64MP Quad Cameras နဲ့ လာပါတယ်
Nyein Min Wai

ကမ္ဘာ့ပထမဆုံး 108MP ကင်မရာသုံး Mi Note 10 Pro ရဲ့ တန်ဖိုးနည်း Lite ဗားရှင်းမော်ဒယ်သစ် ထွက်လာပါတယ်။

Xiaomi Mi Note 10 Lite ဟာ ကင်မရာပိုင်း စွမ်းဆောင်ရည်လျှော့ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ လက်ထဲမှာ ကိုင်လို့ သင့်ပြီး အိတ်ထဲမှာ ထည့်ထားဖို့ လွယ်ကူစေမယ့် ၆.၄၇ လက်မအရွယ်နဲ့ လာပါတယ်။ ဒီဇိုင်းပိုင်းကလည်း Xiaomi Mi Note 10 Pro နဲ့ တစ်ထပ်တည်း ဖြစ်ပါတယ်။ Pro မော်ဒယ်လို ကင်မရာ ၅ လုံး မသုံးတာနဲ့ 108MP ကင်မရာ မပါတာကလွဲရင် တစ်ပုံစံတည်းလို့ ဆိုနိုင်ပါတယ်။

Photo: Gizmochina


Mi Note 10 Lite အကြောင်းပြောမယ်ဆိုရင် Mi Note 10 Pro အကြောင်း ပြန်ပြောနေတယ် မှတ်အောင် တူတာတွေ ပါပါတယ်။မျက်နှာပြင် ၆.၄၇ လက်မဟာ FullHD+ AMOLED display နဲ့လာပြီး မှန်ထောင့်စွန်းတွေ ခုံးထားပါတယ်။ display အပေါ်ဘက်အလယ်မှာ selfie ကင်မရာအတွက် notch တစ်ခု သုံးထားပါတယ်။

Lite မော်ဒယ်ဟာလည်း Snapdragong 730G processor သုံးထားပြီး RAM 6GB နဲ့ 8GB ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။ storage ကိုလည်း 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးလာပါတယ်။ ဘက်ထရီပါဝါဟာ Pro မော်ဒယ်အတိုင်း 5260mAh ဘက်ထရီ ဖြစ်ပြီး 30W fast charging ပံ့ပိုးထားပါတယ်။ ရှေ့ကင်မရာဟာ 32MP ဖြစ်ပြီး ကျောဘက်ကင်မရာ ဒီဇိုင်း သုံးထားတဲ့ lens တွေ ကွာသွားပါတယ်။


Photo: GSMArena

Xiaomi Mi 10 Lite ဟာ Sony IMX686 sensor 64MP ကင်မရာ သုံးထားပြီး 8MP ultra-wide ကင်မရာ ၊ 2MP macro ကင်မရာနဲ့ 5MP depth sensor ဆိုပြီး သုံးထားပါတယ်။ ကျောဘက်ကင်မရာတွေဟာ ထောင်လိုက်စတုဂံပုံ နဲ့ လာပါတယ်။ ဆော့ဖ်ဝဲလ်ကတော့ Android 10 ကို အခြေခံထားတဲ့ MIUI 11 ဖြစ်ပါတယ်။

အရောင်အနေနဲ့ အဖြူနဲ့ အနက်ရောင်ပြေး ကာလာ နှစ်မျိုးနဲ့ လာပြီး ဥရောပဈေးကွက်အတွက် Nebula Purple ဆိုပြီး အရောင်သစ်တစ်မျိုး ထွက်ထားပါတယ်။ Mi Note 10 Lite (6GB/64GB) ကို ၃၄၉ ယူရို (မြန်မာငွေ ၅ သိန်းခွဲခန့်) နဲ့ 6GB/128GB ဗားရှင်းကို ၃၉၉ ယူရို (မြန်မာငွေ ၆ သိန်း် ၂ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။



ဆက်စပ်အကြောင်းအရာများ


က္က