ဆယ်လ်ဖီကောင်းတဲ့ ဖုန်းတစ်လုံးပါ

လူငယ်လူလတ်ပိုင်းအတွက် အထူးရည်ရွယ်ပြီး ထုတ်ထားတဲ့ Vivo Y95 ဟာ ပြည်တွင်းဖုန်းဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

47349087_2183167391949515_3305694920227946496_n_960x960.jpg

Photo: Vivo

 

ဒီဇိုင်းပိုင်းဟာ Vivo Y95 မှာ ထူးခြားတဲ့ အသွင်လက္ခဏာတစ်ခုပါ။ Vivo ရဲ့ နာမည်ကြီး Halo Full View ကို သုံးထားပြီး သေသပ် သေးငယ်လှတဲ့ notch ကြောင့် မှန်ပြင်နေရာယူမှုဟာ အတော်လေးကို များသလို ဖုန်းကိုယ်ထည်ရဲ့ အခုံးဒီဇိုင်းဖွဲ့စည်းမှုကြောင့် လက်ထဲမှာ အသားတကျနဲ့သွက်လက်တဲ့ ခံစားမှုရရှိစေမှာ ဖြစ်ပါတယ်။

performance အနေနဲ့mid-range ဖုန်းတစ်လုံးအတွက် လုံလောက်တဲ့ 1.9 GHz octa-core Snapdragon 439 SoC နဲ့အတူ RAM 4GB/64GB storage အတွဲ နဲ့ထွက်လာတာပါ။ နောက်ထပ် အားသာချက်တစ်ခုက storage ကို microSD ကနေ ထပ်ပိုး ပိုးလို့ရတာကလည်း ဖုန်းထဲမှာ ဗွီဒီယို ၊ ဓါတ်ပုံနဲ့app အကြီးစားတွေ ထည့်သုံးချင်သူတွေအတွက် အဆင်ပြေပါတယ်။

Vivo Y95 ဟာ လူငယ်တွေကို ဦးစားပေး ထုတ်ထားတဲ့ ဖုန်းဖြစ်လို့ကင်မရာပိုင်းမှာလည်း ထူးခြားမှုတွေ ရှိပါတယ်။ ရှေ့မှာ သုံးသွားတဲ့ 20MP selfie ကင်မရာဟာ AI လုပ်ဆောင်ချက်တွေ ပါဝင်တာကြောင့် ဆယ်လ်ဖီရိုက်ချက်တွေကို အလန်းဆုံးနဲ့ဆွဲဆောင်မှု အရှိဆုံး ဖြစ်စေမှာပါ။ ကျောဘက်မှာ 13MP+2MP ထောင်လိုက် dual cameras တွေ ပါရှိလို့bokeh shots တွေကို အဆင့်မြင့်မြင့် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းလုံခြုံရေးအနေနဲ့ကျောဘက်မှာ fingerprint scanner တပ်ဆင်ထားသလို ရှေ့ကင်မရာကနေလည်း Face Unlock စနစ် သုံးနိုင်တဲ့ ခေတ်ပေါ် biometric တွေရဲ့ ဆန်းသစ်မှုကို ကိုယ်တိုင်ခံစားနိုင်တော့မှာပါ။

Vivo Y95 ကို ဘက်ထရီကောင်းတဲ့ ဖုန်းလို့ပြောနိုင်ပါတယ်။ ဒီဖုန်းမှာ သုံးထားတဲ့ 4030 mAh ဘက်ထရီဟာ ပါဝါအားဖြင့် ကြီးသလို စမတ်ပါဝါ စီမံခန့်ခွဲတဲ့ စနစ်တွေလည်း ပါလို့ဖုန်းကို အကြိုက်သုံးနိုင်မှာပါ။

Photo: Vivo

 

ရောင်ပြေးဒီဇိုင်း ကာလာစပ်တွေနဲ့Starry Black ကာလာအပြင် Aurora Red ကာလာဆန်းနဲ့လည်း ထုတ်ထားတဲ့ Vivo Y95 ရဲ့ ဈေးနှုန်းကတော့ ပြည်တွင်းမှာ သင့်တင့်တဲ့ ဈေးနှုန်းလို့ပြောရမှာပါ။ ဒီဖုန်းကို ပြည်တွင်းဈေးကွက်မှာ မြန်မာငွေ ၃၂၉၀၀၀ ကျပ်ဈေးနဲ့ရောင်းချနေပါတယ်။



က္က