pre-order မှာယူနိုင်ပြီလို့ဆိုပါတယ်။

Gaming products တွေနဲ့နာမည်ကျော်တဲ့ MSI ဟာ နောက်ဆုံးပေါ်မျိုးဆက်သစ် processor သစ်တွေ သုံးထားတဲ့ Entry-Level Gaming Laptop တွေကို ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။


မြန်မာနိုင်ငံဈေးကွက်ထဲ ဝင်ရောက်လာတဲ့ MSI ရဲ့ နောက်ဆုံးပေါ် Gaming Laptop ကတော့ MSI GF Series ထဲမှ GF 63 9RCX ဖြစ်ပြီး 9th Generation Intel Core i7/i5 Processor နှစ်မျိုးနဲ့ထွက်လာတာ ဖြစ်ပါတယ်။ ဘေးဘောင်ပါး Thin-Bezel Display Type နဲ့လာတဲ့ MSI GF 63 9RCX ဟာ မျက်နှာပြင် ၁၅.၆ လက်မ Full-HD IPS display ပါရှိပါတယ်။



Photo: MSI Gaming Facebook

Gaming Latop တစ်လုံးရဲ့ အသွင်အပြင်အတိုင်း အနီရောင် Backlit Keyboard သုံးထားပြီး ဘက်ထရီဟာ ပျမ်းမျှ ၈ နာရီအသုံးခံမယ်လို့ဆိုပါတယ်။ ကိုယ်ထည်ဟာ Aluminium Alloy Chasis နဲ့လာပြီး ပေါ့ပါးမှုကို ဦးစားပေးထားတဲ့ GF lineup တွေရဲ့ ထုံးစံအတိုင်း ၁.၈ ကီလိုဂရမ်ပဲ လေးမယ်လို့သိရပါတယ်။ RAM 8GB/1TB HDD (7200 RPM) နဲ့လာပြီး RAM ပမာဏကို 32GB အထိ တိုးနိုင်သလို SSD လည်း ထပ်တိုးနိုင်မယ့် လက်ပ်တော့ ဖြစ်ပါတယ်။




MSI GF 63 9RCX ဟာ GPU ပိုင်းမှာ ပုံမှန် Entry-Level Gaming Laptop တွေမှာ တွေ့နေကျဖြစ်တဲ့ GTX 1050 ထက် ဖရိန်ထွက်နှုန်း fps မှာ ၂၅% ပိုုသွက်မယ့် GTX 1050Ti သုံးထားတယ်လို့ဆိုပါတယ်။ ဒီလက်ပ်တော့မှာ သုံးထားတဲ့ Core i7-9750H Processor ဟာ6 Cores/12 Threads processor အမျိုးအစားဖြစ်တာကြောင့် Gaming ပိုင်းအပြင် အင်ဂျင်နီယာသုံး ဆော့ဖ်ဝဲလ်များ ၊ Streaming လုပ်ဆောင်ချက်များနဲ့Video Editing များပါ အသုံးပြုနိုင်မှာပါ။



MSI Intel Core i5-9300H ကတော့ 4 Cores/8 Threads processor အမျိုးအစား ဖြစ်ပြီး Intel နဲ့အပြိုင် AMD ရဲ့ 4 Cores/8 Threads ရှိတဲ့ Ryzen 7-3750Hသုံးထားတဲ့ Entry-Level Gaming Laptop တွေနဲ့စာရင် Game ကစားရာမှာရော ၊ Productivity ပိုင်းမှာပါ performance ပိုကောင်းတာ တွေ့ရပါတယ်။ သာမန်သုံးသူတွေအတွက်လည်း i5-9300H 9thGen processor ဟာWeb Browsing ပိုင်းမှာ Ryzen 7-3750H ထက် ၂၀% ၊ performance ပိုင်းမှာ ၃၅% နဲ့HD Media Editing ပိုင်းမှာ ၆၆% ပိုသွက်ပါတယ်။ 

Entry-Level Gaming Laptop တစ်လုံးအနေနဲ့MSI GF 63 9RCX ကို နောက်ထပ်ဆွဲဆောင်နိုင်တဲ့ အချက်က ဈေးနှုန်းပါ။ ပြည်တွင်းဈေးကွက်ထဲမှာ MSI GF 63 9RCX i7 9th Gen ကို ၉၉၉ ဒေါ်လာ ( မြန်မာငွေ ၁၅ သိန်းခန့်) ဈေး ၊ Core i5 9th Gen ကို ၈၉၉ ဒေါ်လာ ( မြန်မာငွေ ၁၃ သိန်းခွဲခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

Photo: MSI Gaming Facebook

Gaming Latop တစ်လုံးအနေနဲ့ latest processor ပါပြီး productivity အားကောင်းသလို ဈေးနှုန်း သင့်တင့်တယ်လို့ပြောနိုင်ပါတယ်။ တစ်နည်းအားဖြင့် U series core i7-8th Gen processor နဲ့MX Graphic သုံးထားတဲ့ Classic Laptop တွေရဲ့ ဈေးနှုန်းတွေ ဒေါ်လာ ၇၀၀ ကနေ ၈၀၀ အကြား ရှိချိန်မှာ နောက်ဆုံးပေါ် i7 9th Gen သုံးထားပြီး Computing Power အားပိုကောင်းတဲ့ H series processor ၊ GTX Grapics type သုံးထားတဲ့ ဒီလက်ပ်တော့ဟာ ဒေါ်လာ ၁၀၀ ကျော်ပဲ များတယ်လို့ဆိုရမှာပါ။

ပြည်တွင်းဈေးကွက်မှာ MSI GF 63 9RCX များကို pre-order လက်ခံနေပြီ ဖြစ်ပြီး pre-order မှာယူသူတွေကိုတော့ ဒေါ်လာ ၇၀ CashBack ၊ Original Backpack တစ်လုံးနဲ့Lootbox အပြင် SSD ပါ အခမဲ့ Upgrade လုပ်ပေးသွားမယ်လို့ဆိုပါတယ်။



ယခုဆောင်းပါးကို MSI မှ ကူညီပံ့ပိုးပေးထားပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က