fingerprint scanner နှစ်ခုလည်း ပါဝင်ပါတယ်။
Nyein Min Wai

ဖုန်းတစ်လုံး display နှစ်ခုဆိုတာ မြင်ရခဲပါတယ်။အရင်နှစ်က Meizu Pro 7 စီးရီးက ပထမဆုံး မိတ်ဆက်ခဲ့ပြီးနောက် Nubia က ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ dual display ဒီဇိုင်းသစ်နဲ့ဖုန်းသစ်တစ်လုံးကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

zte-nubia-x-678_678x452.png

Photo: anandtech

 

ZTE ရဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Nubia ဟာ Nubia X နာမည်နဲ့မှန်ပြင်နေရာယူမှုမှာ အမြင့်ဆုံးအဖြစ် သတ်မှတ်ထားတဲ့ ၉၃.၆% အထိ ရှိတဲ့ ရှေ့display နဲ့ကျောဘက် အရန် display ဆိုပြီး display နှစ်မျိုးနဲ့လာတာပါ။

ထူးခြားတာက ရှေ့display ဟာ IPS LCD display သုံးပြီး ကျောဘက်မှာက OLED panel နဲ့ထွက်လာတာ ဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းမှာတော့ LCD display က FHD+ (1080 x 2280 pixel) ရုပ်ထွက်ပါရှိပြီး ကျောဘက် OLED panel ကတော့ 1520 x 720 pixel ပဲ ပါလာမှာပါ။

Nubia X ဟာ ရှေ့ဘက် ၆.၂၆ လက်မ display နဲ့ကျောဘက် ၅.၁ လက်မ display သုံးထားပြီး Qualcomm ရဲ့ အဆင့်မြင့် SoC ဖြစ်တဲ့ Snapdragon 845 Processor ကိုမှ RAM 6GB နဲ့8GB ဗားရှင်း နှစ်မျိုးနဲ့ထွက်လာတာ ဖြစ်ပါတယ်။ MicroSD card သုံးလို့မရဘဲ onboard storage အနေနဲ့64GB / 128GB နဲ့56GB သုံးမျိုးထွက်ထားပါတယ်။ ရှေ့မှန်ပြင်တစ်ခြမ်းလုံးမှာ ကင်မရာအတွက် နေရာမထားလို့selfie ရိုက်လို့မရတော့ပါဘူး။

 

တကယ်လို့ဆယ်လ်ဖီဆွဲမယ်ဆိုရင်တော့ ကျောဘက်မှာ ပါတဲ့ dual camera နဲ့secondary screen မှာ ဆွဲနိုင်မှာပါ။ ဒီအတွက် Nubia X ဟာ dual-LED flash ပါတဲ့ 24MP ကင်မရာနဲ့16MP ကင်မရာနှစ်လုံးကို သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ Nubia X ဟာ 3800 mAh ဘက်ထရီဖြစ်ပြီး Quick Charge 3.0 အားသွင်းနည်းပညာနဲ့USB Type C port ကနေ အားသွင်းနိုင်မှ ဖြစ်ပါတယ်။

ဒီဖုန်းမှာ စိတ်ဝင်စားစရာကောင်းတစ်ခုက ဖုန်းကိုယ်ထည်ဘေးနှစ်ဘက်မှာ fingerprint scanner တစ်ခုစီ ထည့်သွင်းထားတာ ဖြစ်လို့ဖုန်းကို lock ဖွင့်ဖို့အတွက် ဒီလက်ဗွေနှစ်ခုထဲက တစ်ခုနဲ့unlock လုပ်နိုင်မှာပါ။ ဒါတင်မဟုတ်ဘဲ fingerprint ခလုတ်တွေဟာ home နဲ့back ခလုတ်တွေလိုလည်း အလုပ်လုပ်နိုင်မှာ ဖြစ်လို့အတော်လေး လန်းတယ်လို့ဆိုရမှာပါ။

3.5mm audio jack မပါတော့တဲ့ ဒီဖုန်းဟာ Nubia ရဲ့ UI 6.0.2 ပါတဲ့ Android 8.1 Oreo စနစ်သုံးထားပါတယ်။အရောင်အနေနဲ့မီးခိုးရင့် ၊ ရွှေအနက်စပ် နဲ့အပြာကာလာတွေနဲ့ထွက်လာမှာ ဖြစ်ပါတယ်။

ZTE-Nubia-X-6-740x473.jpg

Photo: wccftech

 

Nubia X အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB မော်ဒယ်ကို ၃၂၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၆ သောင်းခန့်) ၊ RAM 8GB/128GB မော်ဒယ်ကတော့ ၃၆၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခွဲ) နဲ့RAM 8GB/256GB ဗားရှင်းကိုတော့ ၄၁၉၉ ယွမ် (မြန်မာငွေ ၉ သိန်း ၇ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


က္က