၂၀၂၀ အတွက် စိတ်ဝင်စားဖို့ အကောင်းဆုံး midranger ထဲက တစ်လုံးပါ

OnePlus ရဲ့ midrange တန်းဝင် 5G ဖုန်းသစ်ဟာ ထင်ထားတဲ့အတိုင်း စိတ်လှုပ်ရှားစရာဖုန်းတစ်လုံး အဖြစ် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

OnePlus Nord ဟာ ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ OnePlus X အပြီး မြင်တွေ့ခဲ့ရတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး midranger ဖုန်းတစ်လုံး ဖြစ်ပါတယ်။ flagship မော်ဒယ် OnePlus 8 ရဲ့ high-end features တွေကို သုံးလာတာက ဒီဖုန်းရဲ့ ထူးခြားချက် ဖြစ်ပြီး ဒီဇိုင်းပိုင်းလည်း ပိုပြီး ကြွလာပါတယ်။ ကျောဘက်ကင်မရာနဲ့ ရှေ့ Selfie ကင်မရာတွေ အပြောင်းအလဲ လုပ်လာပါတယ်။



Photo: aviationanalysis

90Hz display ၆.၄၄ လက်မ 1080p OLED ဖြစ်ပြီး dual punch hole ကင်မရာဒီဇိုင်း သုံးထားပါတယ်။ HDR support မပါတော့ဘဲ sRGB နဲ့ P3 display modes တွေ နဲ့ လာပါတယ်။ screen ရဲ့ အပေါ်ဘက်မှာ Gorilla Glass 5 မှန်အုပ်ထားပြီး မှန်အောက်မှာ in-display လက်ဗွေစနစ်ကို လုံခြုံရေးအဖြစ် သုံးထားပါတယ်။

OnePlus Nord ဟာ ကုမ္ပဏီရဲ့ ပထမဆုံး dual Selfie ကင်မရာသုံး ဖုန်းဖြစ်ပါတယ်။ displaly အပေါ်ဘယ်ဘက်ထောင့်မှာ 32MP sensor နဲ့ 8MP ultrawide sensor ပါရှိပြီး group selfie အတွက် snap ဆွဲလို့ ကောင်းမှာပါ။ ကျောဘက်ထောင်လိုက်ဘယ်ဘေးကပ် ကင်မရာဟာ လေးလုံးတွဲကင်မရာ ဖြစ်ပြီး 48MP main sensor ၊ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultra-wide ကင်မရာ ၊ 2MP macro lens နဲ့ 5MP depth sensor တို့ သုံးထားပါတယ်။

Tele zoom ကင်မရာ သုံးမထားပေမယ့် 2x zoom ဆွဲရိုက်နိုင်အောင် ပံ့ပိုးထားပြီး main sensor မှာ OIS နဲ့ EIS စနစ်တွေ ထည့်ပေးထားပါတယ်။ video ရိုက်ကူးမှုအနေနဲ့ ကျောဘက်ကင်မရာဟာ 4K video ကို အမြင့်ဆုံး 30fps ပဲ ပံ့ပိုးထားပြီး ရှေ့ကင်မရာကတော့ 60fps အထိ ရိုက်ကူးနိုင်မှာပါ။ ရုပ်ရှင်ကြည့်တဲ့ Cine Mode ဟာ 4K အရည်အသွေးနဲ့ 21:9 အချိုးဗွီဒီယိုတွေ သုံးနိုင်မယ်လို့ ဆိုပါတယ်။

OnePlus Nord ဟာ Snapdragon 765G processor သုံးထားပြီး RAM 8GB နဲ့ 12GB အထိ ပါရှိပါတယ်။ storage ကိုလည်း 128GB ၊ 256GB တွေနဲ့ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 4115 mAh ဟာ OnePlus 8 စီးရီးအတိုင်း Warp Charge 30T charger ပါရှိပြီး နာရီဝက်အတွင်း ဘက်ထရီပါဝါ ၇၀% အထိ သွင်းနိုင်မှာ ဖြစ်ပါတယ်။ OnePlus 8 Pro လိုမျိုး wireless charging နဲ့ IP rating တော့ မပါတော့ပါဘူး။

Photo: phonearena

Blue Marble နဲ့ Matte Gray Onyx ကာလာနှစ်မျိုးနဲ့ လာပြီး အာရှနဲ့ ဥရောပဈေးကွက်တွေမှာ ဖြန့်ချိမှာပါ။ ဥရောပဈေးကွက်မှာ RAM 8GB /128GB storage ဗားရှင်းကို ယူရို ၄၀၀ (မြန်မာငွေ ၆ သိန်း ၄ သောင်းခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး အိန္ဒိယမှာတော့ ရူပီး ၂၈၀၀၀ (မြန်မာငွေ ၅ သိန်း ၂ သောင်း) ပဲ ကျသင့်မယ်လို့ ဆိုပါတယ်။

အမြင့်ဆုံး RAM 12GB/256GB storage ဟာ အိန္ဒိယဈေးကွက်မှာ ရူပီး ၃၀၀၀၀ (မြန်မာငွေ ၅ သိန်း ၆ သောင်း) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ OnePlus Nord နဲ့အတူ OnePlus Buds နားကြပ်လည်း မိတ်ဆက်ထားပြီး ဒေါ်လာ ၈၀ (မြန်မာငွေ ၁ သိန်း ၁ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က