ဇန်နဝါရီ ၅ ရက်နေ့မှာ ရောင်းချသွားမှာပါ

အန်းဒရိုက်ဖုန်းတွေထဲမှာ ခေတ်စားလာနေတဲ့ waterdrop notch စတိုင်ကို သုံးလာတဲ့ မျက်နှာပြင်ကြီးကြီး Huawei Y7 Pro (2019) ကို ဗီယက်နမ်ဈေးကွက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

Photo: GSMArena

         Huawei Y7 Pro (2019) မော်ဒယ်ဟာ ဘက်ဂျက်စီးရီး စမတ်ဖုန်းတစ်မျိုး ဖြစ်ပြီး သူ့ရဲ့ အားသာချက်ကတော့ ရုပ်ထွက်ကောင်းတဲ့ အကြီးစား မျက်နှာပြင် နဲ့ရှည်လျားသေးသွယ်တဲ့ 19:9 ratio ဒီဇိုင်းလို့ပြောရမှာပါ။ မျက်နှာပြင်အကြီးစားဖုန်းတွေဟာ ဖျော်ဖြေရေးပိုင်းမှာ အားရစရာကောင်းတဲ့ ဖုန်းတွေ ဖြစ်လို့၆.၂၆ လက်မ HD+ ရုပ်ထွက်ပါတဲ့ Huawei Y7 Pro (2019) ကလည်း အတော်လေး အဆင်ပြေတဲ့ ဖုန်းသုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မယ့် ဖုန်းတစ်မျိုးလို့ဆိုနိုင်ပါတယ်။

         အားနည်းချက်ပိုင်းမှာ Snapdragon 450 SoC လို အတော်လေး နိမ့်နေတဲ့ processor ၊ 3GB/32GB အတွဲပဲ ပါတဲ့ RAM/storage ဖွဲ့စည်းမှုကတော့ ဒီခေတ်အနေအထားနဲ့သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီဇိုင်းပိုင်းမှာတော့ Huawei P series လိုမျိုး flagship ဟန်ကို ယူထားလို့အတော်လေးကို ကြည့်ကောင်းတဲ့ ဖုန်းတစ်လုံးလို့ပြောနိုင်ပါတယ်။

         ကင်မရာအနေနဲ့ထောင်လိုက် dual AI Cameras တွေလို့ကြေငြာထားတဲ့ 13MP+2MP အတွဲနဲ့လာပြီး ရှေ့ဘက် notch ထဲမှာတော့ 16MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားပါတယ်။ fingerprint scanner မပါတော့တဲ့ ဒီဖုန်းဟာ Face Unlock စနစ်ကို သုံးထားပြီး လုံခြုံရေးအဆင့်မြှင့်တင်ထားတယ်လို့ဆိုပါတယ်။

         OS စနစ်ပိုင်းမှာ EMUI 8.2 အခြေခံထားပြီး Android Oreo စနစ်ကို သုံးထားပါတယ်။ Huawei Y7 Pro (2019) မှာ စိတ်ဝင်စားစရာတစ်ခုက Huawei Mate 20 series တို့လို 4000 mAh အကြီးစား ဘက်ထရီ ပါလာတာ ဖြစ်ပါတယ်။ ဒီတော့ Huawei Y7 Pro (2019) ကို ဘက်ဂျက်ဖုန်းတစ်လုံးအနေနဲ့ကြည့်ရင် သင့်တယ်လို့ပြောနိုင်ပါတယ်။

Photo: GSMArena

         ဒီဖုန်းကို Aurora Black နဲ့Blue ကာလာနှစ်ရောင်နဲ့ရောင်းချထားပြီး ဗီယက်နမ်ဒေါင် ၃၉၉၀၀၀၀ (မြန်မာငွေ ၂ သိန်းခွဲခန့်) ဈေးနဲ့လာမယ့် ဇန်နဝါရီ ၅ ရက်နေ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က