Android 9 Pie ကို သုံးထားပါတယ။်

ခေတ်ပေါ် ဖုန်းဒီဇိုင်းရဲ့ အသွင်အပြည့်နဲ့နောက်ဆုံးပေါ် Android စနစ်ကို သုံးလာတဲ့ Honor 10 Lite ကတော့ ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။



honor-10-lite_1542796947110.jpg

Photo: PC-Tablet

 

Huawei Honor series တွေဟာ လူငယ်ပိုင်းကို အဓိက ပစ်မှတ်ထားတဲ့ ဖုန်းမော်ဒယ်တွေ ဖြစ်လို့ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း ၊ တောက်ပတဲ့ ကာလာစပ်တွေကို သုံးထားတာပါ။ Honor 10 Lite ကိုလည်း ၂၀၁၈ ရဲ့ ဆန်းသစ်တဲ့ mid-range ဖုန်းတစ်လုံးအဖြစ် မိတ်ဆက်သွားတာ ဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၂၁ လက်မလို ကျယ်ပြန့်တဲ့ screen size ဟာ ရှေ့ကင်မရာနေရာပဲ ကွက်ချန်ထားတဲ့ waterdrop notch သစ်နဲ့လာတာကြောင့် မှန်ပြင်နေရာယူမှုဟာ အတော့်ကို များတဲ့ ဘေးဘောင်ပါး ဖုန်းတစ်လုံးလို့ဆိုရမှာပါ။

Honor 10 Lite ဟာ Honor 8Xလိုမျိုး Huawei ထုတ် Kirin 710 processor သုံးထားပြီး ဂရပ်ဖစ်စနစ်မှာ GPU Turbo 2.0 စနစ်သုံးထားလို့ဂိမ်းဖုန်းတစ်လုံးလို အလုပ်လုပ်နိုင်မှာပါ။ RAM 4GB နဲ့6GB ဆိုပြီး ဗားရှင်း ၂ မျိုးပါရှိပါတယ်။ internal storage ကတော့ အမြင့်ဆုံး 128GB မော်ဒယ်ထိ ပါရှိပြီး microSD card ကနေ 512GB အထိ တိုးနိုင်မှာပါ။

ကင်မရာအနေနဲ့2018 ထွက် mid-range တိုင်းလိုလိုမှာ မြင်ရတဲ့ dual lens စနစ်ကို Honor 10 Lite  မှာ တွေ့ရပါတယ်။ ကျောဘက်မှာ ထောင်လိုက် 13MP နဲ့2MP ကင်မရာနဲ့လာပြီး fingerprint scanner ကိုလည်း တပ်ဆင်ထားတာပါ။ ရှေ့ကင်မရာကတော့ AI ဆယ်လ်ဖီကင်မရာဖြစ်တဲ့ 24MP ကင်မရာ ဖြစ်ပြီး မျက်နှာပြင် ၊ မျက်လုံးအရွယ်အစား ၊ အရောင်နဲ့အလင်းဝင်မှု ပုံစံကို ပြုပြင်ပေးမယ့် Portrait Mode ပါရှိပါတယ်။

Honor 10 Lite ဟာ Android 9 Pie ကို အခြေခံထားတဲ့ Huawei ရဲ့ နောက်ဆုံးထွက် EMUI 9 နဲ့လာတာပါ။ Android 9 Pie စနစ်သုံးထားတဲ့ ဖုန်းဖြစ်လို့screen တောက်ပမှု ၊ သုံးနေတဲ့ ဘက်ထရီတွေကို အလိုအလျောက် ချိန်ညှိပေးမယ့် စနစ်တွေ တစ်ခါတည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့3000 mAh ပါဝါနဲ့လာပြီး fast charging ကြောင့် အားသွင်းရလည်း မြန်ဆန်မှာပါ။

Photo: GSMArena

 

Huawei ဟာ Honor 10 Lite မှာ ကာလာဆန်းတွေကို အထူးပြုပြီး မိတ်ဆက်ထားပါတယ်။ Midnight Black လို ရိုးရိုးကာလာအပြင် ၊ Lily White ၊ Gradient Blue နဲ့Gradient Red ကာလာစပ်တွေနဲ့ထွက်လာတဲ့ ဒီဖုန်းကို RAM 4GB/64GB storage အတွက် ၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၂ သောင်းခန့်) ၊ RAM 6GB/64GB storage ကို ၁၆၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၉ သောင်းခန့်) နဲ့RAM 6GB/128GB ဗားရှင်းကို ၁၈၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၄ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က