Affordable ထဲက ရွေးစရာ ဖုန်းတစ်လုံးပါ

Snapdragon 460 SoC ပါတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း OPPO A53 ကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

OPPO A53 ကို ပြီးခဲ့တဲ့တစ်ပတ်က အင်ဒိုနီးရှားမှာ ဖြန့်ချိခဲ့တာ ဖြစ်ပြီး အခုတစ်ခါမှာ တန်ဖိုးနည်းဈေးနှုန်းနဲ့ အိန္ဒိယဈေးကွက်ထဲ ရောက်လာတာပါ။ punch-hole display စတိုင်နဲ့ လာပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာ Module သုံးထားပါတယ်။ LCD display အမျိုးအစားဖြစ်ပြီး ၆.၅ လက်မ HD+ resolution ပါရှိပါတယ်။



Photo: Gizmochina

90Hz Screen ဟာ ဒီဖုန်းရဲ့ ထူးခြားတဲ့ feature တစ်ခု ဖြစ်ပြီး တန်ဖိုးသင့်ဖုန်းတစ်လုံးအနေနဲ့ ချီးကျူးရမယ့်အချက်လည်း ဖြစ်ပါတယ်။ OPPO A53 ဟာ အိန္ဒိယဈေးကွက်ထဲမှာ ပထမဆုံး Snapdragon 460 SoC သုံး ဖုန်းတစ်လုံးအနေနဲ့ ရောက်လာတာပါ။ RAM/storage အနေနဲ့ 6GB/128GB အထိ ပံ့ပိုးထားပြီး microSD card ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

ရှေ့ဘက် punch-hole ထဲမှာ 16MP ကင်မရာ ပါရှိပြီး ကျောဘက်ထောင်လိုက်စတုဂံကင်မရာကွက်ထဲမှာ သုံးလုံးတွဲကင်မရာစနစ်ဖြစ်တဲ့ 16MP + 2MP Macro Lens + 2MP depth sensor တို့ သုံးထားပါတယ်။ ဘက်ထရီပါဝါ 5000mAh ဖြစ်ပြီး 18W fast charging support ပေးထားပါတယ်။

Android 10 ကို အခြေခံထားတဲ့ ColorOS 7.2 နဲ့ လာပြီး Electric Black နဲ့ Fancy Blue ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။ RAM 4GB/64GB storage ဗားရှင်းကို ရူပီး ၁၂၉၉၀ (မြန်မာငွေ ၂ သိန်း ၄ သောင်းခန့်) နဲ့ RAM 6GB/128GB storage ကို ရူပီး ၁၅၄၉၀ (မြန်မာငွေ ၂ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က