ကျပ် ၂ သိန်း ဝန်းကျင်တန် Budget King လာပါပြီ
Nyein Min Wai

     စမတ်ဖုန်းတွေဟာ လူထုနဲ့အနီးဆုံး အီလက်ထရွန်းနစ် ထုတ်ကုန်တွေဆိုရင် မမှားပါဘူး။ ဒီခေတ်ကြီးမှာ လူတိုင်းလိုလိုရဲ့ လက်ထဲမှာ တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်နိုင်မယ့် အံ့ဖွယ်နည်းပညာ ရှိလာပြီ ဖြစ်ပါတယ်။

         စမတ်ဖုန်းတွေရဲ့ အတိတ်နဲ့ပစ္စုပ္ပန်

Photo: Pexels

         စမတ်ဖုန်း Main Stream ဟာ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း ထူးခြားတဲ့ အပြောင်းအလဲတွေကို ဦးတည်လာခဲ့ပါတယ်။ အရင် နှစ်နှစ်လောက်က ထွက်ခဲ့တဲ့ ဖုန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီဖုန်းတွေရဲ့ Key feature အဖြစ် အမွှန်းတင်ထားရတာက ကင်မရာနဲ့RAM/ROM ပါပဲ။

         ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ လောက်က စပြီး ဖုန်းတွေမှာ AI လို့ခေါ်တဲ့ ဉာဏ်ရည်တု လုပ်ဆောင်ချက်တွေ ၊ under-display fingerprint လို မှန်ပြင်အောက် လက်ဗွေနည်းပညာ ၊ အားကောင်းတဲ့ ဘက်ထရီပါဝါ နဲ့ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းတွေလိုမျိုး အပြောင်းအလဲသစ်တွေ ပါဝင်လာပါတယ်။

         ဒီဇိုင်းပိုင်းဆိုရင် All Screen မှန်ပြင်ပြည့် ဒီဇိုင်းဘက်ကို ဦးတည်လာပြီးနောက် Bezel တွေ ပါးနိုင်သမျှ ပါးဖို့အတွက် notch လို ၊ Pop-Up ဆယ်လ်ဖီကင်မရာလို ၊ Manual Slider ကင်မရာလို ဖုန်းကိုယ်ထည်ထဲ ကင်မရာထည့်ဖွက်တဲ့ အဆင့်အထိ အပြောင်းအလဲတွေကို တအံ့တသြ မြင်လာရပြီ ဖြစ်ပါတယ်။

စမတ်ဖုန်းနည်းပညာ အပြောင်းအလဲများတဲ့ ခေတ်

          ကျွန်တော်တို့ဖုန်းဆိုင်တစ်ဆိုင်ထဲ ဝင်ကြည့်မယ်ဆိုရင် ဘေးဘောင်ထူတဲ့ ဖုန်းတွေဟာ Date အောက်တဲ့ ဖုန်းတွေလို့ကျွန်တော်တို့မျက်လုံးက လက်ခံတဲ့အထိ ဒီဇိုင်းပိုင်းက အကြီးအကျယ် ပြောင်းလာပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ လက်ဗွေကို မှန်ပြင်အောက် ထားတာ ၊ AI functions တွေ လုပ်နိုင်တဲ့ ကင်မရာနည်းပညာ သုံးလာတာတွေကလည်း စမတ်ဖုန်း brand တွေရဲ့ Specs War ကနေ အမြတ်ထွက်လာတဲ့ အချက်လို့ဆိုရမှာပါ။

         နည်းပညာတွေ ပြောင်းလဲလာသလို စမတ်ဖုန်းဝယ်သူတွေရဲ့ Trend ကလည်း ပြောင်းလဲ လာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စမတ်ဖုန်းဈေးကွက်ဟာ mid-range နဲ့entry level ဖုန်းတွေကို အကြိုက်များတဲ့ ဈေးကွက်လိုု့အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ mid-range ဆိုရင် ကျပ် ၃ သိန်း ကနေ ၅ သိန်းလောက်ဟာ Local ဈေးကွက်အတွက် အဆင်ပြေတဲ့ ဈေးပါ။ ကျပ် ၃ သိန်းအောက်တန် ဖုန်းတွေကို ဘက်ဂျက်လို့ကင်ပွန်းတပ်ထားကြပါတယ်။

         ဘက်ဂျက်ဖုန်းဈေးကွက်ကနေ ပစ်မှတ်ထားတဲ့ Client ကို ကြည့်မယ်ဆိုရင် အကြမ်းဖျဉ်း ၂ မျိုး ခွဲလို့ရပါတယ်။ တန်ဖိုးနည်းပြီး ခေတ်မီဖုန်းသစ် ကိုင်ချင်တဲ့ လူငယ်တွေနဲ့ဈေးကို အဓိကထားပြီး စမတ်ဖုန်းသုံးချင်တဲ့ လူကြီးပိုင်းအတွက်ပါ။ လူငယ်တွေအတွက်ကတော့ ဖုန်းတစ်လုံးဟာ ဖက်ရှင်ကျပြီး Modernize ဒီဇိုင်းဖြစ်မယ် ၊ ဘက်ထရီအားကောင်းပြီး မိုဘိုင်းလ်ဂိမ်းဆော့လို့အဆင်ပြေရမယ် ၊ Selfie နဲ့ကင်မရာပိုင်း မဆိုးဘဲ ဈေးလည်း နည်းမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ဘက်ဂျက်ဖုန်းတွေကို ရွေးချယ်ကြပါတယ်။

Realme ဆိုတာ ဘာလဲ

Photo: klgadgetguy

         Realme ကတော့ အခုပြောတဲ့ အချက်နဲ့ကွက်တိကျတဲ့ စမတ်ဖုန်းတွေကို ထုတ်လာတဲ့ brand သစ်ပါ။ လူငယ် စမတ်ဖုန်း users တွေကို ဦးတည်ပြီး ထွက်လာတဲ့ brand တစ်ခု ဖြစ်တာကြောင့် Realme ဖုန်းတွေဟာ နုပျိုဆန်းသစ်ပြီး ခေတ်မီတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့လူငယ်စမတ်ဖုန်း users တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ ဖုန်းတွေလို့ဆိုနိုင်ပါတယ်။

ဒီဇိုင်းနဲ့Screen

Photo: Android Authority

         ပြည်တွင်းဈေးကွက်ထဲ ပြီးခဲ့တဲ့ ဇွန်လလယ်လောက်က ဝင်ရောက်လာတဲ့ Realme C2 မှာဆိုရင် ဈေးအားဖြင့်လည်း ၁ သိန်းခွဲနီးပါးကနေ ၂ သိန်းအောက် ဗားရှင်း နှစ်မျိုးနဲ့မိတ်ဆက်ထားတာပါ။ ဒီဇိုင်းအမြင်နဲ့ကြည့်မယ်ဆိုရင် ကျောဘက်မှာ Diamond pattern လို့ခေါ်ရမယ့် Laser Cutting နဲ့စိန်ကွက်ဖော်ထားတဲ့ ဒီဇိုင်းဟာ အမြင်အာရုံကို နှိုးဆွပေးနိုင်သလို ရှေ့ဘက် Dewdrop notch ကလည်း 5MP ဆယ်လ်ဖီကင်မရာတစ်နေရာတည်း ချန်ပြီး ကျန်တဲ့ Screen တစ်ခုလုံးအတွက် နေရာပေးထားတာ ဖြစ်ပါတယ်။

         Camera ၊ Battery & Performance

Photo: Realme

         မျက်နှာပြင် ၆.၁ လက်မဟာ အရွယ်အစားအားဖြင့် ခေတ်ပေါ်ဖုန်းတိုင်းနဲ့ရင်ဘောင်တန်းနိုင်မယ့် Screen Size ဖြစ်ပြီး HD+ ရုပ်ထွက်ကလည်း စိတ်ကျေနပ်စရာဖြစ်မှာပါ။ ကျောဘက်မှာ AI Dual ကင်မရာအတွဲဖြစ်တဲ့ 13MP+2MP ဟာ ရှုခင်းနဲ့ရိုက်ချက်တိုင်းကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ပြီး နောက်ခံ Background ကို Blur အဝါးဒီဇိုင်းနဲ့ခေတ်မီ Bokeh Effect တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

         ကင်မရာပိုင်းအပြင် စိတ်ချမ်းသာစရာကောင်းတဲ့ နောက်အချက်ကတော့ ဘက်ထရီပါဝါပါပဲ။ ပါဝါကြီးတာဟာ ဖုန်းတစ်လုံးကို ကြာကြာသုံးတဲ့ သူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ။ 4000 mAh ဘက်ထရီပါဝါသုံးထားတဲ့ Realme C2 ကတော့ တစ်နေ့လုံး အသုံးခံမယ့် ဘက်ထရီပါဝါဖြစ်ပြီး သုံးထားတဲ့ Helio P22 processor ကလည်း ဖုန်းရဲ့ ဘက်ထရီပါဝါ သုံးစွဲမှုကို ချွေတာပေးနိုင်တဲ့ အားသာချက် ရှိပါတယ်။

         မိုဘိုင်းလ်ဂိမ်းကစားရတာကို နှစ်သက်သူတွေအတွက် မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး မိုဘိုင်းဂိမ်းတွေ ဖြစ်တဲ့ PUBG နဲ့Mobile Legends တွေကို low-frame rate နဲ့သာသာယာယာ ကစားနိုင်မှာပါ။ RAM/storage အနေနဲ့2GB/16GB အတွဲအပြင် 3GB/32GB လည်း ထွက်ထားပြီး external MicroSD card ပံ့ပိုးမှုမှာ 256GB ပါလာတာကြောင့် storage ကို စိတ်ကြိုက်တိုးနိုင်မှာ ဖြစ်ပါတယ်။

         Software & Price

Photo: Technical Hindustani

         ဆော့ဖ်ဝဲလ်ပိုင်းမှာလည်း Realme C2 ဟာ နောက်ဆုံးထွက် Android 9 Pie ကို အခြေခံထားတဲ့ ColurOS 6 နဲ့လာတာပါ။ Budget King ဆိုတဲ့ ဦးတည်ချက်နဲ့ထွက်လာတဲ့ Realme C2 ဟာ RAM 2GB မော်ဒယ်အတွက် မြန်မာငွေ ၁၃၃၉၀၀ ကျပ်နဲ့RAM 3GB မော်ဒယ်ကို မြန်မာငွေ ၁၈၉၀၀၀ ကျပ်ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဒီဈေးဟာ အိန္ဒိယမှာ ကြေညာသွားတဲ့ ဈေးနှုန်းတွေ ဖြစ်တဲ့ ၅၉၉၉ ရူပီး ( ခန့်မှန်းခြေ မြန်မာငွေ ကျပ် ၁ သိန်း ၃ သောင်း ၂ ထောင်ခန့်) နဲ့၇၉၉၉ ရူပီး ( ခန့်မှန်းခြေ မြန်မာငွေ ၁ သိန်း ၇ သောင်း ၆ ထောင်ခန့်) ဈေးတွေနဲ့သိပ်မကွာတာ တွေ့ရပါတယ်။ ဒါဘာကြောင့်ပါလဲ။

         မြန်မာနိုင်ငံ Realme ဈေးကွက်ပိုင်းကို ကိုင်နေတဲ့ Head of Brand Communications ဖြစ်သူ ကိုဝေဖြိုးအောင်ကတော့ " မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲချင်နေကြတဲ့ လူငယ်တွေအတွက် အရည်အသွေးကောင်းတဲ့ထုတ်ကုန်တွေကို တန်ဖိုးသင့်တင့်မျှတစွာ ပိုမိုအသုံးပြုနိုင်စေဖို့နဲ့ realme ဖုန်းတွေနဲ့ထိတွေ့သုံးစွဲရာမှာ ရရှိလာတဲ့ best smartphone experience တွေကိုပေးစေချင်တဲ့အတွက် Profit Mergin ကို လုံးဝဖြုတ်ချပြီး အခွန်တံဆပ်ခေါင်းတန်ဖိုးအပါအဝင်နဲ့ အခုလိုရောင်းချပေးလိုက်တာဖြစ်ပါတယ်။ " လို့ရှင်းပြပါတယ်။

  ဘာတွေ အာမခံပေးထားသလဲ

         Realme ထုတ်ကုန်တွေဟာ တမူထူးခြားတဲ့အာမခံချက်နဲ့ဈေးကွက်ထဲ ဝင်လာတာပါ။ Realme ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Brand Communications အကြီးအကဲ ဖြစ်တဲ့ ကိုဝေဖြိုးအောင်ကတော့ " Realme ဖုန်းတိုင်းအတွက် ဖုန်း Accessories တွေကို ၆ လ အာမခံနဲ့ဖုန်းအတွက် ၁ နှစ်တိတိအာမခံထည့်သွင်းပေးထားပါပတယ်။ Software ပိုင်းအတွက်ကတော့ တစ်သက်တာ အာမခံပေးထားလို့Service Center တွေမှာ အချိန်မရွေး ပြသစစ်ဆေးပြုပြင်ပေးနေပါတယ်" လို့အာမခံထားပါတယ်။ 

ယခု သတင်းဆောင်းပါးကို Realme မှ ကူညီပံ့ပိုးပေးထားပါသည်။


ဆက်စပ်အကြောင်းအရာများ


က္က