Redesigned iPad နဲ့ Entry-level တက်ဘလက်
Nyein Min Wai

စက်တင်ဘာ ၁၅ ရက် Apple ပွဲမှာ iPhone သစ်တွေအစား iPad သစ်နှစ်မျိုး နဲ့ Apple Watch Series သစ်နှစ်မျိုး ကြေညာသွားပါတယ်။

Apple Event ပွဲမှာ iPad Air သစ်နဲ့ entry-level iPad သစ်တို့ မိတ်ဆက်သွားတာပါ။ iPad Air သစ်ကတော့ brand new ဒီဇိုင်းသစ်လို့ ဆိုရမှာပါ။ ဒီဇိုင်းပိုင်းမှာ iPad Pro လိုမျိုး flat edge နဲ့ လာပြီး ဘေးဘောင် Bezel ပါးပါး သုံးထားပါတယ်။ Lightning port အစား USB-C အမျိုးအစား နဲ့ လာပါတယ်။

Photo: GSMArena

မျက်နှာပြင် ၁၀.၉ လက်မ Liquid Retina display သုံးထားပြီး ရုပ်ထွက်အနေနဲ့ 2360 x 1640p ပါရှိပါတယ်။ Touch ID ဟာ iPad ရဲ့ အပေါ်ဘောင် power button ထဲမှာ ထည့်သွင်းထားတာပါ။ iPad Air သစ်ဟာ iPhone 12 စီးရီးမှာ သုံးသွားမယ့် A14 Bionic chipset ကို အဦးဆုံး သုံးလာပါတယ်။

A14 Bionic chipset ဟာ နောက်ဆုံးပေါ် 5nm process နဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အရင် iPad Air ထက် performance ၄၀% နဲ့ GPU ပိုင်း ၃၀% ပိုသွက်တယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ 4K video recording ပံ့ပိုးထားတဲ့ 12MP ကင်မရာနဲ့ လာပြီး Video Stabilization ပိုကောင်းအောင် လုပ်ထားပါတယ်။

ရှေ့ဘက်မှာ 1080p video ကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ့် 7MP ကင်မရာ သုံးထားပါတယ်။ တစ်ခြား features တွေအနေနဲ့ dual speakers ၊ Wi-Fi 6 နဲ့ keyboard support ပေးထားပါတယ်။ Apple Pencil လည်း ပံ့ပိုးထားပြီး iPad Air မှာ သံလိုက်စနစ်နဲ့ ကပ်ထားနိုင်မှာပါ။ iPad Air သစ်ဟာ iPadOS 14 သုံးထားပြီး ငွေရောင် ၊ မီးခိုးမှိုင်း ၊ နှင်းဆီရွှေရောင် ၊ အစိမ်းနဲ့ ကောင်းကင်ပြာ ကာလာတွေနဲ့ ထွက်ထားပါတယ်။

64GB ဗားရှင်း WiFi သီးသန့်မော်ဒယ်ကို ဒေါ်လာ ၆၀၀ (မြန်မာငွေ ၈ သိန်းခန့်) နဲ့ WiFi+Cellular ဗားရှင်းကို ဒေါ်လာ ၇၃၀ (မြန်မာငွေ ၉ သိန်း ၇ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 128GB မော်ဒယ်ကတော့ ဒေါ်လာ ၇၅၀ နဲ့ ဒေါ်လာ ၈၅၀ ဈေး သတ်မှတ်ထားပါတယ်။

Photo: GSMArena


iPad 8th Gen ဟာ A12 Bionic chipset နဲ့လာပြီး ပုံမှန် Home Button ပါ ဒီဇိုင်းနဲ့ လာပါတယ်။ မျက်နှာပြင် ၁၀.၂ လက်မ display ၊ bezel အထူနဲ့ ထွက်ထားပါတယ်။ WiFi သီးသန့် ဗားရှင်းဟာ ဒေါ်လာ ၃၃၀ (မြန်မာငွေ ၄ သိန်း ၄ သောင်းခန့်) ဈေးနဲ့ WiFi + Cellular မော်ဒယ် ကို ဒေါ်လာ ၄၆၀ (မြန်မာငွေ ၆ သီန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။

ဒါကတော့ 32GB မော်ဒယ် ဖြစ်ပြီး 128GB ဗားရှင်းကို ဒေါ်လာ ၄၄၀ နဲ့ ဒေါ်လာ ၅၆၀ ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ ငွေရောင် ၊ မီးခိုးမှိုင်းနဲ့ ရွှေရောင် ကာလာတွေနဲ့ ထွက်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က