ ဖြစ်ပြီး MIUI 10 နဲ့လာတဲ့ Android 8.1 Oreo စနစ် ပါရှိမှာ ဖြစ်ပါတယ်။ ဂိမ်းဖုန်းဖြစ်တဲ့အတိုင်း အအေးပေးစနစ် ပါရှိပြီး ဒီတစ်ခါမှာ dual vapor chamber cooling စနစ် နဲ့ထွက်လာတာပါ။

အသံစနစ်ပိုင်းမှာ အားရစရာကောင်းတာက 3D ရှေ့ခြမ်း စပီကာ ၂ ခုနဲ့လာတာ ဖြစ်လို့ဂိမ်းကစားရင်း ဂိမ်းခံစားချက်ကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

Photo: xataka

 

ဈေးနှုန်းကတော့ Black Shark Helo ဟာ အရင်မော်ဒယ်အတိုင်း ဈေးသက်သာတဲ့ နှုန်းထားနဲ့ဖြန့်ချိသွားမှာပါ။ အနိမ့်ဆုံး RAM 6GB မော်ဒယ်ကို ၃၁၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) ကနေ RAM 10GB ကို ၄၁၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲကျော်) ဈေးနဲ့တရုတ်ဈေးကွက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က