ဒီဇိုင်း အပြောင်းအလဲ လုပ်မထားပါဘူး

Huawei ဟာ 5G chipset သစ်နဲ့ Foldable ဖုန်းတစ်လုံးကို ကြေညာလိုက်ပါတယ်။

Huawei Mate Xs ဟာ သူ့အရင်ထွက်ထားတဲ့ Mate X ရဲ့ ခေါက်သိမ်းမှုပုံစံကို ပြန်သုံးထားပြီး display ခေါက်သိမ်းတဲ့ ပတ္တာ hinge တည်ဆောက်မှုကို အဆင့်မြှင့်တင်ထားတာပါ။ ဒီဇိုင်းအနေနဲ့ မူလဒီဇိုင်းကိုပဲ သုံးထားတယ်ဆိုပေမယ့် Mate Xs မှာ နောက်ထပ် စိတ်ဝင်စားစရာ features သစ်တွေ ပါဝင်လာပါတယ်။



Photo: Huawei

အမေရိကန်ရဲ့ Entity List စာရင်းဝင်ထားတဲ့ Huawei ဟာ Mate Xs မှာလည်း Google apps နဲ့ services တွေ ပါမလာခဲ့တာကြောင့် Google Play Store သုံးလို့ရမှာ မဟုတ်ပါဘူး။ screen မှာ ထူးခြားတာက အကြမ်းခံမှု ပိုမြင့်တဲ့ quad-layer တည်ဆောက်မှု ပါရှိပြီး ခေါက်သိမ်းနိုင် Flexible OLED display ရဲ့ အပေါ်မှာ polyamide film နှစ်လွှာ အုပ်ထားတာပါ။

Samsung Galaxy Z Flip လိုမျိုး glass display မဟုတ်ဘဲ plastic နဲ့ပဲ လုပ်ထားတာ ဖြစ်ပါတယ်။ ဖြန့်ထားချိန်မှာ မျက်နှာပြင်အရွယ်အစားဟာ ၈ လက်မ ရှိပြီး ခေါက်ထားချိန်မှာတော့ ၆.၆ လက်မ ရှိမှာပါ။ ရှေ့ screen အချိုးဟာ 19.5:9 ရှိပြီး ကျောဘက်မှာ selfie အတွက် viewfinder တစ်ခုလိုလည်း အလုပ်လုပ်နိုင်မယ့် 25:9 Screen အချိုး သုံးသွားပါတယ်။

ရှေ့ကင်မရာ မသုံးတော့ဘဲ ဆယ်လ်ဖီဆွဲဖို့ဆိုရင် ဖုန်းကို ခေါက်ထားပြီး ကျောဘက်ကနေ ဆယ်လ်ဖီဆွဲရမှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 4500 mAh ဟာ 55W fast charging ပံ့ပိုးပေးထားလို့ အားသွင်းရ အတော်လေးကို မြန်ဆန်မှာပါ။ processor ကိုလည်း Kirin 980 SoC ကနေ Kirin 990 processor ကို သုံးသွားပြီး 5G modem ကလည်း chipset မှာ တစ်ခါတည်း ပါလာပါတယ်။

ဆော့ဖ်ဝဲလ်ပိုင်းမှာ Google Mobile Services (GMS) အစား open-source ဗားရှင်း အန်းဒရိုက် နောက်ဆုံးစနစ်ပေါ်မှာ အလုပ်လုပ်တဲ့ Huawei Mobile Services (HMS) ပြောင်းသုံးလာပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Huawei Mate Xs ဟာ display ဘယ်ဘက် ၊ ညာဘက်နဲ့ Windows ပေါ်မှာ သက်သက် app ဆိုပြီး app သုံးခုကို တစ်ပြိုင်နက်တည်း ဖော်ပြနိုင်မယ်လို့ ဆိုပါတယ်။

Photo: Nasi Lemak Tech

ကင်မရာတွေကတော့ သိပ်ပြီး ထူးထူးခြားခြား အပြောင်းအလဲ လုပ်မထားဘဲ ပင်မ 40MP ကင်မရာ ၊ 8MP telephoto ကင်မရာ ၊ 16MP ultra wide ကင်မရာနဲ့ 3D depth sensing ကင်မရာတွေပဲ သုံးထားပါတယ်။ ထူးခြားတာက Huawei Mate Xs ကို Global မှာပါ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ RAM 8GB/512GB storage ဗားရှင်းမော်ဒယ် Huawei Mate Xs ကို နောက်လကစပြီး ၂၄၉၉ ယူရို (မြန်မာငွေ ၃၉ သိန်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က