Dolby Atmos 3D အသံစနစ်နဲ့ လာပါတယ်

Samsung ဟာ S Pen support ပေးထားတဲ့ ၁၀.၄ လက်မအရွယ် Galaxy Tab S6 Lite ကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

ဒီတက်ဘလက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ မိတ်ဆက်သွားတဲ့ Galaxy Tab S6 ရဲ့ Lite ဗားရှင်းဖြစ်ပြီး WiFi နဲ့ LTE ဗားရှင်းအဖြစ် ထွက်လာတာပါ။ ကာလာ ၃ မျိုးနဲ့ ရွေးချယ်နိုင်ပြီး နောက်ဆုံးပေါ် Galaxy စီးရီး တက်ဘလက်အဖြစ် ပြီးခဲ့တဲ့ ဧပြီလက မိတ်ဆက်ခဲ့တဲ့ တက်ဘလက်လည်း ဖြစ်ပါတယ်။ 




Photo: GSMArena

Galaxy Tab S6 Lite ဟာ mid-range တက်ဘလက်ဖြစ်ပြီး အင်ဒိုနီးရှား‌ဈေးကွက်မှာ 64GB နဲ့ 128GB storage ဗားရှင်းနှစ်မျိုးနဲ့ နှစ်ဆန်းပိုင်းက မိတ်ဆက်ထားတာပါ။ အိန္ဒိယမှာတော့ 64GB storage တစ်မျိုးတည်းပဲ ဝယ်နိုင်မယ်လို့ ဆိုပါတယ်။ ၁၀.၄ လက်မဟာ 1200x 2000pixel TFT display သုံးထားပြီး octa-Core Exynos 9611 SoC နဲ့ RAM 4GB ပါရှိပါတယ်။

ကျောဘက်မှာ Auto focus lens တစ်ခုနဲ့ 8MP ကင်မရာတစ်လုံးတည်း သုံးထားပြီး ရှေ့ဘက်မှာ 5MP selfie ကင်မရာတစ်ခု ပါလာပါတယ်။ Galaxy S6 Lite ဟာ microSD card ကနေ 1TB အထိ ထပ်တိုးနိုင်ပြီး dual-band WiFi ၊ 3.5mm headphone jack ၊ နှစ်လုံးတွဲ စပီကာနဲ့ Dolby Atmos 3D ပတ်ပတ်လည်အသံစနစ် ၊ S Pen တို့လည်း ပါရှိပါတယ်။

7040mAh ဘက်ထရီဟာ 15W charging သွင်းနိုင်ပြီး အားအပြည့်သွင်းချိန်မှာ အင်တာနက် ၁၂ နာရီအထိ အသုံးခံတယ်လို့ ဆိုပါတယ်။ Android 10 ကို အခြေခံထားတဲ့ One UI 2 နဲ့ လာပြီး Chiffon Pink ၊ Angora Blue နဲ့ Oxford Gray ကာလာ ၃ ‌ရောင်နဲ့ ဝယ်ယူနိုင်မှာပါ။ WiFi ဗားရှင်း ၂၇၉၉၉ ရူပီး (မြန်မာငွေ ၅ သိန်း ၂ သောင်းခန့်) နဲ့ LTE မော်ဒယ်ကို ၃၁၉၉၉ ရူပီး (မြန်မာငွေ ၆ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က