Android 9 Pie နဲ့ထွက်လာတာပါ
Nyein Min Wai

တစ်နှစ်ထက် တစ်နှစ် စမတ်ဖုန်းတွေရဲ့ နည်းပညာဆန်းသစ်မှုက အတော်ကြီးကို ခရီးရောက်လာပြီ ဖြစ်ပါတယ်။ နည်းပညာမြင့် စမတ်ဖုန်းရေစီးကြောင်းထဲ အားကောင်းကောင်းနဲ့တရှိန်ထိုး ဝင်ရောက်လာတဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ဖုန်းတစ်လုံးက Huawei Mate 20 series ပါပဲ။

အောက်တိုဘာ ၁၆ ရက်နေ့က လန်ဒန်မှာ မိတ်ဆက်သွားခဲ့တဲ့ Huawei ဖုန်းတွေထဲမှာ အဆန်းပြားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးဖုန်းကို ပြောပါဆိုရင် Huawei Mate 20 Pro ကိုပဲ ညွှန်းရမှာပါ။ ၂၀၁၈ ထွက် flagship ဖုန်းတွေအကြားမှာ Huawei Mate 20 Pro ကို ကွဲပြားစေတဲ့ နည်းပညာ ၅ မျိုးကို မိတ်ဆက်လိုက်ပါတယ်။

(၁) ကြီးမားတဲ့ ကင်မရာစနစ်

huawei_mate_20_pro_leak_wf_1.jpg

Photo: 9to5 Google

 

triple lens ကို စမတ်ဖုန်းတွေအကြားမှာ ပထမဆုံး သုံးပြခဲ့တဲ့ Huawei ကတော့ Mate 20 series သစ်မှာလည်း triple lens ကို ပြန်သုံးသွားတာပါ။ ထူးခြားတာက Huawei ဟာ Leica ထုတ် ကင်မရာတွေကို စတုရန်းကွက် ဒီဇိုင်းနဲ့လာပြီး P20 Pro လိုမျိုး 40MP ၊ 20MP နဲ့3x optical zoom ဆွဲနိုင်မယ့် 8MPp ကင်မရာ သုံးလုံး ပါဝင်ပါတယ်။

ထူးခြားတာက monochrome အဖြူအမည်းကင်မရာမပါဘဲ wide angle နဲ့ultra-wide angle lens နှစ်ခု ပါဝင်လာပါတယ်။ ကျောဘက် ကင်မရာ ၃လုံးစလုံးဟာ laser , phase နဲ့contrast focus စတဲ့ auto focus စနစ်တွေ ပါဝင်သလို AI နဲ့တွဲဖက်တဲ့ ပုံရိပ်ငြိမ်စနစ် ဖြစ်တဲ့ AIS စနစ်လည်း ပါဝင်ပါတယ်။ နောက်တစ်ခုက AI ကို ကင်မရာပိုင်းမှာ တင်းပြည့်ကျပ်ပြည့် သုံးထားလို့ကင်မရာ lens တွေကို လိုသလို ပြောင်းပြီး အကောင်းဆုံး ပုံထွက်အောင် ပ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

 

(၂) Kirin 980 ကို ပထမဆုံး သုံးလာခြင်း

Kirin-980.jpg

Photo: androidguys

 

Huawei ရဲ့ ပထမဆုံး 7nm process နဲ့အကျစ်လစ်ဆုံး ၊ စွမ်းအင်အမြင့်ဆုံး processor ပါ။ အရင်နှစ်က ထွက်ထားတဲ့ Kirin 970 SoC ထက် ပါဝါစီမံစနစ်မှာ ၄၀% ပိုသာသလို ၂၀% ပိုမြန်လာပါတယ်။ ဂရပ်ဖစ်လုပ်ဆောင်ချက်မှာဆို ၄၆% ပိုသွက်တဲ့ processor ဖြစ်ပါတယ်။

ဒီ processor အတွက် Huawei ဟာ ၃ နှစ်ကျော် အချိန်ယူထားတာ ဖြစ်ပြီး Apple A12 Bionic လိုပဲ ထရန်စစ္စတာ ၆.၉ ဘီလျံ နဲ့ဖွဲ့စည်းထားတာပါ။  ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာဆို Kirin 980 ဟာ 1.4Gbps မြန်နှုန်းအထိ ဒေါင်းလုပ်ချနိုင်မယ့် ချပ်စ်ဖြစ်တယ်လို့Huawei က ထုတ်ပြန်ထားပါတယ်။

 

(၃) In-display လက်ဗွေစနစ်နဲ့အဆင့်မြင့် ဇီဝလုံခြုံရေးနည်းပညာများ

Huawei-2.png

Photo: channel news

 

Huawei Mate 20 Pro မှာ စိတ်ဝင်စားစရာတစ်ခုက in-display fingerprint sensor ထည့်သွင်းလာတာ ဖြစ်ပါတယ်။ မှန်ပြင်အောက် လက်ဗွေစနစ်ကို အရင်ဆုံး သုံးတာမဟုတ်ပေမယ့် Huawei အနေနဲ့ဒီ biometric နည်းပညာဆန်းသစ်မှုကို မငြင်းတာက စိတ်ဝင်စားစရာပါ။ in-display လက်ဗွေသုံးနိုင်ဖို့Huawei ဟာ Mate 20 Pro မှာ အဆင့်မြင့် display နည်းပညာဖြစ်တဲ့ OLED display ကို သုံးထားပါတယ်။

နောက်ထပ် နည်းပညာတစ်ခုက အနီအောက်ရောင်ခြည်နဲ့3D Face Unlock ဖွင့်နိုင်တဲ့ စနစ် ပါဝင်တာ ဖြစ်ပါတယ်။ ဒီ feature ဟာ 20MP RGB Sensor ၊ dot projector ၊ TOF proximity sensor ၊ flood illuminator နဲ့IR ကင်မရာတွေ ပါဝင်ပြီး Mate 10 Pro ရဲ့ Face Unlock ထက် အနည်းဆုံး ၃၀% ပိုမြန်မယ်လို့ဆိုပါတယ်။

 

(၄) မထင်လောက်အောင် မြန်ဆန်ထူးခြားတဲ့ အားသွင်းနည်းပညာများ

Wirless-Charging.jpg

Photo: androidguys

 

ဘက်ထရီနဲ့အားသွင်းစနစ်တွေက ဒီဖုန်းမှာ ဆွဲဆောင်မှုအရှိဆုံး feature တစ်ခုပါ။ 4200 mAh ဘက်ထရီပါဝါသုံး Huawei Mate 20 Pro ဟာ 40W ထွက်တဲ့ Super Charge အမြန်အားသွင်းနည်းပညာကြောင့် အားလုံးဝ မရှိတဲ့ အနေအထားကနေ ၇၀% ရောက်ဖို့နာရီဝက်တည်းနဲ့သွင်းနိုင်မှာ ဖြစ်ပါတယ်။

wireless charging ရတဲ့ ဒီဖုန်းဟာ 15W Wireless charging နဲ့တစ်ခြား Qi Standard ကြိုးမဲ့အားသွင်းစနစ် ပါတဲ့ ဖုန်းတွေကို အားပြန်သွင်းပေးနိုင်တဲ့ reverse wireless charging နည်းပညာသစ်လည်း ပါရှိပါတယ်။

 

(၅) စပီကာအဖြစ် သုံးနိုင်တဲ့ USB C port

Huawei-Mate-20-hands-on-07-840x560.jpg

Photo: Android Authority

 

ဒီ feature ကတော့ ဒီနေ့အထိ ဘယ်အန်းဒရိုက်ဖုန်းမှာမှ မမြင်ဖူးသေးတဲ့ feature ဆန်းပါ။ ပုံမှန်အားဖြင့် USB Type C port ကို ဖုန်းအားသွင်းဖို့နဲ့ဒေတာ ကူးဖို့သုံးပြီး တစ်ချို့ဖုန်းတွေမှာ သီချင်းနားထောင်ဖို့သုံးတာ ဖြစ်ပေမယ့် Huawei Mate 20 Pro ကတော့ loud speaker အဖြစ်ပါ သုံးလိုက်တာ ဖြစ်ပါတယ်။

IP68 rating ရေစိုခံဖုန်းအဖြစ် ထွက်လာတဲ့ Huawei Mate 20 Pro ရဲ့ 6GB/128GB ဗားရှင်းကို ၁၀၄၉ ယူရို (မြန်မာငွေ ၁၉ သိန်းခွဲနီးပါး) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။ ဒီဖုန်းကို မကြာခင် ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်သွားမှာ ဖြစ်လို့ဒီဈေးနဲ့တန်တဲ့ ဖုန်းဟုတ်မဟုတ်ဆိုတာ မကြာခင် သိရမှာပါ။


Author


က္က