ဘက်ဂျက်မော်ဒယ်တွေ လာပါပြီ


Realme ကတော့ စိတ်ဝင်စားစရာ features တွေ ‌ဖောဖောသီသီသုံးထားတဲ့ တန်ဖိုးသင့်ဖုန်းနှစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


Realme 6 နဲ့ Realme 6 Pro တို့ဟာ punch-hole display ၊ 64MP Quad Cameras တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖုန်းတွေအဖြစ် ထွက်လာတာပါ။ဖုန်းနှစ်မျိုးစလုံးဟာ 90Hz refresh rate နဲ့ လာပြီး Pro မော်ဒယ်မှာ dual selfie ကင်မရာ သုံးသွားတာ ဖြစ်ပါတယ်။ Realme 6 ကတော့ ကုမ္ပဏီရဲ့ ပထမဆုံး ဂိမ်းအသားပေး chipset ဖြစ်တဲ့ MediaTek G90T နဲ့လာပြီး RAM 4GB , 6GB နဲ့ 8GB ဆိုပြီး ထွက်ထားပါတယ်။



Photo: The Verge


မျက်နှာပြင် ၆.၅ လက်မရှိပြီး Gorilla Glass 3 အုပ်ထားတဲ့ မှန်အောက် punch hole ထဲမှာ 16MP selfie ကင်မရာ ပါရှိပါတယ်။ ကျောဘက်မှာ 64MP main sensor ၊ 8MP ultrawide ၊ 2MP macro နဲ့ 2MP B&W sensor တွေ ထည့်သွင်းထားပါတယ်။ storage ကို 64GB နဲ့ 128GB ဗားရှင်းတွေနဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး ဘက်ထရီပါဝါ 4300mAh ဟာ 30W charger နဲ့ အားသွင်းနိုင်မှာပါ။

Realme 6 Pro ဟာ ၆.၆ လက်မ LCD display နဲ့ လာပြီး ရှေ့ဘက် 16MP နဲ့ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ultrawide sensor ဆိုပြီး သုံးထားပါတယ်။ ကျောဘက် လေးလုံးတွဲကင်မရာဟာ 64MP main camera ၊ 12MP telephoto ၊ 8MP ultrawide နဲ့ 2MP macro များ သုံးထားပြီး UIS နဲ့ UIS Max Video Stabilization စနစ် ပံ့ပိုးထားပါတယ်။


Photo: GSMArena

8nm process နဲ့ တည်ဆောက်ထားတဲ့ Snapdragon 720G chipset နဲ့ လာပြီး RAM ကို 6GB နဲ့ 8GB နှစ်မျိုးနဲ့ ရွေးချယ် ဝယ်ယူနိုင်မှာပါ။ ဘက်ထရီပါဝါနဲ့ အားသွင်းစနစ်က အတူတူပဲ ဖြစ်ပြီး Android 10 ကို အခြေခံထားတဲ့ Realme UI နဲ့ လာပါတယ်။ Realme 6 Pro ဟာ အလင်းပြန် အပြာရောင် ၊ အနီနဲ့ လိမ္မော်ကာလာ တွေနဲ့ လာပြီး Realme 6 ကတော့ အဖြူနဲ့ အပြာ နှစ်ရောင်ပဲ ထွက်ထားပါတယ်။

Realme 6 ကို ၁၂၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခွဲ) ကနေ စတင်ရောင်းချသွားမှာပါ။ Realme 6 Pro ကိုတော့ RAM 6GB/64GB storage ဗားရှင်းကို ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ၂ သောင်း) ဈေးကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က