Motion Sense နဲ့အမိုက်စား ကင်မရာစနစ်တွေ ပါပါတယ်
Nyein Min Wai

Google ရဲ့ flagship ဖုန်းသစ် နှစ်မျိုးကတော့ ဆန်းသစ်မှုတွေအပြည့်နဲ့မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၉ မော်ဒယ် Google ဖုန်းသစ်တွေ ဖြစ်တဲ့ Pixel 4/4XL တို့ဟာ ကင်မရာအရည်အသွေး အသားပေးဖုန်းတွေအဖြစ် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး display ကိုလည်း 90Hz refresh rate သုံးထားတဲ့ Smooth Display သစ်နဲ့ထွက်လာခဲ့တာပါ။ ဘက်ထရီပါဝါ အစားသက်သာစေဖို့အတွက်တော့ display ဟာ မသုံးဖြစ်ချိန်မှာ 60Hz ကို အလိုအလျောက် ပြောင်းပေးမှာလည်း ဖြစ်ပါတယ်။

Photo: The Verge

ဒီ screen ဟာ HDR support ပေးထားရင် ပြီးခဲ့တဲ့နှစ်က Pixel 3 series တို့လို Always on Display mode ပါရှိပါတယ်။ display ဟာ အကောင်းဆုံး ခံစားရှုမြင်စေဖို့အတွက် ကာလာတွေအလိုက် ပတ်ပတ်လည် အလင်းဖမ်းပေးမယ့် Ambient EQ သစ် ထည့်ပေးထားပါတယ်။

Pixel 4 ကတော့ ၅.၇လက်မ OLED Panel ဖြစ်ပြီး 1080p+ ရုပ်ထွက် ပါရှိပါတယ်။ XL မော်ဒယ်ကတော့ ၆.၃ လက်မ QHD+ ရုပ်ထွက်နဲ့လာပြီး ဖုန်းနှစ်မျိုး notch မသုံးတော့ပါဘူး။ display အထက်အောက် ဘောင်တွေ ပါပြီး အပေါ်ဘက် bezel ဟာ လှုပ်ရှားမှု ဖတ်စနစ်လုပ်နိုင်မယ့် motion sense နဲ့Face Unlock အတွက် sensor တွေ ထည့်သွင်းထားပါတယ်။

ကျောဘက်မှာ physical fingerprint scanner မပါတော့တာကလည်း သိသာတဲ့ အပြောင်းအလဲ ဖြစ်ပြီး ဒီအတွက် Google ဟာ Face Unlock နည်းပညာနဲ့Motion Sense စနစ် သုံးနိုင်မယ့် Soli Rader chip သုံးထားပါတယ်။ ဖုန်းနှစ်လုံးစလုံး တူတဲ့ အချက်က ကင်မရာပါ။




Google Pixel 4 နဲ့Pixel 4 XL တို့ဟာ ကျောဘက်ဘယ်အပေါ် ထောင့်မှာ စတုရန်းကွက်ပုံစံ dual camera စနစ်နဲ့လာပြီး 12.2MP main sensor နဲ့16MP telephoto sensor ဆိုပြီး သုံးထားတာ ဖြစ်ပါတယ်။ 12.2MP နဲ့16MPကင်မရာတွေမှာ OIS နဲ့EIS ရုပ်ငြိမ်စနစ်တွေ ပါရှိပြီး dual pixel နည်းပညာ ၊ ၇၇ ဒီဂရီ field of view နဲ့၅၂ ဒီဂရီ field of view စနစ်တို့ပါရှိပါတယ်။

ရှေ့ဘက်မှာ သုံးတဲ့ ဆယ်လ်ဖီကင်မရာကတော့ 8MP ဖြစ်ပြီး ၉၀ ဒီဂရီ field of view သုံးထားပါတယ်။ Google Pixel 4 တွေရဲ့ ကင်မရာ features တွေထဲမှာ ညဘက် လနဲ့ကြယ်တွေ ရိုက်ကူးနိုင်မယ့် နက္ခတ်တာရာဓါတ်ပုံစနစ်မျိုး လုပ်နိုင်မယ့် Night Sight စနစ် ၊ ပိုပြီး အဆင့်မြှင့်ထားတဲ့ portrait ရိုက်ချက် နဲ့white balane ချိန်ညှိမှုစနစ် တွေ သုံးထားသလို dual exposure option လို့ခေါ်တဲ့ နောက်ခံဘက်ဂရောင်းက မြင်ကွင်းမှာ ရှေ့foreground exposure ချိန်ပေးမယ့် စနစ်တွေ ပါဝင်ပါတယ်။

ဖုန်းနှစ်မျိုးစလုံးဟာ Snapdragon 855 Soc ၊ RAM 6GB နဲ့လာပြီး base model မှာ 64GB storage နဲ့128GB storage ဆိုပြီး option နှစ်မျိုး ထွက်ထားပါတယ်။ nano SIM နဲ့eSIM စနစ် နှစ်မျိုး သုံးနိုင်ပြီး Just Black ၊ Clearly White နဲ့Oh So Orange ဆိုတဲ့ ကာလာသစ်နဲ့ဝယ်ယူနိုင်မှာပါ။


Photo: androidpolice


IP68 ရေစိုခံပြီး စတီရီယိုစပီကာတွေ သုံးထားတဲ့ ဒီဖုန်းနှစ်မျိုးမှာ ရိုးရိုး Pixel 4 ဟာ 2800 mAh နဲ့XL မော်ဒယ်မှာ 3700 mAh ဘက်ထရီတွေ ပါရှိပါတယ်။ 18W USB Power Delivery အပြင် Qi Wireless charger တစ်ခုပါ သုံးနိုင်မှာပါ။ OS စနစ်ကတော့ Google ရဲ့ latest pure Android 10 သုံထးားပါတယ်။

pre order မှာယူမှုကို အောက်တိုဘာ ၂၁ ရက်နေ့ကတည်းက စတင်နေပြီး Pixel 4 64GB ကို ဒေါ်လာ ၈၀၀ ( မြန်မာငွေ ၁၂ သိန်းကျော်) နဲ့Pixel 4 XL 64GB ကို ဒေါ်လာ ၉၀၀ ( မြန်မာငွေ ၁၃ သိန်း ၇ သောင်းခွဲကျော်) ဈေးနဲ့စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။


က္က