Realme ရဲ့ နောက်ထပ် ဈေးတန်တဲ့ဖုန်းသစ်

တရုတ်စမတ်ဖုန်းကုမ္ပဏီ Realme ဟာ အင်ဒိုနီးရှားဈေးကွက်အတွက် တန်ဖိုးသင့်ဖုန်းနှစ်မျိုးကို ကြေညာသွားပါတယ်။

Realme 7i ဟာ ၆.၅ လက်မ ခေတ်ပေါ် punch-hole display ဒီဇိုင်းနဲ့လာပြီး 720 x 1600p HD+ ရုပ်ထွက်သုံးထားပါတယ်။ Screen-To-Body အချိုး ၉၀% ရှိပြီး ရှေ့ဘက်မှာ Gorilla Glass နဲ့ ကျောဘက် ပိုလီကာဘွန်နိတ်သားနဲ့ ထုတ်ထားပါတယ်။ ကျောဘက်မှာ Fingerprint scanner နဲ့အတူ ထောင်လိုက် စတုဂံကင်မရာကွက် ပါရှိပါတယ်။




Photo: NDTV Gadgets 360

ကျောဘက်မှာ PDAF ရုပ်ငြိမ်စနစ်ပါ 64MP main sensor ၊ 8MP ultrawide ၊ 2MP B&W lens နဲ့ 2MP macro lens တို့ သုံးထားပါတယ်။ ကျောဘက်ကင်မရာတွေဟာ Super Nightscape mode ၊ Portrait mode နဲ့ Ultra Image Stabilization စနစ်တို့ ပံ့ပိုးထားပါတယ်။ ရှေ့ကင်မရာကတော့ 16MP Sony IMX471 sensor ဖြစ်ပါတယ်။

processor အနေနဲ့ 11nm Snapdragon 662 SoC သုံးထားပြီး RAM8GB / 128GB storage နဲ့ လာတဲ့အပြင် microSD card လည်း ပံ့ပိုးထားပါတယ်။ ဘက်ထရီပါဝါ 5000mAh ဖြစ်ပြီး 18W charging ပေးထားပါတယ်။ Polar Blue နဲ့ Aurora Green ကာလာတွေနဲ့ ထွက်ထားပြီး အင်ဒိုနီးရှားရူးပစ် ၃၁၉၉၀၀၀ (မြန်မာငွေ ၂ သိန်း ၈ သောင်းခွဲဈေး) နဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က