စုစုပေါင်း ကင်မရာ ၆ လုံး သုံးထားပါတယ်

တရုတ်စမတ်ဖုန်းကုမ္ပဏီ Infinix ဟာ စွမ်းရည်မြင့် Gaming processor သုံး ဖုန်းတစ်မျိုးကို အင်ဒိုနီးရှားဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Infinix Zero 8 ဟာ ဒီဇိုင်းပိုင်း ခပ်လန်းလန်း တန်ဖိုးသင့်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကျောဘက်မှာ စိန်ကွက်ပုံစံ Camera Module နဲ့ ထူးခြားတဲ့ ကျောဘက် Panel ဒီဇိုင်း သုံးထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၈၅ လက်မအကြီးစား IPS LCD display နဲ့ လာပြီး dual camera punch-hole ပါရှိပါတယ်။



Photo: GSMArena

ဘေးဘောင်အနားတွေ ပါးနိုင်သမျှ ပါးထားတဲ့ ဒီဖုန်းရဲ့ ဆေးတောင့်ပုံစံ Punch-hole ကင်မရာပေါက်ထဲမှာ 48MP နဲ့ 8MP dual selfies စနစ် သုံးထားပါတယ်။ 48MP sensor ဟာ 4K videos တွေလည်း ရိုက်ကူးနိုင်ပါတယ်။ screen ရဲ့ ထူးခြားချက်က smooth ဖြစ်လှတဲ့ 90Hz refresh rate ပါရှိပြီး 180Hz touch sampling ထည့်ထားပါတယ်။

ကျောဘက်မှာ 4K video recording နဲ့ EIS လုပ်ဆောင်ချက်ပါ 64MP Sony IMX686 sensor နဲ့အတူ 8MP ultrawide sensor ၊ 2MP low light နဲ့ 2MP depth sensor တို့ သုံးထားတာပါ။ 8MP ultrawide lens ဟာ macro camera အဖြစ်လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ 


Photo: GSMArena

Infinix Zero 8 ဟာ 33W charging support ပေးထားတဲ့ 4500mAh ဘက်ထရီနဲ့ လာပြီး အားသွင်းမှုကိုတော့ USB Type C ကနေ လုပ်ဆောင်နိုင်မှာပါ။ ဖုန်းကိုယ်ထည် ညာဘက်ဘောင်မှာ ရှိတဲ့ ပါဝါခလုတ်ထဲမှာ Fingerprint sensor ထည့်ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ XOS 7 နဲ့ လာပါတယ်။

Gaming အသားပေး Helio G90T processor နဲ့အတူ RAM 8GB / onboard storage 128GB ပါရှိပြီး microSD card ကနေ storage ကို ထပ်မြှင့်နိုင်မှာပါ။ Infinix Zero 8 ကို အင်ဒိုနီးရှားဈေးကွက်မှာ ရူးပတ်၃၇၉၉၀၀၀ (မြန်မာငွေ ၃ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က