ဘေးကင်းစိတ်ချဖို့ပါ ဒီဇိုင်းထုတ်ထားပါတယ်။

ဒီနှစ်ထွက် mid-range ဖုန်းတွေထဲမှာ ဒီလောက်မြန်ဆန်ပြီး စိတ်ချရတဲ့ အားသွင်းစနစ်ပါတဲ့ ဖုန်းက ရှားပါတယ်။



1_1280x853.jpg

Photo: Vivo

 

Vivo V11 ကို နာမည်ကြီးစေတဲ့အချက်တွေထဲမှာ အမြင်သာဆုံးက Halo FullView ဆိုတဲ့ display နည်းပညာသစ်နဲ့in-display fingerprint ပါဝင်တဲ့ အချက်တွေက ထိပ်ဆုံးကပါ။ နောက်ထပ် ပြောမယ်ဆိုရင် AI လုပ်ဆောင်ချက် အဆန်းတွေနဲ့လာတဲ့ ကျောဘက် ထောင်လိုက် dual cameras ၊ 25MP AI ဆယ်လ်ဖီကင်မရာတွေကလည်း ပြောစမှတ်ပြုစရာ ဖြစ်နေပါတယ်။

တကယ်တမ်း ဖုန်းတစ်လုံးရဲ့ အကောင်းဆုံး အပိုင်းတွေထဲမှာ ချန်ထားဖို့မသင့်တာက ဘက်ထရီပါ။ 3400mAh ဘက်ထရီကို သုံးထားတဲ့ Vivo V11 ဟာ Dual-Engine လို့ခေါ်တဲ့ အမြန်အားသွင်းနည်းပညာကို သုံးထားတာကြောင့် အားသွင်းရ အလွန်မြန်ဆန်နေမှာ ဖြစ်ပါတယ်။

Dual-Engine နည်းပညာမှာ အားသွင်းချပ်စ် ၂ ခုနဲ့အားသွင်းတဲ့ ဆားကစ်ပတ်လမ်း ၂ ခုပါဝင်တာကြောင့် အားသွင်းကြိုး တစ်ချောင်းတည်းကနေ လျှပ်စီးကို two-ways အဖြစ် အားသွင်းပေးနိုင်မှာပါ။

ဘက်ထရီအားအဝင်မှာ ၂ ဆမြန်သလို အားသွင်းစဉ် ဘေးကင်းမှုအတွက် Vivo ဟာ safeguard features ၉ မျိုးနဲ့ကာကွယ်မှုပေးထားတာကြောင့် ဘေးကင်းစိတ်ချရမှာ ဖြစ်ပါတယ်။ Vivo ဟာ Super VOOC fast charging နည်းပညာကို ထွင်ထားတဲ့ OPPO နဲ့တစ်ကုမ္ပဏီတည်း ဖြစ်လို့ဘက်ထရီပံပိုးမှု နည်းပညာပိုင်းမှာ အသစ်တွေကို mid-range တွေမှာအထိ ပေါင်းစပ်ထည့်သွင်းပေးနိုင်ပြီ ဖြစ်ပါတယ်။

ဒီစနစ်နဲ့အတူ ပေါင်းစပ်ထားတဲ့ Halo FullView က ဖုန်းရဲ့ အလှနဲ့စွမ်းရည်ကို ပိုမိုကြွစေပါတယ်။ in-display အတွက် Super AMOLED display နည်းပညာကို သုံးထားလို့ကာလာပိုင်းမှာ စုံလင်တိကျများပြားသလို ရေစက်သဏ္ဍာန် Halo display ဒီဇိုင်းသစ်ကြောင့်လည်း ဖုန်းရဲ့ လှပတင့်တယ်မှုက စံယူစရာ ဖြစ်နေမှာပါ။

Photo: Vivo

 

ဖုန်းတစ်လုံးရဲ့ အသက်လို့ဆိုနိုင်တဲ့ performance ပိုင်းအရ ကြည့်မယ်ဆိုရင်လည်း Vivo V11 ဟာ ထိပ်တန်းကျတဲ့ mid-range specs တွေနဲ့ထွက်လာတာ ဖြစ်ပါတယ်။ 2.0GHz Octa-core Snapdragon 660 chipset ၊ RAM 6GB/128GB storage သုံးပြီး မျက်နှာပြင် ၆.၄၁ လက်မအရွယ် ဒီဖုန်းဟာ မကြာခင်မှာ Nebula လို့ခေါ်တဲ့ ပန်းရောင်နဲ့အပြာရောင်ပြေး ကာလာသစ်နဲ့ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က