Honor ရဲ့ တန်ဖိုးသင့် 5G ဖုန်းပါ

တန်ဖိုးသင့် 5G ဖုန်းတွေထဲမှာ Honor ဖုန်းသစ်ဟာ အတော်လေး ဆွဲဆောင်မှုရှိတဲ့ ဖုန်းပါ။


တရုတ်ဈေးကွက်ထဲမှာ မိတ်ဆက်လိုက်တဲ့ Honor 30 Lite ဟာ အကြီးစား မျက်နှာပြင် ၊ 48MP triple lens ၊ 90Hz screen နဲ့အတူ 5G support ပေးထားတဲ့ processor သုံးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ နောက်ပေါ်ဖုန်းတွေမှာ မြင်နေရတဲ့ teardrop notch နဲ့ ကျောဘက် ထောင်လိုက် စတုဂံပုံစံ ကင်မရာသုံးလုံးတွဲကို သုံးသွားပါတယ်။

Photo: GSMArena




မျက်နှာပြင်အရွယ်အစား ၆.၅ လက်မဟာ FHD+ LCD screen အမျိုးအစား ဖြစ်ပြီး 90Hz refresh rate ၊ 180Hz touch sampling rate နဲ့ လာပါတယ်။ screen-to-body အချိုးဟာ ၉၁.၂% ရှိမယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။ notch ထဲမှာ 16MP selfie ကင်မရာ ထည့်ထားပြီး Face Unlock အဖြစ်လည်း သုံးနိုင်သလို ဖုန်းဘေးဘောင်မှာလည်း fingerprint scanner တစ်ခု ထည့်ပေးထားပါတယ်။

ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide sensor နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ သုံးလုံး ပါဝင်လာပါတယ်။ main sensor ဟာ 4K video ကို EIS ရုပ်ငြိမ်စနစ်နဲ့ ရိုက်ကူးနိုင်သလို Super Night Mode လည်း ပံ့ပိုးထားပါတယ်။ Honor 30 Lite ဟာ 22.5W charging ပါတဲ့ 4000mAh ဘက်ထရီ သုံးထားပြီး USB-C port ကနေ အားသွင်းနိုင်မှာပါ။

Photo: 91mobiles

ဒီဖုန်းဟာ နောက်ဆုံးပေါ် MediaTek Dimensity 800 SoC သုံးထားပါတယ်။ Dimensity 800 SoC ဟာ 5G ပံ့ပိုးပေးထားတဲ့ processor ဖြစ်ပါတယ်။ RAM 6GB/64GB storage အပြင် RAM 8GB/ 128GB storage ဗားရှင်းလည်း ထွက်ထားပါတယ်။ Android 10 ကို အခြေခံထားတဲ့ Magic UI 3.1 နဲ့ လာပြီး Google services တော့ မရပါဘူး။

Honor 30 Litte ကို Midnight Black ၊ Phantom Silver ၊ Summer Rainbow နဲ့ Green ကာလာ ၄ ရောင်နဲ့ ထွက်ထားပါတယ်။ အနိမ့်ဗားရှင်းအတွက် ၁၆၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၂ သောင်းကျော်) နဲ့ RAM 8GB /128GB storage မော်ဒယ်ကို ၂၁၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၂ သောင်း) အထိ ကျသင့်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က