Kirin 980 နဲ့လာတာပါ

Huawei ကတော့ တစ်လထဲနဲ့ရင်သပ်ရှုမောလောက်တဲ့ ဖုန်းနှစ်မျိုးကို မိတ်ဆက်လိုက်တာပါ။ Honor Magic 2 ကတော့ ပိုပြီးတောင် ထူးခြားနေပါတယ်။



Honor-Magic-2-Slider.jpg

Photo: xda-developers

 

Honor Magic 2 ရဲ့ မြင်မြင်ချင်းဖမ်းစားနိုင်တဲ့အပိုင်းက ဒီဇိုင်းပါ။ ကျောဘက်ကကြည့်ရင် Huawei P20 Pro စတိုင် ထောင်လိုက် triple lens သုံးထားပြီး တောက်ပသားနားတဲ့ glass body နဲ့ရှေ့ဘက်မှာ ဘောင်မပါတော့သလောက် bezel ပါးသွားတာက အတော်လေးကို ဆန်းပြားနေပါတယ်။ အဲသလို ဖြစ်စေဖို့အတွက် Honor Magic 2 ဟာ slider camera စနစ်ကို သုံးသွားတာပါ။

လက်နဲ့တွန်းလိုက်တာနဲ့ဖုန်းနှစ်ခြမ်းဖြစ်သွားပြီး ကင်မရာတွေ မြင်ရလို့slider မှ တကယ့် slider ဖုန်းစစ်စစ်လို့ပြောရမှာပါ။ slider စနစ်နဲ့အတူ နောက်ထပ် အံအားသင့်စရာက ရှေ့ဘက် triple lens နောက်ဘက် triple lens တွေ သုံးလို့ကင်မရာ ၆ လုံးအထိ လန့်လောက်အောင် သုံးပြသွားတာ ဖြစ်ပါတယ်။ bezel ကို ဖျောက်နိုင်သလောက် ပါးပြီး ဖျောက်ထားတာ ဖြစ်လို့မှန်ပြင်နေရာယူမှုအရ ဖုန်းလောကမှာ ဒီထက် မှန်ပြင်ပြည့်တဲ့ ဖုန်း ရှိမယ်မထင်ရပါဘူး။

မျက်နှာပြင် ၆.၄ လက်မ FHD+ OLED display နဲ့လာတဲ့ Honor Magic 2 ဟာ Honor ဖုန်းတွေထဲမှာ ပထမဆုံး မှန်ပြင်အောက်လက်ဗွေစနစ် ပါလာတဲ့ ဖုန်းဖြစ်ပြီး Huawei Mate 20 series တွေလို နောက်ဆုံးထွက် အဆင့်မြင့်ဆုံး Kirin 980 SoC ကို သုံးထားပါတယ်။

 

စိတ်လှုပ်ရှားစရာတစ်ခုက storage အနေနဲ့512GB အထိ ကို ထည့်သွင်းထားတာပါ။ RAM 6GB နဲ့8GB နှစ်မျိုး ပါရှိပြီး သုံးထားတဲ့ 3400 mAh ဘက်ထရီဟာ Huawei ရဲ့ Super fast 40W အားသွင်းနည်းပညာကြောင့် ၁၅ မိနစ်အားသွင်းတာနဲ့၅၀% အားဝင်မှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံး ကင်မရာ ၆ လုံး သုံးတဲ့ ဒီဖုန်းဟာ ကျောဘက်မှာ 16MP ultra-wide angle ကင်မရာ နှစ်လုံးနဲ့24MP အဖြူအမည်းကင်မရာတစ်လုံး ပါရှိပါတယ်။ ရှေ့ဘက်မှာတော့ 16MP ကင်မရာဟာ 2MP ကင်မရာနှစ်လုံးနဲ့တွဲဖက်ပြီး 3D Face Unlock လည်း သုံးနိုင်မှာပါ။

Magic 2 ရဲ့ အမြင့်ဆုံး RAM 8GB/512GB မော်ဒယ်မှာဆို အလင်းနဲ့ပုံဖော်တဲ့ 3D ဇီဝအာရုံခံနည်းပညာဖြစ်တဲ့ 3D Photosensitive Edition ကို သုံးထားတယ်လို့ဆိုပါတယ်။

ကွန်ရက်ချိတ်ဆက်မှုမှာ အားရစရာတစ်ခုက တည်နေရာပြစနစ်မှာ တိကျမှုအမြင့်ဆုံးဖြစ်တဲ့ dual-band GPS စနစ် နဲ့Bluetooth 5 စနစ်များနဲ့Huawei ရဲ့ Virtual Assistant နည်းပညာ ဖြစ်တဲ့ Yoyo လည်း ပါရှိလာပါတယ်။

မှန်ကိုယ်ထည်နဲ့လာပေမယ့် wireless charging မပါတာ ၊ 3.5mm headphone jack ဖြုတ်တာကတော့ စိတ်မကောင်းစရာပါပဲ။ တစ်ခုရှိတာက Mate 20 အတိုင်း EMUI 9.0 ထည့်သွင်းထားတဲ့ Android 9 Pie နဲ့လာတာက သတင်းးကောင်းလို့ဆိုရမှာပါ။

Photo: GSMArena

 

Honor Magic 2 ဟာ အပြာ ၊ အနက် ၊ အနီကာလာတွေနဲ့ထွက်ထားပြီး အနိမ့်ဆုံး RAM 6GB/128GB ဗားရှင်းကို ၃၇၉၉ ယွမ် (မြန်မာငွေ ၈ သိန်း ၈ သောင်းခန့်) ၊ RAM 8GB/128GB ကို ၄၂၉၉ ယွမ် (မြန်မာငွေ ၉ သိန်း၉ သောင်းခွဲ) နဲ့RAM 8GB/256GB ဗားရှင်းကို ၄၇၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။ အမြင့်ဆုံး RAM 8GB/512GB ဗားရှင်းကတော့ နောက်လထဲရောက်မှ ဈေးသိရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က