Helio P70 chipset သစ်ကိုပထမဆုံး သုံးလာတာပါ

လူငယ်အကြိုက် ပေါ့ပါး ဆန်းသစ်တဲ့ စမတ်ဖုန်းတွေ ဦးတည်ထုတ်လုပ်နေတဲ့ Realme ဟာ ဒီတစ်ခါမှာ processor သစ် နဲ့ဆယ်လ်ဖီဖုန်းမော်ဒယ်သစ်ကို ကြေငြာလိုက်ပါတယ်။



Photo: Android Authority

 

notch သုံးတဲ့ mid-range ဖုန်းမော်ဒယ်ဖြစ်တဲ့ Realme U1 ဟာ OPPO F9 နဲ့ဒီဇိုင်းနဲ့ ရှေ့ကင်မရာပိုုင်း ဆင်ပါတယ်။ ကိုယ်ထည်ဟာ မှန်နဲ့acrylic ဖိုက်ဘာကော်တစ်မျိုး စပ်ထားပြီး glass body လို တောက်ပတဲ့ဟန်နဲ့ထွက်လာတာပါ။ မျက်နှာပြင် ၆.၃ လက်မ IPS LCD display ကတော့ Gorilla Glass 3 အုပ်ထားပြီး waterdrop စတိုင် notch ကြောင့် မှန်ပြင်နေရာယူမှုဟာ အပြည့်နီးပါးသွားပါတယ်။

Realme U1 ရဲ့ စိတ်ဝင်စားစရာတစ်ခုက ပုံရိပ်ဖော်စနစ်ပိုင်းမှာ ပိုမို မြန်ဆန်တဲ့ Helio P70 chipset သစ်ကို သုံးလာတာပါ။ Helio P70 ကို ပထမဆုံး သုံးလာတဲ့ Realme U1 ဟာ processor သစ်ကြောင့် ရှေ့မြင်ကွင်းကို ရှင်းအောင် ဖမ်းပြီး အနောက် ဘက်ဂရောင်းကို ဝါးပေးမယ့် depth of field စနစ်ကို တိုက်ရိုက်ပုံဖော်ပေးနိုင်သလို HDR နဲ့ဓါတ်ပုံတည်ငြိမ်မှုစနစ်ကို အားဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။

ရှေ့ကင်မရာ 25MP ဟာ real-time အလှပြင်ပေးစနစ် ၊ HDR preview တွေနဲ့night shot ရိုက်ချက်တွေ ပံ့ပိုးပေးထားသလို လူတစ်ယောက်ကို လှပစေနိုင်တဲ့ သတ်မှတ်ချက်ပေါင်း ၂၉၆ ခုပါ ထည့်သွင်းထားလို့ဆယ်လ်ဖီဆွဲတိုင်း အလှဆုံး ပုံတွေ ထုတ်ပေးနိုင်မှာပါ။ Realme U1 ဟာ ကျောဘက်မှာ Fingerprint sensor တပ်ထားသလို မျက်နှာပြင်ဖတ်စနစ် သုံးချင်သူတွေအတွက်လည်း AI Face Unlock ပါ ထည့်သွင်းပေးထားပါတယ်။

ကျောဘက်ကင်မရာကတော့ 13MP+2MP ကင်မရာနှစ်လုံးတွဲ ဖြစ်ပြီး ဗွီဒီယိုရိုက်ရာမှာတော့ 4K video ပံ့ပိုးမှု မပါရှိပါဘူး။ ဘက်ထရီအနေနဲ့3500 mAh ကို သုံးထားပေမယ့် microUSB ကနေပဲ အားသွင်းရတာ ဖြစ်လို့fast charging ကိုတော့ မမြင်ရသေးပါဘူး။ တစ်ခုကောင်းတာက ဘက်ထရီပါဝါခံဖို့အတွက် သုံးစွဲတဲ့ နှုန်းနဲ့အပူချိန်ကို စစ်ဆေးပြီး အလိုအလျောက်ချိန်ညှိနိုင်တဲ့ စနစ်တော့ ပါလာပါတယ်။

Photo: bgr

 

Realme U1 ကို အနက် ၊ အပြာနဲ့ရွှေ ကာလာ ၃ ရောင်နဲ့RAM/storage ဗားရှင်း ၂ မျိုးနဲ့ကြေငြာထားပါတယ်။ အိန္ဒိယဈေးကွက်မှာ RAM 3GB/32GB မော်ဒယ်ကို ၁၁၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်) ၊ RAM 4GB/64GB storage ကို ၁၄၄၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ၂ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က