တန်ဖိုးနည်းဖုန်းတစ်လုံးအနေနဲ့ ချီးကျူးစရာတွေ ပါလာပါတယ်

ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ တန်ဖိုးသင့်တဲ့ Realme C series ဖုန်းသစ်တစ်မျိုးကို ဘင်္ဂလားဒေ့ချ်မှာ မိတ်ဆက်လိုက်ပါတယ်။

Realme C17 ကို တလောကထွက်ရှိထားတဲ့ Realme 7i ကို lite version လို့ ဆိုနိုင်ပါတယ်။ ကင်မရာနဲ့ processor ပိုင်းကို Realme C17 မှာ နည်းနည်းလေး လျှော့ထားလို့ ဖြစ်ပါတယ်။ Realme C17 ဟာ punch-hole display နဲ့ လာပြီး ကျောဘက်မှာ ထောင်လိုက် စတုဂံပုံစံကင်မရာအိမ်နဲ့ လာပါတယ်။



Photo: GSMArena


မျက်နှာပြင် ၆.၅ လက်မ LCD display သုံးထားပြီး HD+ ရုပ်ထွက်ပါရှိပါတယ်။ 90Hz refresh rate ဟာ ဒီဖုန်းရဲ့ ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက် ဖြစ်ပြီး screen-to-body အချိုးဟာ တန်ဖိုးနည်းဖုန်းတစ်လုံးအတွက် ချီးကျူးစရာကောင်းအောင် မြင့်ပါတယ်။ display ကို Corning Gorilla Glass မှန်အုပ်ထားပါတယ်။

punch-hole ထဲမှာ 8MP selfie ကင်မရာ သုံးထားပြီး ကျောဘက် L ပုံစံကင်မရာဖွဲ့စည်းမှုထဲမှာ 13MP main shooter ၊ 8MP Ultra-wide ကင်မရာ ၊ 2MP macro နဲ့ 2MP monochrome ကင်မရာတို့ ပါရှိပါတယ်။ ဘက်ထရီဟာ 5000mAh ပါဝါဖြစ်ပြီး 18W speed နဲ့ လာပါတယ်။ 

11nm Snapdragon 460 chiset နဲ့အတူ RAM 4GB/128GB storage ပါရှိပါတယ်။ Lake Green ၊ Navy Blue နှစ်ရောင်နဲ့ လာပြီး ဘင်္ဂလားဒေ့ရှ် တာကာ ၁၅၉၉၀ (မြန်မာငွေ ၂ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က