DxOMark အရ တတိယအမှတ်များဆုံး ဖုန်းပါ

flagship specs သုံးထားပြီး upper mid-range ဈေးနှုန်းနဲ့ထွက်ထားတဲ့ Honor 20 Pro ကို ဈေးကွက်မှာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Photo: xda-developers



         Honor ဟာ မေလ ၂၁ ရက် ညပိုင်းမှာ Honor 20 နဲ့Honor 20 Pro တို့ကို ကြေညာခဲ့တာပါ။ Honor 20/20 Pro တို့ဟာ ကုမ္ပဏီရဲ့ flagship တန်းဝင် ဖုန်းတွေ ဖြစ်ပြီး punch hole ကင်မရာပေါက်နဲ့ထွက်လာတာ ဖြစ်ပါတယ်။ Honor 20 Pro ဟာ မျက်နှာပြင် ၆.၂၆ လက်မ ရှိပြီး display ရဲ့ အပေါ် ဘယ်ထောင့်မှာ ဆယ်လ်ဖီအတွက် နေရာပေးထားတဲ့ ကင်မရာပေါက်တစ်ခု သုံးထားပါတယ်။

       ဖုန်း resolution မှာတော့ 2480 x 1080p အထိ ရလာတာ ဖြစ်လို့Huawei P30 Pro ဖုန်းလိုမျိုး အမိုက်စားရုပ်ထွက်ရတော့မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Honnor 20ဖုန်းသစ်တွေဟာ အတော်လေးကို လေးစားလောက်တဲ့ ဒီဇိုင်းမျိုး ဖြစ်ပြီး Huawei ရဲ့ flagship ဖုန်းတွေအတိုင်း Kirin 980 processor သုံးထားပြီး RAM 8GB/256GB storage ပါရှိပါတယ်။

         Honor 20 Pro ဟာ LCD display အမျိုးအစားဖြစ်ပြီး fingerprint scanner ကို ဖုန်းကိုယ်ထည်ဘေး ပါဝါခလုတ်ထဲမှာ ထည့်သွင်းလာပါတယ်။ LCD display type နဲ့လာတဲ့ ဖုန်းတစ်လုံးအတွက် 4000mAh ဘက်ထရီဟာ အကြိုက်သုံးနိုင်မယ့် ဘက်ထရီလို့ဆိုနိုင်ပါတယ်။ ဒီဘက်ထရီဟာ USB Type C port ကနေ 22.5W SuperCharge အားသွင်းစနစ်နဲ့လာတာ ဖြစ်လို့အားသွင်းရ အတော်လေး မြန်ဆန်မှာပါ။ Honor 20 Pro ရဲ့ key feature တွေထဲမှာ အကြီးအကျယ်ပြောင်းသွားတာက ကင်မရာစနစ် ဖြစ်ပါတယ်။

               ကျောဘက်မှာ ထူးခြားတဲ့ Quad Lens ကင်မရာ ၄လုံးစနစ် သုံးထားပြီး DxOMark မှာ ၁၁၁ မှတ်ရထားတာကြောင့် DxO မှတ်အမြင့်ဆုံး ဖုန်းတွေထဲမှာ Huawei P30 Pro နဲ့Galaxy S10 5G ပြီးရင် အမြင့်ဆုံးလို့ဆိုနိုင်ပါတယ်။ ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်ပါတဲ့ 48MP ကင်မရာ ၊ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 16MP ကင်မရာ၊ 3x optical zoom ဆွဲနိုင်မယ့် 8MP telel photo lens နဲ့2MP Macro Lens ဆိုပြီး ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။   

Marco Mode ဟာ အရာဝတ္ထုအသေးစားတွေကို ပုံထဲမှာ အသေးစိတ် ထင်ရှားအောင် ပိုကြီးထားတဲ့ ဓါတ်ပုံစနစ်ဖြစ်ပြီး ပိုးကောင်သေးသေးလေးတွေကို မှန်ဘီလူးနဲ့ဆွဲကြည့်သလို ရှင်းနေအောင် မြင်ရမယ့် စနစ် ဖြစ်ပြီး ဒီဖုန်းမှာဆို ၄၀ မီလီမီတာအထိ အနီးကပ် ဆွဲကြည့်နိုင်မှာ ဖြစ်ပါတယ်။ Honor 20 Pro ဟာ Huawei P30 Pro လို ပယ်ရီစကုပ် Zoom စနစ် မပါပေမယ့် 5x hybrid zoom နဲ့30x digital zoom ဆိုပြီး zoom စနစ်တွေ ပါဝင်ပါတယ်။ ရှေ့ဘက်မှာ 32MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။

Photo: BGR

         ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Google ဟာ Huawei ပေါ် Android စနစ် ထောက်ပံ့မှု ရပ်ဆိုင်းကြောင်းကြေညာခဲ့ပါတယ်။ Honor 20 နဲ့Honor 20 Pro တို့ကတော့ Andorid 9 Pie ကို အခြေခံထားတဲ့ Magic UI 2.1 နဲ့လာပါတယ်။ Google ဟာ ပြီးခဲ့တဲ့ မတ်လလယ်က Andorid Q beta ဗားရှင်းကို Pixel ဖုန်းတွေမှာ မိတ်ဆက်ခဲ့ပါတယ်။

         ဒီ OS သစ်ကို Sony ၊ OnePlus ၊ Nokia ၊ LG ၊ Asus ၊ Vivo နဲ့Xiaomi အပါအဝင် ဖုန်းအမျိုးအစား ၁၅ မျိုးမှာ update ပေးသွားမယ်လို့ကြေညာထားပြီး Huawei နဲ့Honor ဖုန်းတွေမှာ သုံးနိုင်မယ် မသုံးနိုင်ဘူးဆိုတာ မသိရသေးပါဘူး။ Honor 20 Pro ဟာ flagship ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးလို့ပြောနိုင်ပါတယ်။ RAM 8GB/256GB storage မော်ဒယ်ကို ၅၉၉ ယူရို ( မြန်မာငွေ ၁၀ သိန်း ဝန်းကျင်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က