Quad Camera သုံးထားပါတယ်

Realme ဟာ မြန်မာငွေ ၂ သိန်းခွဲအောက် တန်ဖိုးနည်းဖုန်းတစ်လုံးကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

Realme 6i ဟာ Realme 6s ကို နာမည်ပြောင်းပြီး ဈေးကွက်မှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Realme ထုတ် ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း တန်ဖိုးသင့်ပြီး ခေတ်မီတဲ့ features တွေ ပါလာပါတယ်။ထူးခြားတာက တန်ဖိုးသင့် ဖုန်းတစ်လုံးမှာ 90Hz refresh rate သုံးလာတာပဲ ဖြစ်ပါတယ်။



Photo: Android Authority

Reale 6i ဟာ မျက်နှာပြင် ၆.၅ လက်မ LCD display နဲ့ လာပြီး 1080 x 2400pixel ရုပ်ထွက် ပါရှိပါတယ်။ punch-hole ဒီဇိုင်းသုံးထားပြီး ကျောဘက်မှာ ထောင်လိုက် ၄လုံးတွဲ ကင်မရာနဲ့ ထွက်ထားပါတယ်။ punch hole ထဲမှာ 16MP selfie ကင်မရာ ပါရှိပါတယ်။ processor အနေနဲ့ MediaTek Helio G90T သုံးထားပြီး RAM / storage နှစ်မျိုးနဲ့ လာပါတယ်။

အနိမ့်ဗားရှင်း RAM 4GB/64GB storage နဲ့ အမြင့်မော်ဒယ် RAM 6GB/128GB storage ဆိုပြီး ထွက်ထားသလို microSD card slot နဲ့ လည်း storage ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။ Realme 6i ဟာ ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide ကင်မရာ ၊ 2MP macro ကင်မရာနဲ့ 2MP monochrome portrait lens ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။

Photo: MySmartPrice

ကိုယ်ထည်ဘေးဘောင် လက်ဗွေစနစ်နဲ့အတူ 3.5mm headphone jack လည်း သုံးထားပါတယ်။ 4300mAh ဘက်ထရီဟာ 30W Flash Charge အမြန်အားသွင်းနည်းပညာ ပံ့ပိုးထားပါတယ်။ အားသွင်းဖို့နဲ့ ဒေတာပေးပို့မှုအတွက် USB-C port အမျိုးအစား သုံးထားပါတယ်။ Realme 6i ဟာ Lunar White နဲ့ Eclipse Black ကာလာ ၂ ရောင်နဲ့ ထွက်ထားပြီး ကိုယ်ထည်ဟာ တော်ရုံနဲ့ ရေမဝင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။

RAM 4GB ဗားရှင်းကို ၁၂၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၃ သောင်းကျော်) ဈေး ၊ RAM 6GB ဗားရှင်းကို ရူပီး ၁၄၉၉၉ (မြန်မာငွေ ၂ သိန်း ၇ သောင်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က