ကိုယ်နဲ့မကွာ ပါလာတဲ့ ဖုန်းနဲ့အတူ လုံခြုံမှုလည်း ရှိသင့်ပါတယ်။

တကယ်လို့သင်အသက်အန္တရာယ်နဲ့ကြုံနေချိန် သင့်ဘေးမှာ ဘယ်သူမှ မရှိတဲ့အခါ သင့်ဖုန်းထဲက ဒီ applications တွေက သင့်အတွက် အသက်သခင်ဖြစ်သွားနိုင်ပါတယ်။

 



(၁) Disaster Alert

Capture.JPG 

ပစိဖိတ်ဘေးအန္တရာယ်ဌာနမှ ကမ္ဘာ့ကပ်ဘေးသတင်းပေးရေး ကနေ ထုတ်လိုက်တဲ့ application တစ်ခုပါ။ Disaster Alert ဟာ ကမ္ဘာတစ်ဝန်းက သဘာဝဘေးအန္တရာယ်များနဲ့ပတ်သက်ပြီး တင်ကြိုသတိပေးချက်များ ထုတ်ပြန်သွားမှာဖြစ်သလို ကပ်ဘေးပေါင်းစုံ စောင့်ကြည့်ရေးစနစ်များပါ ထည့်သွင်းထားပါတယ်။ ဒီ app မှာပါတဲ့ DisasterAWARE ပလက်ဖောင်းကနေ နေ့စဉ်ဖြစ်ပျက်နေတဲ့ ကမ္ဘာ့ရာသီဥတု နဲ့ငလျင်လိုမျိုး သဘာဝဘေးများကို သိနိုင်မှာပါ။

နိုင်ငံအလိုက်ကြည့်ရာမှာလည်း ဘယ်နိုင်ငံ ဘယ်မြို့မှာ ဘယ်အချိန်က ရေကြီးနေတယ်။ မုန်တိုင်း တိုက်သွားတယ်ဆိုတာကိုပါ တိုက်ရိုက် ဝင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

 

(၂) Watch Over Me

3868.jpg 

နာမည်ကြီး safety app ထဲမှာမှ Watch Over Me ရဲ့ ကောင်းကွက်တစ်ခုက အရေးပေါ်အခြေအနေတစ်ခု ကြုံလာတာနဲ့ဖုန်းကို လှုပ်ယမ်းပစ်လိုက်ရင် တစ်ခါတည်း အကူအညီတောင်းပြီး ဖြစ်သွားမှာပါ။ အရေးပေါ် ခလုတ်တွေ ဘာတွေ နှိပ်စရာမလိုတာသလို ဖုန်းကို ဖွင့်စရာတောင် မလိုဘဲ အကူအညီတောင်းနိုင်တာကလည်း တကယ့် ကျဉ်းထဲ ကျပ်ထဲမှာ အသုံးတည့်တဲ့ feature လို့ဆိုနိုင်ပါတယ်။

ဖုန်းကို လှုပ်ယမ်းလိုက်တာနဲ့alarm နဲ့ဗွီဒီယိုကင်မရာပါ တစ်ခါတည်း ပွင့်သွားမှာ ဖြစ်ပြီး အရေးပေါ် ဖုန်းနံပါတ်နဲ့ကိုယ့်ရဲ့ သီးသန့်သူငယ်ချင်းစာရင်းများဆီ Facebook ၊ SMS ၊ email စတဲ့ နေရာတွေကနေ လှမ်းအကြောင်းကြားသွားမှာပါ။ တည်နေရာပြစနစ်သုံး app ဖြစ်လို့GPS ကိုတော့ ဖွင့်ထားရမှာ ဖြစ်ပါတယ်။

 

(၃) Life 360

LIFE360-ANDROID-APP-640x360.jpg 

အိမ်မှာ ကျန်နေတဲ့ မိသားစုမှ ကိုယ်ရောက်နေတဲ့ နေရာကို လှမ်းသိနိုင်တဲ့ safety app ကောင်းတစ်ခုပါ။ လုံခြုံရေးအက်ပလီကေးရှင်းများမှာ ပါနေကျ feature ဖြစ်တဲ့ SoS အရေးပေါ် မက်ဆေ့ပုံစံကိုလည်း ထည့်သွင်းထားသလို ထူးခြားတာတစ်ခုက ကိုယ်ရောက်နေတဲ့ နေရာရဲ့ မြေပုံကို မိသားစုဝင်တွေနဲ့မိတ်ဆွေတွေပဲ မြင်နိုင်တဲ့ သီးသန့်private map ထည့်ထားတာပါပဲ။

ဘက်ထရီလည်း သိပ်မစားသလို iPhone ၊ Android phones တွေအပြင် BlackBerry ဖုန်းတွေမှာတောင် သုံးနိုင်မှာပါ။ နောက်တစ်ခုက ကိုယ့်ဖုန်းအခိုးခံရတာတို့ပျောက်သွားတာတို့တောင် ဒီ app သုံးပြီး ပြန်ခြေရာခံနိုင်မှာ ဖြစ်ပါတယ။်

 

(၄) ICE: In Case of Emergency

 

ICE app ဟာ အရေးပေါ်အခြေအနေမှာ ဆက်သွယ်နိုင်မယ့် အရေးကြီး အချက်အလက်များကို သိမ်းထားတဲ့ app ပါ။ နိုင်ငံခြားခရီးသွားတတ်သူများအတွက် ရောက်ရာနိုင်ငံအလိုက်အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကို အလိုအလျောက် update ပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီ app ဟာ အရေးပေါ် အက်ဆီးဒင့်ဖြစ်နေချိန် ၊ ဖုန်းလော့ခ်ချထားချိန်မှာတောင် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ICE app ရဲ့ lock screen မှာ ဖုန်းပျောက်သွားတဲ့ အခြေအနေမျိုးမှာ "တွေ့ခဲ့ရင်"ဆိုပြီး အသိပေးမယ့် မက်ဆေ့တစ်ခုပါ ပါရှိပါတယ်။

အရေးပေါ်ဆက်သွယ်ရမယ့် ဌာနတွေဆီ SOS ပို့တဲ့အခါတိုင်း GPS ကနေ ကိုယ်လက်ရှိ ရောက်နေတဲ့ နေရာကို အလိုအလျောက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဘာသာစကား ၁၃ မျိုးနဲ့သုံးနိုင်ပြီး ခရီးသွားစဉ် မဖြစ်မနေ အသုံးပြုသင့်တဲ့ app လို့ဆိုရမှာပါ။

 

(၅) Circle of 6

circle6app_slide-95d772b0ee423ee55267f4a0a57e7f46d1cbf328-s900-c85.jpg 

၂၀၁၁ ခုနှစ်က အိမ်ဖြူတော်ရဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေးမှာ နည်းပညာဆုရထားတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ အနည်းဆုံး ကိုယ်ကနေ ဆက်သွယ်နိုင်တဲ့ သူငယ်ချင်း မိသားစုဝင် ၆ ဦးကို circle ထဲမှာ ထည့်ထားရမှာပါ။ တစ်ခုခုကြုံလာပြီဆိုရင် အက်ပ်မှာပါတဲ့ ကားပုံ ၊ ဖုန်းပုံ နဲ့ chat icon တစ်ခုခုကို နှိပ်ပြီး အကူအညီတောင်းနိုင်တဲ့အပြင် အရေးပေါ် အန္တရာယ်အချက်ပေး ခလုတ်တစ်ခုလည်း ပါရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က