စမတ်နာရီဈေးကွက်အတွက် key player ဖြစ်လာမလား
Nyein Min Wai

Xiaomi ရဲ့ ဈေးကွက်ဝင်စမတ်နာရီကတော့ စိတ်ဝင်စားစရာ features တွေနဲ့ စျေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

Mi Watch နာမည်နဲ့ထွက်လာတဲ့ ဒီစမတ်နာရီဟာ Xiaomi ရဲ့ ပထမဆုံး စမတ်နာရီဖြစ်ပြီး Apple Watch နဲ့ အတော်လေးကို ဆင်တဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။ Mi Watch ဟာ မျက်နှာပြင်အရွယ်အစား ၁.၇၈ လက်မ ဘေးဘောင်ကွေး AMOLED display သုံးထားပြီး crown တစ်ခုနဲ့ ခလုတ်တစ်စုံ ပါရှိပါတယ်။ AMOLED display ဖြစ်တာကြောင့် Always-On လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မှာပါ။

Photo: The Verge

ဒီစမတ်နာရီဟာ Google Wear OS ကို အခြေခံထားတဲ့ MIUI စနစ်သုံးထားပြီး အသံဖမ်းဖို့နဲ့ ဖမ်းခေါ်ဖို့အတွက် နာရီဘေးဘောင်နှစ်ဘက်မှာ မိုက်ခရိုဖုန်းတွေ တပ်ဆင်ထားသလို သီချင်းနဲ့ ဖုန်းခေါ်ဆိုဖို့အတွက် စပီကာတစ်လုံးလည်း သုံးထားပါတယ်။ Mi Watch ဟာ ၄၄ မီလီမီတာ အရွယ်အစားတစ်မျိုးတည်းနဲ့ထွက်ထားပြီး eSIM နဲ့ဆယ်လူလာချိတ်ဆက်မှု လုပ်ဆောင်နိုင်မှာပါ။

WiFi ၊ GPS စနစ်နဲ့ ငွေပေးငွေချေဖို့အတွက် NFC (Near Field Communication) တွေ ပါရှိသလို cellular mode နဲ့ဆို တစ်ခါအားသွင်းထားတာနဲ့ ၃၆ နာရီအထိ အသုံးခံမယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ Mi Watch ဟာ သုံးစွဲသူရဲ့ အိပ်စက်မှု ကြာချိန် ၊ ရေကူးတာ ၊ ပြေးတာနဲ့ စက်ဘီးစီးတာလိုမျိဒး အားကစားလုပ်ချိန် တိုင်းတာမှုနဲ့ နှလုံးခုန်နှုန်း မှတ်သားချက်တွေပါ လုပ်ဆောင်နိုင်မှာပါ။


Photo: Trusted Review

ဒီနာရီမှာ TikTok နဲ့QQ Messenger တို့လို နာမည်ကျော် တရုတ် အက်ပလီးကေးရှင်းပေါင်း ၄၀ ကျော်ပါပြီး Xiaomi ရဲ့ ကိုယ်ပိုင် ဒီဂျစ်တယ်အသံအကူစနစ်ဖြစ်တဲ့ XiaoAI Assistant သုံးနိုင်မှာပါ။ Mi Watch ဟာ 1.2GHz Quad Cortex A7 cores ပါ Snapdragon Wear 3100 4G chipsetနဲ့ လာပြီး RAM 1GB/8GB storage ပါရှိပါတယ်။

Xiaomi ဟာ ဒီစမတ်နာရီကို လာမယ့်တစ်ပတ်အတွင်း တရုတ်ဈေးကွက်မှာ ၁၂၉၉ ယွမ် ( မြန်မာငွေ ၂ သိန်း ၈ သောင်း ) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပီး အိန္ဒိယ ၊ စင်္ကာပူ ၊ အင်ဒိုနီးရှားနဲ့ တစ်ခြား ဈေးကွက်တွေမှာ ဖြန့်ချိသွားဖို့ရှိပါတယ်။ နီလာမှန်နဲ့ stainless steel သုံးထားတဲ့ Mi Watch ကို ဒီဇင်ဘာလထဲ တရုတ်မှာ ရောင်းချသွားမှာ ဖြစ်ပြီး ၁၉၉၉ ယွမ် ( မြန်မာငွေ ၄ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။


က္က