ခေတ်သစ်လူမှုဘဝမှာ အရေးပါလာတဲ့ နည်းပညာတွေ ထည့်သွင်းထားပါတယ်။
Nyein Min Wai

ကိုယ်နဲ့မကွာ အမြဲရှိနေတဲ့ စမတ်ဖုန်းတစ်လုံးဟာ ကိုယ့်ရဲ့ အကောင်းဆုံး အဖော်မွန်တစ်ယောက် ဖြစ်သင့်ပါတယ်။ Huawei Mate series တွေကတော့ ဖုန်းပိုင်ရှင်ရဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်ဖို့ကို အဓိကရည်ရွယ်ပြီး ထုတ်လိုက်တဲ့ ဖုန်းတွေပါ။

bio-id@2x.jpg

Photo: Huawei

အသစ်မိတ်ဆက်လိုက်တဲ့ Huwei Mate 20 နဲ့Mate 20 Pro တို့မှာဆို လူတစ်ယောက်လို ဖုန်းပိုင်ရှင်ရဲ့ စိတ်နေသဘောထားကို အနီးစပ်ဆုံး ခန့်မှန်းနိုင်တဲ့ AI နည်းပညာတွေပါရှိတာကြောင့် ကိုယ့့်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတိုင်းမှာ ဟန်ချက်ညီညီ စမတ်ကျကျ ဖြစ်စေဖို့အကူအညီရမှာ ဖြစ်ပါတယ်။

 ဖုန်းကိုင်သူတိုင်းရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို အမြန်ဆန်ဆုံးနဲ့အချောမွေ့ဆုံး ဖြစ်စေဖို့Huawei Mate 20 ဖုန်းသစ်တွေက ဘယ်လိုပံ့ပိုးပေးသလဲဆိုတာ စိတ်ဝင်စားစရာပါ။

ပထမဆုံးအနေနဲ့ကျွန်တော်တို့ချဉ်းကပ်မိတာက ဖုန်းတစ်လုံးရဲ့ မျက်နှာလို့ပြောနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ လူကြားသူကြား ဘယ်နားသွားသွား ကိုယ့်ကို ပေါ်လွင်ထင်ရှားစေဖို့Huawei Mate 20 ဖုန်းသစ်တွေက ပုံဖော်ပေးတာက Matrix Camera System လို့ခေါ်တဲ့ Four point ဒီဇိုင်းပါပဲ။

စတုရန်းကွက်သဏ္ဍာန် ကျောဘက်ကင်မရာကွက်ထဲမှာ ကင်မရာ ၃ လုံးနဲ့LED flash တစ်လုံးတို့ကို ဖွဲ့စည်းထားပြီး အဝေးကနေ ကြည့်လိုက်တာနဲ့ကိုယ်ကိုင်ထားတာ Huawei Mate 20 series ဖုန်းဆိုတာကို ထင်ရှားစေပါတယ်။

Huawei-Mate-20-Pro-2.jpg

Photo: xda-developers

 

ဖုန်း lock စနစ်ပိုင်းမှာ Huawei Mate 20 Pro ဟာ ခေတ်မီလက်ဗွေနည်းပညာသစ်ဖြစ်တဲ့ in-display fingerprint scanning နည်းပညာကို သုံးထားလို့ဖုန်းကိုင်ရတာ စတိုင်ကျသလောက် စမတ်ဖြစ်စေမှာပါ။

အရင်ထက် ၂၀% ပိုသွက်လာတဲ့ ဒီမှန်ပြင်အောက်လက်ဗွေစနစ်အပြင် သုံးသူရဲ့ မျက်နှာနဲ့နေ့နေ့/ညည ဖုန်းကို ဝ.၅ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်နိုင်မယ့် AI နည်းပညာပါ 3D face unlock စနစ်ကြောင့်လည်း ဖုန်းရဲ့ လုံခြုံမှုပိုင်းမှာ ပြီးပြည့်စုံမှုကို ခံစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက် အရေးကြီးတာက ဖုန်းတစ်လုံးရဲ့ အသက်ဟာ performance ပါ။ ဘယ်လောက်သုံးသုံး ဖုန်းကြောင်မသွားစေဖို့ Huawei Mate 20 ဖုန်းတွေဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး နဲ့အကျစ်လစ်ဆုံး 7nm process နဲ့ထုတ်တဲ့ Kirin 980 processor သုံးထားလို့ဖုန်းပါဝါသုံးစွဲမှု နည်းပြီး ဖုန်းသုံးရတာ ထစ်တာ ဟန်းတာ ဖြစ်မှာ မဟုတ်ပါဘူး။

AI လုပ်ဆောင်ချက် တစ်ခါတည်း ပါပြီးသား processor ဖြစ်ပြီး Dual-NPU AI စနစ်တွေကြောင့် မျက်နှာ ၊ အရာဝတ္ထုစတာတွေကို မှတ်သားနိုင်စွမ်း မြင့်မားပြီး ရွေ့လျားနေတဲ့ အရာဝတ္ထုတွေနဲ့မြင်ကွင်းတွေကို ကြိုတင်သိရှိနိုင်တဲ့ AI 4D Autofocus အပါအဝင် ဓါတ်ပုံရဲ့ အရောင်တွေကိုပါ ခွဲခြား သိရှိနိုင်မှာပါ။

ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာ ဒီချပ်စ်သစ်ဟာ 1.4Gbps မြန်နှုန်းအထိ ဒေါင်းလုပ်ချနိုင်တာ ဖြစ်လို့အင်တာနက်သုံးတဲ့နေရာမှာ ဘယ်ဖုန်းနဲ့မဆို ယှဉ်နိုင်မှာ ဖြစ်ပါတယ်။

Huawei Mate 20 ဖုန်းသစ်တွေရဲ့ ကင်မရာစွမ်းရည်ကတော့ ကမ္ဘာ့အဆင့်မီတာ ဖြစ်လို့ငြင်းရက်စရာမရှိပါဘူး။ Leica ရဲ့ triple lens နဲ့လာပြီး ကိုယ်ရိုက်သမျှ မြင်ကွင်းတိုင်းကို အလန်းဆုံးနဲ့အကောင်းဆုံး ဓါတ်ပုံတွေအဖြစ် ပြန်မြင်ရမှာပါ။ Huawei Mate 20 series ကို ဖုန်းပိုင်ရှင်ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်စေတဲ့ အချက်တွေထဲမှာ အမြန်ဆုံးးအားသွင်းနိုင်ပြီး တာရှည်ခံတဲ့ ဘက်ထရီစနစ်လည်း ပါဝင်ပါတယ်။

45282621_1737383683038302_6182895251280101376_o.jpg

Photo: Huawei

 

Supercharge အမြန်အားသွင်းစနစ်နဲ့ အမြန်ဆုံး 15W ကြိုးမဲ့အားသွင်းနည်းပညာတွေအပြင် Huawei Mate 20 Pro မှာဆို တစ်ခြား Qi wireless charging သုံးဖုန်းတွေကို ပြန်ပြီး အားသွင်းပေးနိုင်တဲ့ Reverse Chaging  နည်းပညာသစ်ကို ပထမဆုံး ဆန်းသစ် အသုံးပြုလာပါတယ်။ ပြောရရင် Huawei Mate 20 Pro ဖုန်းကို သုံးရင်း တစ်ခြားဖုန်းတွေကို အရေးပေါ် အားပြန်ပေးနိုင်တာက အတော့်ကို လန်းနေပါတယ်။

ပြည်တွင်းဈေးကွက်မှာ Huawei Mate 20 နဲ့Mate 20 Pro တို့ကို နိုဝင်ဘာ ၁ ရက်ကနေ စပြီး နိုဝင်ဘာ ၉ ရက်နေ့အထိ pre-order လက်ခံနေပြီး နိုဝင်ဘာ ၁၀ ရက်နေ့Junction City မှာ ပထမဆုံးအကြိမ် ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။

pre-order မှာ စိတ်ဝင်စားစရာတစ်ခုက Huawei Mate 20 မှာသူတိုင်းအတွက် Huawei Talkband B5 ၊ သာမန် SD card ထက် ၄၅% သေးငယ်တဲ့ Huawei ထုတ် 128GB ပမာဏရှိတဲ့ Nano Memory Card တစ်ခုနဲ့Telenor WiFi Broadband တစ်ခု ပေးသွားမယ်လို့ဆိုပါတယ်။

Mate 20 pro မှာရင်တော့ ဒီလက်ဆောင်တွေအပြင် Huawei Wireless Charger တစ်ခုပါ ရရှိမှာ ဖြစ်ပြီး ဈေးကွက်ထဲ ဖြန့်ချိချိန်မှာ  Telenor WiFi BroadBand ကလွဲရင် ကျန်တဲ့ လက်ဆောင်တွေ တစ်ပါတည်း ရရှိမှာ ဖြစ်လို့မြန်မာငွေ ၁၀ သိန်း ၉ သောင်း ၉ ထောင်တန် Huawei Mate 20 နဲ့၁၄ သိန်း ၉ သောင်း ၉ ထောင် ကျပ်တန် Huawei Mate 20 Pro တို့ကတော့ အထူးအစီအစဉ်တွေနဲ့စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။

45050217_1737385046371499_2090563880945188864_o.jpg

Photo: Huawei

 

ဖုန်းတစ်လုံးဟာ လူတစ်ယောက်ရဲ့ နေ့စဉ်သုံး မရှိမဖြစ်ပစ္စည်းဆိုပေမယ့် Huawei Mate 20 နဲ့Mate 20 Pro တို့ကတော့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်လို ကိုယ်နဲ့အတူ ရှိနေမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က