၅ လက်မ ဖုန်းတွေ ရှားနေပါပြီ

မျက်နှာပြင်အရွယ်အစား သေးသွယ်ကျစ်လျစ်တဲ့ Compact ဖုန်းတွေကို Sony ဟာ ဒီနေ့အထိ စိတ်မကုန်သေးပါဘူး။

         ဒီဘက်ခေတ်မှာ စမတ်ဖုန်းတစ်လုံးရဲ့ အရွယ်အစားဟာ အနည်းဆုံး ၆ လက်မအရွယ်အစားကနေ စတင်နေချိန်မှာ Sony ဟာ မျက်နှာပြင် ၅ လက်မပဲ ရှိတဲ့ Xperia Ace ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ 18:9 aspect ratio နဲ့လာပြီး FullHD+ ရုပ်ထွက် ပါရှိပါတယ်။

Photo: GSMArena 



        Xperia Ace ဟာ ရှေ့ခြမ်း High-Res စတီရီယိုစပီကာနှစ်လုံး ပါရှိပြီး IPX5/IPX6 rating ရေစိုဖုန်တင်တဲ့ ဒဏ်ခံနိုင်မယ်လို့ဆိုပါတယ်။ ဖုန်းကိုယ်ထည်ဘေးက power ခလုတ်မှာ fingerprint scanner ထည့်ထားပြီး dual SIM သုံးနိုင်တဲ့ ဖုန်းအဖြစ် ထွက်လာတာပါ။

         Sony ဟာ Xperia Ace မှာ mid-range pocessor ဖြစ်တဲ့ octa-core Snapdragon 639 SoC ကို RAM 4GB/64GB storage နဲ့တွဲသုံးထားပြီး microSD ကတ်ကနေ 512GB အထိ တိုးနိုင်အောင် ထုတ်ထားပါတယ်။ ဘက်ထရီပါဝါ 2700 mAh ကတော့ USB Type C port ကနေ အားသွင်းနိုင်မှာပါ။

Photo: Xperia Blog

         ကင်မရာမှာ နာမည်ကြီးတဲ့ Sony ဟာ Xperia Ace မှာလည်း ကျောဘက်ကင်မရာတစ်လုံးတည်း သုံးထားပေမယ့် လေးစားလောက်တဲ့ ကင်မရာစွမ်းရည် သုံးနိုင်အောင် ထုတ်ထားပါတယ်။ ကျောဘက် 12MP ကင်မရာဟာ Optical Image Stabilization (OIS) နဲ့Electronic Image Stabilization (EIS) နှစ်မျိုး ပေါင်းထားတဲ့ ရုပ်ငြိမ်နည်းပညာ ပါရှိမှာ ဖြစ်ပါတယ်။

         ရှေ့ဘက် 8MP ကင်မရာဟာ ၁၂၀ ဒီဂရီ filed-of-view မြင်ကွင်းကျယ်ရိုက်ကူးနိုင်မှာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie နဲ့လာပြီး ဈေးကွက်မှာ အနက် ၊ အဖြူနဲ့ခရမ်းရောင် ကာလာ ၃ မျိုးနဲ့ထွက်ထားပါတယ်။ ဂျပန်ဈေးကွက်မှာ ဒီဖုန်းကို ယမ်း ၄၈၆၀၀ ( မြန်မာငွေ ၆ သိန်း ၈ သောင်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က