ဇန်နဝါရီ ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပသွားမှာပါ

     နှစ် ၅၀ ကျော်ကြာ နှစ်စဉ်ကျင်းပလာတဲ့ CES 2019 ပွဲကတော့ လာ့စ်ဗီးဂတ်စ်မှာ ဇန်နဝါရီ ၈ ရက်ကစပြီး ကျင်းပဖို့အဆင်သင့်ဖြစ်နေပါပြီ။ အစဉ်အလာကြီးတဲ့ ဒီနည်းပညာပြပွဲကြီးကနေ ဒီနှစ် ကျွန်တော်တို့ဘာတွေ မြင်ရမလဲ။

      ကမ္ဘာ့အကြီးဆုံး အိုင်တီ show တွေထဲက တစ်ခု ဖြစ်တဲ့ အတိုင်း ဒီနှစ် CES ပွဲမှာ ထုတ်ကုန်နဲ့နည်းပညာသစ်တွေကို တွေ့ရမှာ သေချာပါတယ်။ လက်ပ်တော့သစ်တွေ ၊ ဂိမ်းထုတ်ကုန်တွေ ၊ စမတ်ဖုန်းသစ်တွေ ၊ စမတ်တီဗွီတွေအပြင် 5G လိုမျိုး မျိုးဆက်သစ် နည်းပညာတွေကို မိတ်ဆက်သွားဖို့ရှိပါတယ်။



(၁) AI နည်းပညာသုံး gadgets များ

         Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာနဲ့ပတ်သက်ပြီး ကမ္ဘာ့ထိပ်သီး အိုင်တီကုမ္ပဏီတွေဖြစ်တဲ့ Apple ၊ Google ၊ Amazon ၊ Microsoft တို့ဟာ ဒေါ်လာ သန်းရာပေါင်းများစွာ ရင်းနှီးမြှပ်နံနေကြတာပါ။ ဒီနှစ် CES ပွဲမှာ AI နဲ့ချိတ်ဆက်ထားတဲ့ စမတ်တီဗွီကနေ လုံခြုံရေးကင်မရာတွေအထိ မြင်ရဖို့ရှိပါတယ်။

(၂) 5G ကွန်ရက်နည်းပညာ

Photo:Computerworld

         ပဉ္စမျိုးဆက် ကွန်ရက်စနစ်ဖြစ်တဲ့ 5G ဟာ ၂၀၁၉ မှာ အသင့်မဖြစ်သေးပေမယ့် 5G ထုတ်ကုန်တွေ ဖြစ်တဲ့ 5G ဖုန်း ၊ 5G chip စတာတွေကို ဒီနှစ်ထဲမှာ စတင်ကြေငြာသွားမှာပါ။ Huawei ၊ OPPO ၊ OnePlus နဲ့Xiaomi တို့လို တရုတ်စမတ်ဖုန်းကုမ္ပဏီတွေကလည်း 5G ဖုန်းတွေ ထုတ်ဖို့သိပ်အားသန်နေပြီး demo စမ်းသပ်မှုတွေ အောင်အောင်မြင်မြင် လုပ်ထားပါတယ်။

(၃) အဆင့်မြင့်လာမယ့် စမတ်တီဗွီများ

         laptop သစ်တွေအပြင် ဒီနှစ်မှာ မြင်ရမယ့် ထုတ်ကုန်သစ်တွေထဲမှာ စိတ်ဝင်စားစရာက မျက်နှာပြင် ပိုကြီးမားလာမယ့် 8K TV တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က G ဟာ ကမ္ဘာ့ပထမဆုံး ၈၈ လက်မ 8K TV ၊ Samsung ကလည်း ၁၄၆ လက်မ micro LED နည်းပညာသစ်ပါ 4K TV တို့ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာ ဘယ်လို display နည်းပညာသစ်တွေ ထပ်မြင်ရမလဲ။

(၄) Gaming ထုတ်ကုန်များ

Photo: Engadget

         အဆင့်မြင့် ဂိမ်းထုတ်ကုန်တွေနဲ့ရပ်တည်နေတဲ့ Razer လိုမျိုး ကုမ္ပဏီက slider monitor မျိုး ၃ ခုအထိ ပါတဲ့ Gaming laptop ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ ၂၀၁၇ CES ပွဲမှာပါ။ သတင်းတွေအရ ဒီနှစ်ပွဲမှာ Razer Blade 15 Advanced လို့ခေါ်တဲ့ ၁၅ လက်မ Gaming disiplay ကို မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။ ပိုင်ရှင်ရဲ့ မျက်နှာနဲ့login ဝင်နိုင်မယ့် ဒီလက်ပ်တော့မှာ 240Hz refresh rate ရမယ့် display မှာ မြင်ရမှာပါ။ တစ်ခြား ဂိမ်းကုမ္ပဏီတွေကလည်း ထူးခြားတဲ့ ထုတ်ကုန်တွေ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

(၅) ဖုန်းများ

Photo: Digit

         Samsung ၊ Sony ၊ LG တို့ကတော့ CES ပွဲမှာ ဖုန်းသစ်တွေ ကြေငြာနေကျပါ။ အရင်နှစ်ကတော့ Vivo ဟာ UD fingerprint လိုမျိုး အဆင့်မြင့်နည်းပညာကို မိတ်ဆက်ပြသခဲ့ပြီး မကြာခင်မှာ မှန်ပြင်အောက် လက်ဗွေထည့်ထားတဲ့ ဖုန်းတွေ မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ Xiaomi ၊ Huawei ၊ Oneplus စတဲ့ ဖုန်းကုမ္ပဏီတွေရဲ့ လှုပ်ရှားမှုကိုပါ စောင့်ကြည့်ရမှာပါ။

CES 2019 ကို အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မှာ ဇန်နဝါရီ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က