၃၉၉ ဒေါ်လာဈေးကနေ စတင်ရောင်းချသွားမှာပါ

ပရီမီယံဖုန်းတွေပဲ ထုတ်ထားတဲ့ Google ဟာ ဒီတစ်ခေါက်မှာတော့ mid-ranger မော်ဒယ် ဖုန်းသစ်နှစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

         Google I/O Developer Conference ပွဲကနေ Google Pixel 3a /3a XL တို့ကို မိတ်ဆက်လိုက်တာ ဖြစ်ပြီး တန်ဖိုးကြီး Google Pixel 3 တွေရဲ့ ဒီဇိုင်းနဲ့features တစ်ချို့ကို သုံးထားတာပါ။ ဒီဇိုင်းပိုင်းမှာ Pixel 3 / 3 XL များအတိုင်း ထွက်လာတာ ဖြစ်ပေမယ့် glass body အစား ပလတ်စတစ်ကိုယ်ထည်ကို ပြောင်းလဲ အသုံးပြုလာတာ ဖြစ်ပါတယ်။



Photo: Business Insider


         Pixel 3a ဟာ မျက်နှာပြင် ၅.၆ လက်မဖုန်းဖြစ်ပြီး OLED Panel FHD+ display နဲ့လာပါတယ်။ Pixel 3a XL ကတော့ ၆ လက်မမျက်နှာပြင် OLED display နဲ့လာပြီး ဖုန်းနှစ်လုံးစလုံးမှာ notch မပါတော့ဘဲ အထက်အောက် ဘောင်က သိသိသာသာ ထူထဲနေတာ တွေ့ရပါတယ်။ display ပေါ်ကိုတော့ အကြမ်းခံတဲ့ Gorilla Glass မှန်အစား Dragontrail Glass ကို သုံးထားပါတယ်။

         ဒီဖုန်းတွေမှာ အရင် ပရီမီယံမော်ဒယ်တွေလို ရေစိုခံနှုန်းနဲ့ကြိုးမဲ့အားသွင်းတဲ့ စနစ် မပါတော့ပေမယ့် headphone jack သုံးထားပါတယ်။ processor အနေနဲ့Pixel 3a/3a XL ဖုန်းတွေဟာ Snapdragon 670 SoC လို mid-range processor ကို သုံးထားပြီး ထူးခြားတာက အရင် Pixel 3 ဖုန်းတွေလိုမျိုး RAM 4GB/64GB storage ပါရှိတာပါ။

         Pixel 3a/3a XL တို့ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး feature ထဲက တစ်ခုကတော့ ကင်မရာစနစ် ဖြစ်ပါတယ်။ အရင် Pixel 3 မှာ နာမည်ကြီးခဲ့တဲ့ Night Signt ၊ Top Shot ၊ Super Res Zoom နဲ့HDR+ ကင်မရာစနစ်တွေကို ဒီဖုန်းတွေမှာသုံးထားပါတယ်။ စမတ်ဖုန်းကင်မရာထဲမှာ Google Pixel 3 ရဲ့ ဒီကင်မရာစနစ်ကို ယှဉ်နိုင်တဲ့ ဖုန်း ရှားပါတယ်။


Photo: venturebeat

         ကျောဘက်မှာ fingerprint scanner နဲ့အတူ 12MP ကင်မရာ ၊ ရှေ့ဘက် 8MP ကင်မရာတွေ သုံးထားပြီး Pixel 3/3XL တို့ထက် ဘက်ထရီပါဝါပိုများလာပါတယ်။ USB Type C port ကနေ အားသွင်းနိုင်မယ့် Pixel 3a နဲ့3a XL တို့ဟာ 3000mAh နဲ့3700 mAh ဘက်ထရီတွေ သုံးထားပြီး 18W Fast charging စနစ် ပံ့ပိုးထားပါတယ်။

         ဈေးကွက်ထဲမှာတော့ Pixel 3a / 3a XL တို့ကို Just Black ၊ Clearly White နဲ့Purple ကာလာ သုံးရောင်နဲ့ဖြန့်ချိရောင်းချသွားမှာပါ။ ဈေးနှုန်းအနေနဲ့Pixel 3a ကို ၃၉၉ ဒေါ်လာ ( မြန်မာငွေ ၆ သိန်းကျော်) နဲ့Pixel 3a XL ကို ၄၇၉ ဒေါ်လာ ( မြမန်မာငွေ ၇ သိန်း ၃ သောင်းခန့်) ဈေးနဲ့Google ဖုန်းဈေးကွက်တိုင်းမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က