triple lens ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးဖုန်းပါ
Nyein Min Wai

ပြည်တွင်းဈေးကွက်ထဲ လတ်တလော ဝင်ရောက်လာတဲ့ စမတ်ဖုန်းတွေထဲက Triple lens နဲ့ဈေးအနည်းဆုံးဖုန်းကတော့ TECNO SPARK 4 ပါပဲ။


TECNO Mobile ရဲ့ နောက်ဆုံးထွက် TECNO SPARK 4 ဟာ အရင်ကထက် ပိုမိုကျယ်ပြန့်လာတဲ့ ၆.၅၂ လက်မမျက်နှာပြင်နဲ့ထွက်ထားပြီး Dot-notch ဒီဇိုင်းသစ်ကြောင့် Screen-to-Body အချိုး ၉၀% ရှိလာပါတယ်။ ဒီဇိုင်းပိုင်းမှာ modernize ဖြစ်ပြီး ကာလာရောင်ပြေး ၂ မျိုးနဲ့ထွက်ထားပါတယ်။ ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲ ကင်မရာတွေနဲ့အတူ fingerprint reader တစ်ခုလည်း တပ်ဆင်ထားပါတယ်။

Photo: TECNO Mobile

သူ့အရင် မိတ်ဆက်ခဲ့တဲ့ TECNO SPARK 3 Pro နဲ့မတူတာကလည်း ပိုကြီးလာတဲ့ အရွယ်အစားနဲ့ပိုများလာတဲ့ ကင်မရာ ဖွဲ့စည်းမှုပါပဲ။ TECNO SPARK 4 ဟာ 13MP ကင်မရာ ၃ လုံးနဲ့dual flash သုံးသွားပါတယ်။ ကင်မရာ ၃ လုံးတွဲ ဖုန်းတွေထဲမှာ TECNO SPARK 4 ထက် ဈေးချိုတဲ့ ဖုန်း ရှားမယ်ဆိုတာ သိသာပါတယ်။

ရှေ့ဘက် Dot Notch ထဲမှာလည်း flash တစ်ခုနဲ့အတူ 8MP ဆယ်လ်ဖီကင်မရာကို သုံးထားပါတယ်။ ကင်မရာလုပ်ဆောင်ချက်တွေကတော့ ခေတ်ပေါ် စမတ်ဖုန်းတွေအတိုင်း AI Bokeh ၊ AI HDR စတဲ့ function တွေ ပါမှာ ဖြစ်ပါတယ်။ TECNO SPARK 4 ဟာ အရင် TECNO SPARK 3 Pro အတိုင်း အကြီးစား 4000 mAh ဘက်ထရီနဲ့လာတာကြောင့် ဘက်ထရီပါဝါအတွက် ခေါင်းကိုက်စရာလိုတော့မှာ မဟုတ်ပါဘူး။


Photo: TECNO Mobile

တစ်ခြား specs တွေအနေနဲ့Quad Core 2.0GHz CPU ၊ RAM 3GB/32GB storage နဲ့RAM 4GB/64GB storage များနဲ့ထွက်ထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie ပေါ် အခြေခံထားတဲ့ HiOS 5.5 စနစ်နဲ့လာပြီး Game Bosst စနစ် ၊ ကွန်ရက်ချိတ်ဆက်မှု မြန်စေမယ့် Network Acceleration စတဲ့ UX ပိုင်း အတွေ့အကြုံသစ်တွေ ထည့်သွင်းပေးထားတယ်လို့ဆိုပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှတော့ TECNO SPARK 4 ကို Royal Purple နဲ့Vacation Blue ကာလာ ၂ ရောင်နဲ့ဝယ်ယူနိုင်မှာ ဖြစ်ပြီး အနိမ့်မော်ဒယ်ဖြစ်တဲ့ RAM 3GB/32GB storage ဗားရှင်းကို မြန်မာငွေ ၁၅၉၉၀၀ ကျပ်နဲ့RAM 4GB/64GB storage ဗားရှင်းကိုတော့ မြန်မာငွေ ၁၉၉၀၀၀ ကျပ် ဈေးနဲ့ရောင်းချသွားမှာပါ။



ယခုသတင်းဆောင်းပါးအား TECNO Mobile မှ ကူညီပံ့ပိုးပေးထားပါသည်။


က္က