ဈေးသက်သာတဲ့ dual cameras ဖုန်းပါ

ရုပ်ထွက်ကောင်းပြီး ကျောဘက် နှစ်လုံးတွဲကင်မရာနဲ့ဈေးသင့်တဲ့ Meizu ဖုန်းတစ်လုံးကတော့ Meizu Note 8 ပါပဲ။



xmeizu-note-8-smartphone-1540620606.jpg.pagespeed.ic.jpvSr8LtND.jpg

Photo: gizbot

 

အလတ်တန်းဖုန်း တန်ဖိုးသင့်ဈေးနဲ့ထွက်လာတဲ့ Meizu Note 8 ဟာ Meizu X8 နဲ့ဆင်ပေမယ့် notch မပါတဲ့ ဘောင်ပါးဖုန်းတစ်လုံးအဖြစ် ထွက်လာတာ ဖြစ်ပါတယ်။

မျက်နှာပြင် ၆ လက်မအရွယ် Meizu Note 8 ဟာ Full HD+ display ဖြစ်တဲ့ 1080 x 2160 pixel ကြောင့် အဆင့်အတန်းမြင့်တဲ့ ရုပ်ထွက်စနစ်ကို ပေးစွမ်းနိုင်မှာပါ။ ကိုယ်ထည်ကို 18:9 အချိုးနဲ့ထုတ်ထားပြီး processor ကတော့ 1.8GHz Snapdragon 632 SoC နဲ့လာတာ ဖြစ်ပါတယ်။

Meizu X8 ထက်စာရင် performance အနေနဲ့နိမ့်တယ်ဆိုပေမယ့် ကင်မရာစနစ်က Meizu X8 နဲ့မကွာပါဘူး။ ကျောဘက်မှာ dual PDAF မြင်ကွင်းချိန်စနစ်ပါဝင်တဲ့ 12MP ကင်မရာနဲ့5MP အရန်ကင်မရာ ပါရှိပါတယ်။

ဒီထောင်လိုက် dual cameras တွေနဲ့အတူ ကျောဘက်မှာပဲ fingerprint scanner တစ်ခု တပ်ဆင်ထားပါတယ်။ ရှေ့မှာ 8MP ဆယ်လ်ဖီကင်မရာ သုံးထားပြီး ဒီကင်မရာကနေပဲ မျက်နှာပြင်ဖတ်စနစ်ပါဝင်လို့Face Unlock စနစ် သုံးနိုင်မှာပါ။

ဘက်ထရီပိုင်းမှာ 18W fast charging ပါဝင်တဲ့ 3600 mAh ဘက်ထရီပါရှိပေမယ့် အားသွင်းတဲ့ ပေါက်ကတော့ microUSB port ကနေ လာတာ ဖြစ်ပါတယ်။ Meizu Note 8 ဟာ RAM 4GB/64GB storage တစ်မျိုးတည်းနဲ့လာပြီး OS စနစ်အနေနဲ့Meizu ရဲ့ Flyme ထည့်သွင်းထားတဲ့ Android Oreo စနစ်နဲ့ထွက်ထားပါတယ်။

Photo: 3dnews

 

သတ္ထုကိုယ်ထည် သုံးထားတဲ့ Meizu Note 8 ဟာ အရောင်အနေနဲ့အနက် ၊ အပြာ ၊ ပန်း နဲ့အနီကာလာ ၄ ရောင်နဲ့ထွက်ထားပြီး တရုတ်ဈေးကွက်မှာ ယွမ် ၁၃၀၀ (မြန်မာငွေ ၂ သိန်း ၉ သောင်းခွဲ) ဈေးနှုန်းနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က