rebrand လုပ်လိုက်တာပါ
Nyein Min Wai

ဒီဇိုင်းသစ်ပြောင်းထားပြီး Google ရဲ့ နောက်ဆုံးပေါ် Android 10 စနစ် သုံးထားတဲ့ Huawei P30 Pro ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


ဂျာမဏီနိုင်ငံ ဘာလင်မှာ ကျင်းပနေနေတဲ့ IFA 2019 မှာ Huawei P30 Pro သစ် ထွက်လာတာပါ။ Huawei P30 Pro သစ်ဟာ dual texture စတိုင် နှစ်ရောင်စပ် ကာလာ ဒီဇိုင်း သုံးထားပါတယ်။ ကျောဘက် glass panel ရဲ့ အောက်ဘက် သုံးပုံ ၂ ပုံဟာ Google Pixel ဖုန်းတွေလိုမျိုး texture စတိုင် သုံးထားပြီး အရောင်ကလည်း Mystic Blue နဲ့ Misty Lavender လိုမျိုး မြူးကြွတဲ့ ကာလာဆန်းတွေ ပါလာပါတယ်။


Photo: extremetech

Internal specs ကတော့ အပြောင်းအလဲ မရှိပါဘူး။ Kirin 980 processor ၊ RAM 8GB/128GB storage နဲ့လာပြီး အထူးခြားဆုံးက EMUI 10 skin သစ်နဲ့အတူ Android 10 သစ် သုံးလာတာ ဖြစ်ပါတယ်။ Android 10 သစ် နဲ့လာတာ ဖြစ်လို့dark mode theme သစ် ၊ ပိုအားကောင်းလာတဲ့ privacy နဲ့security controls စတဲ့ features တွေ သုံးနိုင်တော့မှာပါ။

Huawei Developer Conference မှာ စတင် ကြေညာခဲ့တဲ့ EMUI 10 သစ်မှာလည်း gestures တွေ ပိုကောင်းအောင် ပြင်ထားသလို ထုတ်ကုန်အမျိုးမျိုးနဲ့အဆင်ပြေပြေ ချိတ်ဆက်နိုင်မယ့် Distributed Technology လည်း အသုံးပြုထားပါတယ်။


Photo: forbes

Huawei P30 Pro သစ်ဟာ ဒီဇိုင်းပိုင်း ဆန်းသစ်မှူအပြင် ကင်မရာစနစ်ပါ ပြုပြင်ထားပါတယ်။ Super Night Selfie ဆိုရင် သူ့နာမည်အတိုင်း အလင်းအားနည်းချိန်မှာ ဆယ်လ်ဖီဆွဲမယ်ဆိုရင် အလင်းရောင် ပြည့်ပြည့်ဝဝ ရဖို့နဲ့ဓါတ်ပုံရိုက်တဲ့သူကို ကြည့်ကောင်းအောင် ပြုပြင်ပေးသွားမှာပါ။ Huawei ကတော့ P30 Pro ရဲ့Portrait Mode ကိုလည်း အဆင့်မြှင့်ထားတယ်လို့ဆိုပါတယ်။

ဒီဖုန်းဟာ ပုံမှန် Huawei P30 Pro မှာလိုပဲ မျက်နှာပြင် ၆.၄၇ လက်မ OLED display နဲ့လာပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာ ၊ 40MP+8MP+20MP သုံးလုံးတွဲ ကင်မရာများသုံးထားပါတယ်။ Google services တွေကို Huawei ဖုန်းသစ်တွေမှာ ပါတော့မှာ မဟုတ်ဘူးလို့သတင်းတွေ ထွက်နေတာကြောင့် Huawei Mate 30 series မှာ Google support ပေးမပေးဆိုတာ စောင့်ကြည့်ရမှာပါ။


က္က