headphone jack ပေါက်မပါတော့ပါဘူး
Nyein Min Wai

အနည်းဆုံး မြန်မာငွေ ၄ သိန်းခွဲကျော်ကျော်ဈေးနဲ့ထွက်လာပေမယ့် Lenovo Z5 Pro ဟာ လက်ရှိဖုန်းတွေထဲမှာ မှန်ပြင်နေရာယူမှု အမြင့်ဆုံးလို့ပြောနိုင်ပါတယ်။

1538102393_screen_shot_2018-09-27_at_7.24.27_pm.jpg

Photo: Neowin

 

manual slider ဖုန်းတွေကို Lenovo Z5 Pro မတိုင်ခင် Xiaomi Mi Mix 3 နဲ့Honor Magic 2 တို့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့် ဈေးနှုန်းအရ Lenovo Z5 Pro ထက် နှစ်ဆလောက် ပိုများနေတာပါ။ ဒီဖုန်းမတိုင်ခင် ပြီးခဲ့တဲ့ ဇွန်လထဲမှာ Lenovo Z5 ကို မိတ်ဆက်ခဲ့ပေမယ့် Pro မော်ဒယ်ကတော့ ရိုးရိုး Lenovo Z5 နဲ့လုံးလုံးလျားလျားကို ကွဲပြားနေပါတယ်။

မှန်ပြင်ပြည့်ဖုန်းအဖြစ် ထွက်လာတဲ့ Xiaomi Mi Mix 3 နဲ့Honor Magic 2 တို့မှာ screen/body အချိုးအနေနဲ့၉၃.၄% နဲ့၉၁.၅% ပဲ ရှိထားတာပါ။ Lenovo Z5 Pro မှာတော့ မှန်ပြင်နေရာယူမှုက ရှေ့ခြမ်း panel ရဲ့ ၉၅.၀၆% ရှိတာ ဖြစ်လို့all-screen ဖုန်းမှ ကိုုင်ချင်သူတွေအတွက် မျက်စိကျစရာ ဖြစ်နေပါတယ်။

Lenovo Z5 Pro ရဲ့ နောက်ထပ်အားသာချက်တစ်ခုက မျက်နှာပြင် ၆.၃၉ လက်မ AMOLED display အောက်မှာ လက်ဗွေဖတ်စနစ် ထည့်မြှပ်ထားတာပါ။ in-display fingerprint ကို အလတ်တန်းဖုန်းတစ်လုံးမှာ သုံးနိုင်တာကပဲ ၂၀၁၈ စမတ်ဖုန်းဈေးကွက်ရဲ့ ထူးခြားတဲ့ အပြောင်းအလဲတစ်ခုလို့ပြောနိုင်ပါတယ်။

slider ကင်မရာစနစ်နဲ့လာတဲ့ Lenovo Z5 Pro ဟာ ကင်မရာ ၄ လုံး သုံးသွားပါတယ်။ ရှေ့ဘက် dual cameras (16MP+8MP) နဲ့ကျောဘက် dual cameras (16MP+24MP) တွေပါ။ ကျောဘက် dual cameras တွေဟာ ညမြင်ကွင်းတွေ ရိုက်ဖို့အတွက် AI Super Night Scene mode နဲ့AI Super Video Shooting တွေ ပါဝင်လာပြီး ရှေ့ကင်မရာတွေကတော့ IR Face recognition နည်းပညာတွေ သုံးနိုင်မှာ ဖြစ်ပါတယ်။

Lenovo Z5 Pro ဟာ mid-range မော်ဒယ်ဖြစ်တဲ့အတိုင်း mid-range processor ဖြစ်တဲ့ Snapdragon 710 Processor နဲ့လာပြီး RAM 6GB နဲ့အတူ storage 64GB နဲ့128GB နှစ်မျိုး ပါရှိမှာပါ။ Honor Magic 2 နဲ့ဆင်တဲ့ တစ်ချက်က ဒီဖုန်းမှာ headphone jack ပေါက် မပါတော့တာပါပဲ။ OS စနစ်အနေနဲ့ZUI 10.o နဲ့လာတဲ့ Andorid Oreo သုံထားပြီး ဘက်ထရီကတော့ 3350 mAh ဘက်ထရီပါ။

Lenovo-Z5-Pro.jpg

Photo: 9to5Google

 

Lenovo Z5 Pro ကို အနိမ့်ဆုံးဈေး ၁၉၉၈ ယွမ် (မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) ကနေ 128GB ဗားရှင်းကို ၂၂၉၈ ယွမ် (မြန်မာငွေ ၅ သိန်း ၃ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမှာ စြဖ်လို့မှန်ပြင်အောက်လက်ဗွေနည်းပညာ နဲ့လာတဲ့ slider ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးလို့ပြောရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က