processor သစ်ပါ သုံးလာပါတယ်။
Nyein Min Wai

ဂိမ်းဖုန်းတွေထဲမှာတော့ Red Magic ကို ပေါ့သေးသေး အောက်မေ့လို့မရပါဘူး။

dims_1280x800.jpg

Photo: Engadget

 

မကြာသေးခင်ကပဲ Xiaomi ဟာ ဒုတိယမြောက် ဂိမ်းဖုန်း Black shark Helo နဲ့တတိယမျိုးဆက် Mi Mix 3 တို့ကို RAM 10 GB ဗားရှင်းတွေနဲ့မိတ်ဆက်ခဲ့တာပါ။ ZTE ရဲ့ brand တစ်ခု ဖြစ်တဲ့ Nubia ကလည်း ကုမ္ပဏီရဲ့ ပထမဆုံး ဂိမ်းဖုန်း Red Magic ကို edition သစ်ဖြစ်တဲ့ Mars နာမည်နဲ့နောက်ထပ် RAM မြှင့်ထားတဲ့ မော်ဒယ်ကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

Red Magic Mars ဟာ မူရင်း ၆ လက်မ IPS LCD display (1080 x 2160pixel) သုံး ဖုန်းပဲ ဖြစ်ပြီး ဖုန်းကိုယ်ထည်နှစ်ဘက်မှာ အထိအတွေ့အာရုံခံနေရာ နှစ်ခု ထည့်သွင်းလာတာပါ။ မိုဘိုင်းလ်ဂိမ်းသမားတွေအတွက် အထူးသုံးနိုင်တဲ့ ခလုတ်တွေလည်း ဖြစ်ပါတယ်။ 4D Shock လို့ခေါ်တဲ့ touch ခံစားမှု ပါရှိပြီး DTS 7.1အသံနည်းပညာပါ စတီရီယိုစပီကာတွေကတော့ ဂိမ်းဆော့ရင်း စိတ်လှုပ်ရှားဖွယ် သောတအတွေ့အကြုံကို ပေးစွမ်းသွားမှာပါ။

ဂိမ်းဖုန်းဖြစ်တဲ့ Red Magic Mars ဟာ အပူလွန်ကဲမှုကို ထိန်းချုပ်ပေးမယ့် အရည်ခံအအေးစနစ်နှစ်စုံ ပါရှိပြီး ကုမ္ပဏီကတော့ ဒီစနစ်ကို ICE လို့နာမည်ပေးထားပါတယ်။ ဒီဖုန်းမှာ ထူးခြားတဲ့ အချက်တစ်ခုကတော့ Mars ဗားရှင်းဟာ အရင်ကသုံးထားတဲ့ Snapdragon 835 SoC ကနေ ပိုပြီး စွမ်းရည်မြင့်တဲ့ Snapdragon 845 processor ကို ပြောင်းသုံးလာတာပါ။

 

RAM/storage ကို 10GB/256GB အထိ ပါလာသလို အနိမ့်ဆုံး မော်ဒယ်မှာဆို RAM 6GB/64GB storage နဲ့လည်း ထုတ်ထားပါတယ်။ OS စနစ်ပိုင်းမှာ Android 9 Pie ပေါ် အခြေခံထားတဲ့ Red Magic OS 1.6 နဲ့ထွက်ထားတာပါ။ USB Type C ကနေ အားသွင်းနိုင်မယ့် ဘက်ထရီကတော့ 3800 mAh ပါဝါဖြစ်ပြီး ကင်မရာမှာတော့ MP လျှော့လာပါတယ်။

ပထမဆုံး ဗားရှင်း Red Magic ဟာ ကျောဘက်မှာ f/1.7 အပါချာနဲ့24MP ကင်မရာတွေ သုံးထားပေမယ့် Mars ဗားရှင်းမှာတော့ 16MP ကျောဘက်ကင်မရာနဲ့8MP ရှေ့ကင်မရာတွေ သုံးလာပါတယ်။ Mars edition ဟာ Meteorite Black နဲ့Flame Red ကာလာတွေအပြင် Camo version သစ်ပါ ထုတ်ထားပါတယ်။ ဒီဇိုင်းဖွဲ့စည်းမှုမှာတော့ RGB LED မီးတွေနဲ့ဂိမ်မာတွေအကြိုက် ဒီဇိုင်းပဲ သုံးထားတာပါ။

nubia-mars-1_1280x853.jpg

Photo: Engadget

 

Mars Edition ကို အနိမ့်မော်ဒယ်ကို ယွမ် ၂၇၀၀ (မြန်မာငွေ ၆ သိန်း ၁ သောင်းကျော်) ၊ RAM 8GB/ 128GB ဗားရှင်းကို ယွမ် ၃၂၀၀ ( မြန်မာငွေ ၇ သိန်း ၃ သောင်း) နဲ့အမြင့်ဆုံး RAM 10GB/256GB ဗားရှင်းကိုတော့ ယွမ် ၄၀၀၀ (မြန်မာငွေ ၉ သိန်း ၁ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


က္က