privacy နဲ့security ပိုင်း ပိုအားစိုက်လာပါတယ်
Nyein Min Wai

တရားဝင် ထွက်လာတဲ့ Android 10 stable ဗားရှင်းကတော့ Google Pixel ဖုန်းတွေမှာ စပြီး update တင်နိုင်ပြီ ဖြစ်ပါတယ်။

Android 10 update ကို ဒီနှစ်ထဲ တစ်ခြား အန်းဒရိုက်ဖုန်းတွေမှာလည်း တင်နိုင်တော့မှာ ဖြစ်လို့ဒီဗားရှင်းသစ်မှာ ဘာတွေ ထူးထူးခြားခြား ထည့်သွင်းထားသလဲဆိုတာ ပြန်ပြီး မျှဝေပေးချင်ပါတယ်။


(၁) System-Level Dark Mode

Photo: CNBC


Android 10 ဟာ privacy နဲ့security ပိုင်းကို အဓိက ဦးစားပေးလာတာပါ။ ဒါပေမယ့်လည်း UI ပိုင်းမှာလည်း ဆန်းသစ်မှုတွေ လုပ်ထားပါတယ်။ ဒီထဲက တစ်ခုက Dark Theme သစ် ပါပဲ။ Google ရဲ့ First-party apps (YouTube ၊ Google Keep ၊ Google Calendar စသည်) အားလုံးမှာ support ပေးသွားမယ့် Dark Theme ဟာ Android Settings ထဲမှာ ပါလာပြီ ဖြစ်လို့OLED လို ဘက်ထရီ သုံးစွဲမှုများတဲ့ display သုံး စမတ်ဖုန်းတွေအတွက်လည်း အဆင်ပြေသလို မျက်စိစူးတာမျိုးလည်း လျှော့ချနိုင်တော့မှာပါ။


Android 9 Pie မှာကတည်းက dark mode ပါလာပေမယ့် Settings နဲ့တစ်ချို့menus လို User Interface တစ်ချို့မှာပဲ သုံးနိုင်ခဲ့တာပါ။ Android 10 မှာ ပါတဲ့ Dark Mode ကတော့ system UI ရော apps တွေမှာပါ သုံးနိုင်မှာ ဖြစ်ပါတယ်။


(၂) Gesture Navigation သစ်

Photo: The Verge


Android 10 မှာ back button အစား Swiping လုပ်တဲ့ gesture ကိုပဲ အပြည့်အဝ သုံးလာပါတယ်။ ကိုယ်သုံးလက်စ home သွားချင်တယ်ဆိုရင် အပေါ်ဘက်ဆီ swipe up လုပ်ရမှာ ဖြစ်ပြီး multitasking ဖွင့်ထားတဲ့ apps တွေ ကြည့်မယ်ဆိုရင် swipe up လုပ်ပြီး လက်နဲ့ဖိထားရမှာပါ။ back ပြန်ဆုတ်ဖို့အတွက်တော့ ဖုန်း screen ရဲ့ ဘယ်ကနေညာ ၊ ဒါမှမဟုတ် ညာကနေ ဘယ်ဘက်ကို ပွတ်ဆွဲရမှာပါ။


(၃) Live Caption



Google ရဲ့ mobile OS သစ်မှာ Live Caption feature သစ် ပါလာပါတယ်။ Live Caption feature ဟာ အင်တာနက်လိုင်းမလိုဘဲနဲ့ဘယ်ဗွီဒီယိုကိုမဆို အလိုအလျောက် တိုက်ရိုက် caption ထိုးပေးသွားမှာပါ။ Live Caption သုံးမယ်ဆိုရင် ဗွီဒီယိုတစ်ခု ဖွင့်ပြီး volume ခလုတ်တစ်ခုကို ဖိရမှာပါ။

တက်လာတဲ့ volume slider မှာ caption button တစ်ခု တွေ့ပါလိမ့်မယ်။ အဲဒီခလုတ်ကို နှိပ်လိုက်တာနဲ့Live Caption မြင်ရမှာပါ။ စာတန်းထိုးထားတဲ့ အပိုင်းကို screen မှာ drag လုပ်ပြီး ရွှေ့နိုင်ပါတယ်။


(၄) Privacy and Security




လုံခြုံရေးအတွက် Android 10 မှာ ထူးခြားတဲ့ အပြောင်းအလဲက app အလိုက် location ခြေရာခံမှုကို ပိတ်နိုင် ဖွင့်နိုင်အောင် option ပေးလာတာပါ။ Settings app ထဲမှာ Privacy section တစ်ခု သက်သက် ပါလာပြီး app permissions ကို ကိုယ်ကြိုက်သလို ပေးထားလို့ရပါတယ်။

ဥပမာ- calendar ကို access တောင်းတဲ့ apps တွေကို သိချင်ရင် Privacy ထဲက permission manager ထဲ ဝင်ပြီး Calender ကို ရွေးပြီး ဘယ် app ကို calendar သုံးခွင့်ပေးမယ် မပေးဘူး ရွေးနိုင်မှာပါ။ Noti control ပိုင်းမှာလည်း Alerting နဲ့Silent ဆိုပြီး သတင်းအချက်အလက်အသစ်တွေကို ကိုယ်ကြိုက်ရာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။


(၅) QR Code နဲ့Wifi share နိုင်မယ့် စနစ်


Photo: Android Authority

ကိုယ့်ရဲ့ Wi-Fi ကွန်ရက် password ကို သူငယ်ချင်းနဲ့ပြန် share မယ်ဆိုရင် QR code နဲ့share နိုင်တော့မှာပါ။ Android 10 မှာ ကိုယ်သုံးနေတဲ့ WiFi network ကို QR code တစ်ခု ဖန်တီးလို့ရစေမယ့် feature သစ်တစ်ခု ပါလာပြီး ဒီ QR code ကို scan ဖတ်ပြီး WiFi မှာ လာ join နိုင်မှာ ဖြစ်ပါတယ်။

Wifi share တဲ့ စနစ်အတွက် အရင်ဆုံး WiFi Settings ထဲ ဝင်ပြီး ကိုယ့်ရဲ့ home network ကို ရွေးရမှာပါ။ ပြီးရင်တော့ အပေါ်ဘက် ညာထောင့်နားမှာ ရှိတဲ့ QR code လေးနဲ့Share ကို နှိပ်လိုက်ရမှာ ဖြစ်ပါတယ်။

developers တွေအတွက် ကောင်းတဲ့ အပြောင်းအလဲတစ်ခုက Android 10 ဟာ multi-window UI ကို support ပေးလာတာ ဖြစ်ပြီး Galaxy Fold လို ခေါက်သိမ်းနိုင် စမတ်ဖုန်းတွေအတွက် အတော်လေး အဆင်ပြေသွားမှာပါ။


က္က