AI features ဆန်းတွေ ပါဝင်ပါတယ်။
Nyein Min Wai

စမတ်ဖုန်းတစ်လုံးဟာ အမှတ်တရတွေကို အလှပဆုံးနဲ့အသပ်ရပ်ဆုံး ဖော်ညွှန်းနိုင်မှသာ အဓိပ္ပါယ်ပြည့်ဝနေမှာပါ။ Vivo V11 ကတော့ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ကို အလှပဆုံး ပုံဖော်ပေးဖို့AI Cameras စနစ်တွေနဲ့ထွက်လာပါပြီ။

maxresdefault.jpg

Photo: Vivo

 

"ဆန်းသစ်မှုဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးအရာ" ဆိုတဲ့ Vivo ရဲ့ ခံယူချက်ကို Vivo V11 မှာ မြင်သာပါတယ်။ ဒီဇိုင်းပိုင်းမှာ 3D Curved body ၊ Halo Full View စတိုင်သစ်နဲ့အတူ Starry Night နဲ့Nebula ရောင်ပြေးကာလာဆန်းတွေသုံးထားတဲ့ Vivo V11 ဟာ Vivo V series တွေထဲမှာ ပထမဆုံး in-display Fingerprint scanning နည်းပညာပါလာပါတယ်။ Vivo V11 ရဲ့ နောက်ထပ် highlight feature တစ်ခုက AI features အစုံနဲ့ထွက်လာတဲ့ AI Camera ပါပဲ။

Vivo V11 ဟာ ကျောဘက်မှာ ထောင်လိုက် 12MP + 5MP dual cameras တွေ ပါရှိပြီး ပင်မ 12MP ကင်မရာဟာ အလင်းအာရုံခံမှုစနစ် မြင့်မားစေဖို့အတွက် အာရုံခံ unit ပေါင်း ၂၄ သန်းနဲ့Dual Pixel Sensors တွေကို အဆင့်မြင့်တင်ထားတာပါ။ ဒီ 12MP ကင်မရာမှာပဲ DSLR စံချိန်မီ Dual Pixel Autofocus နည်းပညာပါတာကြောင့် မြင်ကွင်းတစ်ခုကို ဝ.၀၃ စက္ကန့်အတွင်း focus ချိန်နိုင်မှာ ဖြစ်ပါတယ်။

AI Camera ဆိုတဲ့အတိုင်း Vivo V11 ဟာ ပိုပြီး အသေးစိတ်တိကျမှုရှိတဲ့ ပုံတွေ ထွက်စေဖို့ဖရိမ်တွေ အများကြီး ဖမ်းယူမယ့် AI Algorithms တွေ သုံးထားတဲ့ AI Low Light Mode နဲ့AI Backlight HDR နည်းပညာများ ပါဝင်လာပါတယ်။ ဒီနည်းပညာတွေကြောင့် ဓါတ်ပုံရုပ်ထွက် ကောင်းကောင်း ထွက်အောင် ရိုက်ရခက်တဲ့ နေဝင်ဆည်းဆာလို အချိန်မျိုးမှာတောင် သားနားတိကျတဲ့ ရုပ်ထွက်မြင့်ပုံတွေ ရိုက်ကူးနိုင်စေမှာပါ။

နောက်ထပ် AI ဓါတ်ပုံစနစ်တစ်ခုက မြင်ကွင်းအမျိုးမျိုး ၊ အရာဝတ္ထုအမျိုးမျိုးကို သိရှိနိုင်ပြီး အထူးကောင်းမွန်တဲ့ ပုံထွက်စေဖို့ပံ့ပိုးပေးနိုင်တဲ့ AI Scene Recognition နည်းပညာများ ပါဝင်လာပါတယ်။

ရှေ့မှာ သုံးထားတဲ့ 25MP selfie ကင်မရာမှာ ဆယ်လ်ဖီဝါသနာအိုးများအတွက် ကင်မရာကလစ်တစ်ချက်ကို အကောင်းဆုံး ပုံထွက်စေဖို့အတွက် သုံးထားတဲ့ နည်းပညာတစ်ခုက AI Face Shaping လို့ခေါ်တဲ့ မေးရိုး ၊ နှာခေါင်းနဲ့နှုတ်ခမ်းစတဲ့ မျက်နှာပြင်ပေါ်က အစိတ်အပိုင်းတွေကို သဘာဝကျကျ အလှဆုံးဖြစ်အောင် ပြုပြင်ပေးမယ့် နည်းပညာပါ။

ဒါ့အပြင် မျက်နှာပေါ် အလင်းရဲ့ သုံးဖက်မြင် ထိတွေ့မှုကို သိရှိပြီး လိုအပ်တဲ့ အလင်းဝင်စနစ်ကို ပေးစွမ်းနိုင်တဲ့ AI Selfie Lighting ၊ ဆယ်လ်ဖီဆွဲရာမှာ ဘယ်လိုအနေအထားနဲ့ရိုက်တာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုပါ AI နဲ့လမ်းညွှန်ပေးမယ့် AI Portrait Framing နည်းပညာများနဲ့လည်း Vivo V11 ဟာ အားဖြည့်ထားလို့အကောင်းဆုံး ဆယ်လ်ဖီနည်းပညာကို ခံစားရစေမှာ ဖြစ်ပါတယ်။

phone@2k.jpg

Photo: Vivo

 

ဒီနေ့ခေတ်မှာ စမတ်ဖုန်းတစ်လုံးကို အကဲဖြတ်တဲ့နေရာမှာ ကင်မရာဘယ်လောက်ကောင်းသလဲဆိုတဲ့အချက်ကိုလည်း မဖြစ်မနေ ထည့်သွင်းနေရပြီ ဖြစ်ပါတယ်။ Vivo V11 ရဲ့ AI Camera ကတော့ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်နဲ့ဆန္ဒတွေကို အချိုးကျကျ ရောစပ်ပြီး ပုံဖော်ပေးနိုင်ပါတယ်။


က္က