ဒီလိုဖုန်းတွေ ဒီနှစ်ထဲ မြင်ရမှာလား

MWC 2019 ပွဲမှာ 5G နဲ့Foldable ဖုန်းတွေပဲ ကြီးစိုးနေတာတော့ မဟုတ်ပါဘူး။

         Sony ရဲ့ flagship နဲ့mid-range တန်းဝင်ဖုန်းသစ်တွေကလည်း ပွဲလာတဲ့ ပရိတ်သတ်တွေကို ညှို့အားကောင်းခဲ့ပါတယ်။ Sony ဟာ MWC 2019 မှာ Xperia 1 ၊ Xperia 1 နဲ့Xperia 10 Plus တို့ကို ကြေညာခဲ့ပြီး ဒီဖုန်းတွေဟာ သမရိုးကျ Xperia series ကနေ အကြီးအကျယ် ကွဲထွက်တဲ့ ဒီဇိုင်းသစ်ပါလာခဲ့ပါတယ်။ အထူးသဖြင့် display နဲ့ကိုယ်ထည်ဒီဇိုင်း ဖွဲ့စည်းမှု ဖြစ်ပါတယ်။



Photo: xda-developers

         Sony ဟာ Xperia 1 မှာ 4K HDR ရတဲ့ OLED display ကို သုံးပြခဲ့ပါတယ်။ တကယ် ထူးခြားတာက 21:9 aspect ratio ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ဟာ သာမန်မြင်နေကျထက် အတော်လေးကို ရှည်လျားသွားခဲ့တာကြောင့် ၆.၅ လက်မ display ဟာ ultrawide dispaly ဖြစ်သွားပါတယ်။ 4K resolution ရတဲ့ ဖုန်းဖြစ်လို့ရုပ်ထွက်မှာ အလန်းဆုံး ဖြစ်ရုံတင်မဟုတ်ဘဲ ကာလာထွက် မှန်ကန်မှုမှာလည်း ပထမတန်းစားလို့ပြောနိုင်ပါတယ်။

         ပုံမှန် 18:9 ၊ 19.5:9 တို့နဲ့လာတဲ့ ဖုန်းတွေကို မြင်နေ သုံးနေကျ users တွေအတွက် Sony ဖုန်းသစ်တွေက လက်အမ်းချင်စရာပါ။ 4K display နဲ့ဖြစ်လို့ဇာတ်ကားကြည့်ရာမှာ တကယ့်ကို အံ့သြစရာ ကောင်းအောင် ထူးခြားသလို ဖုန်းကိုယ်ထည်ကိုလည်း Gorilla Glass 6 အုပ်ထားလို့အကြမ်းခံမှု မြင့်မယ့်ဖုန်းလို့ပြောနိုင်ပါတယ်။ Xperia 1 ဟာ IP 68 rating ရထားတဲ့ ဖုန်းဖြစ်ပြီး Xperia 10 / 10 Plus တို့မှာတော့ ရေစိုခံနှုန်း မသိရပါဘူး။

         Xperia 1 နဲ့Xperia 10 တို့ဟာ မျက်နှာပြင် ၆.၅ လက်မချင်းတူပေမယ့် Xperia 10 နဲ့10 Plus တို့ဟာ IPS LCD display နဲ့လာပါတယ်။ flagship ဖြစ်တဲ့ Xperia 1 ဟာ Snapdragon 855 SoC သုံးထားပြီး ကျန်တဲ့ ဖုန်းနှစ်လုံးကတော့ Snapdragon 636 နဲ့630 SoC တွေ နဲ့လာတာ ဖြစ်ပါတယ်။ ဈေးနှုန်းမသိရသေးတဲ့ Xperia 1 ဟာ RAM 6GB ကနေ 64GB နဲ့128GB နှစ်မော်ဒယ်သုံးထားပြီး ကျန်တဲ့ ဖုန်းတွေကတော့ RAM 4GB နဲ့3GB စီပဲ ပါတာပါ။

Photo: xitetech

         ဖုန်းအားလုံးဟာ microSD card ကနေ 512GB အထိ ထပ်တိုးနိုင်ပြီး ကင်မရာအနေနဲ့Xperia 10 Plus နဲ့10 ဟာ 12MP wide-angle + 8MP telezoom နဲ့13MP wide-angle + 5MP wide-angles တွေ နဲ့လာပါတယ်။ Xperia 1 ကတော့ ကျောဘက်မှာ triple lens ဖြစ်တဲ့ OIS ပါတဲ့ 12MP (wide) ၊ 12MP tele နဲ့12MP (ultra-wide) သုံးလုံး သုံးထားပါတယ်။ ဖုန်းသုံးလုံးစလုံးဟာ ရှေ့ဘက်မှာ 8MP ဆယ်လ်ဖီကင်မရာနဲ့လာပြီး fingerprint ကို ကိုယ်ထည်ဘေးက ပါဝါခလုတ်မှာပဲ ထည့်ထားပါတယ်။

         wireless charging ကို Xperia 1 တစ်မျိုးတည်းပဲ သုံးနိုင်ပြီး Quick Charge 3.0 စနစ်ကိုတော့ ဖုန်းအားလုံးမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါအနေနဲ့Xpreia 1 ၊ Xperia 10 Plus နဲ့Xperia 10 တို့ဟာ 3300 mAh ၊ 3000 mAh နဲ့2780 mAh ဘက်ထရီတွေ ပါရှိပါတယ်။

ကာလာအနေနဲ့Xperia 1 ဟာ ပန်းရောင် ၊ အနက် ၊ မီးခိုး နဲ့အဖြူရောင်တို့ပါလာပြီး ကျန်တဲ့ ဖုန်းတွေကတော့ အနက် ၊အပြာ ၊ ငွေနဲ့ရွှေ ကာလာတွေ ပါရှိပါတယ်။ ဒီဖုန်းတွေထဲမှာ Xperia 1 ရဲ့ ဈေးကို မသိရသေးပေမယ့် Xperia 10 Plus နဲ့10 တို့ကို ဒေါ်လာ ၄၃၀ နဲ့ဒေါ်လာ ၃၉၀ ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က