GT78 Titan နဲ့GE65 Raider တို့ပါ။

ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ Computex 2019 ဟာ ထိပ်တန်းလက်ပ်တော့တွေရဲ့ စစ်မြေပြင်ဖြစ်ခဲ့ပြီး ဒီထဲမှာ ဟီးရိုးသစ်တွေအနေနဲ့MSI မှ GT76 Titan နဲ့GE65 Raider တို့လည်း ပါဝင်လာခဲ့ပါတယ်။

         Gaming ဈေးကွက်တွေရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ချိန်မှာ ကမ္ဘာ့ထိပ်တန်း Gaming ပစ္စည်းတွေ ထုတ်နေတဲ့ MSI ကနေ Gaming Laptops သစ် နှစ်မျိုးကို ကြေညာသွားတာ ဖြစ်ပြီး ဒီလက်ပ်တော့ နှစ်မျိုးစလုံးဟာ ထူးခြားတဲ့ ကိုယ်ပိုင် features ကိုယ်စီနဲ့ထွက်လာတာ ဖြစ်ပါတယ်။ Latest Gaming လက်ပ်တော့တွေထဲမှာ MSI GT76 Titan နဲ့GE65 Raider တို့က ဘယ်လို ထူးခြားသလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။



         


      (၁)   MSI GT76 Titan: Best Choice Award of Computex 2019

Photo: MSI


         MSI GT76 Titan ကတော့ Desktop တစ်လုံးရဲ့ Performance မျိုးနဲ့လာတဲ့ ၂၀၁၉ ရဲ့ powerful အဖြစ်ဆုံး လက်ပ်တော့လို့ပြောရမှာပါ။ တကယ့်ဟဲဗီးဂိမ်မာတွေအကြိုက်တွေ့စရာတွေက Intel Core i9-9900 desktop processor သစ်နဲ့လာပါတယ်။ ဒီ processor ဟာ core ၈ ခုစလုံးကို 5.0GHz မြန်နှုန်းနဲ့မောင်းတာ ဖြစ်ပြီး NVIDIA RTX 2080 GPU သုံးသွားပါတယ်။

         ပါဝါသုံးစွဲမှု မြင့်လို့heat တက်တာကို လျှော့ဖို့အတွက် MSI ကနေ သီးသန့်ထုတ်ထားတဲ့ Cooler Boost Titan အအေးပေး နည်းပညာ ၊ fan ၄ ခုနဲ့Gaming ပါဝါမြင့်လွန်းချိန်မှာ လေဝင်လေထွက်ကို ၂.၂၅ ဆ ပိုမြန်စေမယ့် ပိုက်အအေးပေးဒီဇိုင်း ၁၁ ခု သုံးထားတယ်လို့ကြေညာထားပါတယ်။ Gaming Laptop ဖြစ်တဲ့အတိုင်း အကြမ်းခံမယ့် Sports Car တစ်စင်းရဲ့ စတိုင်နဲ့လာပြီး အလူမီနီယံနဲ့ကာဗွန်ဖိုက်ဘာစပ် ကိုယ်ထည် ထုတ်ထားပါတယ်။

         မျက်နှာပြင် ၁၇.၃ လက်မ 4K IPS အကြီးစား display နဲ့လာတဲ့ MSI GT76 Titan ဟာ bezel ပါတဲ့ display ဒီဇိုင်း သုံးထားပြီး ကီးဘုတ်မှာ MSI ရဲ့ Mystic Light စနစ်နဲ့RGB lighting ပေးရုံတင်မဟုတ်ဘဲ အောက်ခြေကိုယ်ထည်မှာပါ သုံးထားတာ ဖြစ်ပါတယ်။ ကွန်ရက်စနစ်မှာ 2.5Gbps LAN ချိတ်ဆက်မှု ပေးနိုင်မယ့် Killer DoubleShot Pro နဲ့အင်တာနက်မြန်နှုန်းပို မြင့်လာတဲ့ မျိုးဆက်သစ် WiFi 6 နည်းပညာတို့ သုံးနိုင်မှာပါ။

         


        (၂)  MSI GE65 Raider

         

Photo: MSI

         MSI ရဲ့ နောက်ထပ် 9th Gen Intel Core i9-9880H Processor သုံးထားတဲ့ MSI GE65 Raider ကတော့ မျက်နှာပြင် ၁၅.၆ လက်မ ultra-fast 240Hz refresh rate display ဖြစ်ပါတယ်။ 240Hz display ဆိုတာ ဂိမ်းကို အထစ်အငေ့ါမရှိ ကြိုက်သလို ကစားနိုင်ပြီး NVIDIA GeForce RTX 2070 GPU ပါ သုံးထားလို့အလတ်တန်းဂိမ်းကနေ High level ဂိမ်းပိုင်းအထိ အားမနာတမ်း ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

         GE65 Raider ဟာ အပေါ်နဲ့ဘေးနှစ်ဘက်မှာ bezel ကို ပါးသထက် ပါးအောင် ထုတ်ထားသလို ကိုယ်ထည်လည်း Gaming Laptop နဲ့မတူအောင် ခပ်သင့်သင့်ထူရုံပဲ ထူပါတယ်။ ကီးတစ်ခုချင်းစီမှာလည်း RGB Lighting ပေးထားတာကလည်း ဒီလက်ပ်တော့ရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။

         Computex 2019 မှာ မိတ်ဆက်သွားတဲ့ ဒီ MSI Gaming Laptop နှစ်မျိုးရဲ့ ဈေးနှုန်းနဲ့ဖြန့်ချိမယ့်ရက်တော့ မကြေညာရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က