မြန်မာငွေ ၃ သိန်းကျော်််််တန် 5G ဖုန်း

တရုတ်ဈေးကွက်မှာ အသစ်မိတ်ဆက်လိုက်တဲ့ Redmi 10X နဲ့ Redmi 10X Pro ကတော့ 5G ဖုန်းတွေ လူတိုင်းကိုင်နိုင်ကြပြီလို့ သက်သေပြလိုက်တာပါ။

Redmi 10X စီးရီး မထွက်ခင်ကတည်းက သတင်းတွေ ပလူပျံခဲ့တာ ဖြစ်ပြီး တကယ်တမ်း မိတ်ဆက်ချိန်မှာလည်း စိတ်ဝင်စားစရာ features တွေနဲ့ ကြေညာသွားလို့ စောင့်ရတာ တန်တဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။ Redmi 10X series ဟာ 6.57 လက်မ Samsung AMOLED display နဲ့ လာပြီး FHD+ ရုပ်ထွက်ဖြစ်တဲ့ 2400 x 1080p ပါရှိပါတယ်။



Photo: gearcoupon


HDR 10 စနစ်ပါရှိပြီး အမြင့်ဆုံးတောက်ပမှု 800 nits အထိ ရပါတယ်။ ဖုန်းလုံခြုံရေးအတွက် in-display လက်ဗွေစနစ် ထည့်ပေးထားပါတယ်။ Redmi 10X နဲ့ Redmi 10X Pro တို့ဟာ အသစ်မိတ်ဆက်ထားတဲ့ MediaTek Dimensity 820 5G chipset သုံးထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 5G+5G dual standby ပံ့ပိုးမှုပေးထားလို့ တစ်ပြိုင်နက်တည်းမှာ 5G SIM နှစ်ကဒ်စလုံး သုံးနိုင်ပါတယ်။

Redmi 10X နဲ့ Redmi 10X Pro တို့ဟာ RAM 8GB/256GB storage အထိ ပါရှိပြီး ကင်မရာပိုင်းမှာ ရိုးရိုးမော်ဒယ်ဟာ triple lens နဲ့ Pro မော်ဒယ်ဟာ quad lens သုံးထားတာပါ။ Redmi 10X ဟာ 48P primary lens ၊ 8MP wide-angle lens နဲ့ 2MP depth sensor များ သုံးထားပြီး ရှေ့ဘက် notch ထဲမှာ 16MP ကင်မရာနဲ့ လာပါတယ်။

Pro မော်ဒယ်မှာတော့ 48MP primary lens ၊ 30x digital zoom ပါ 8MP ကင်မရာ ၊ 8MP wide-angle lens နဲ့ 5MP macro lens တို့ သုံးထားပါတယ်။ ကျောဘက်ကင်မရာ ပုံစံဟာ Redmi 10X အတိုင်း ကျောလယ် စတုရန်းကွက် Camera Setup ဖြစ်ပါတယ်။ ရှေ့ဘက် notch ထဲမှာ 20MP selfie ကင်မရာ ထည့်ထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ Android 10 ကို အခြေခံထားတဲ့ MIUI 12 UI နဲ့ လာပါတယ်။


Photo: seogoog

Redmi 10X နဲ့ 10X Pro တို့ဟာ 4520mAh ဘက်ထရီ သုံးထားပါတယ်။ ရိုးရိုးမော်ဒယ်ဟာ 22.5W fast charging ပါရှိပြီး Pro မော်ဒယ်ကတော့ 33W fast charging ပံ့ပိုးထားပါတယ်။ အပြာ ၊ ခရမ်းနဲ့ ရွှေရောင် ကာလာ ၃ မျိုးနဲ့ ထွက်ထားပြီး Redmi 10X (6GB/64GB) ကို ၁၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ၊ 6GB/128GB ကို ၁၇၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲ) ၊ 8GB/128GB ကို ၂၀၉၉ ယွမ် (မြန်မာငွေ ၄ သိန်းကျော်) နဲ့ 8GB/256GB ကို ၂၃၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။

Redmi 10X Pro (8GB/128GB) ကို ၂၃၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) နဲ့ 8GB/256GB ကို ၂၅၉၉ ယွမ် (မြန်မာငွေ ၅ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က