စိတ်လှုပ်ရှားစရာပါပဲ

အခုတော့ iPhone SE သစ်ကို Apple က တရားဝင်ကြေညာသွားပါပြီ။

64GB storage အတွက် ၃၉၉ ဒေါ်လာဈေးနဲ့ စတင်‌ရောင်းချသွားမယ်လို့ သတင်းထွက်ခဲ့တဲ့ အတိုင်း အချက်အလက်တော်တော်များများ မှန်ခဲ့ပါတယ်။ A13 Bionic သစ်နဲ့ ဈေးအသက်သာဆုံး iPhone တစ်လုံး ဖြစ်တဲ့ ဒုတိယမျိုးဆက် iPhone SE ဟာ touch ID သုံးထားပြီး compact design နဲ့ လာပါတယ်။






iPhone 8 အတိုင်း မျက်နှာပြင် ၄.၇ လက်မဖြစ်ပြီး ကျောဘက်မှာ single lens စနစ် သုံးထားပါတယ်။ iPhone SE သစ်ဟာ IP67 rating ရေစိုခြင်းနဲ့ ဖုန်တင်ခြင်း ဒဏ်ကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်း ထုတ်ထားတဲ့ ဖုန်းဖြစ်ပြီး အဖြူ ၊ အနက်နဲ့ Product (RED) ကာလာ ၃ ရောင်နဲ့ လာပါတယ်။ ကျောဘက်မှာ 12MP ကင်မရာ ရှေ့ဘက် 7MP ကင်မရာတွေ သုံးထားပြီး OIS ရုပ်ငြိမ်စနစ် ပါရှိပါတယ်။

Apple ကတော့ iPhone SE သစ်ဟာ 4K Videos တွေကို 60fps နှုန်းနဲ့ support ပေးထားတယ်လို့ ဆိုပါတယ်။ ရှေ့ကင်မရာကတော့ portrait mode လုပ်ဆောင်ချက်တွေ ပါရှိပါတယ်။ အားသွင်းစနစ်မှာ 18W fast charging ပံ့ပိုးပေးထားပြီး Qi Wireless Charging လည်း ရမှာပါ။ headphone jack မပါပေမယ့် Dual SIM ပံ့ပိုးထားတာရယ် Gigabit LTE နဲ့ WiFi 6 support ပေးထားတာ အားရစရာကောင်းပါတယ်။

ဧပြီ ၁၇ ရက်နေ့မှာ pre-order စတင်သွားမှာပါ။ ဈေးကွက်အများစုရဲ့ လက်လီစတိုးတွေကို လာမယ့် ဧပြီ ၂၄ ရက်နေ့ တင်မှာ ဖြစ်ပါတယ်။ 64GB ကို ၃၉၉ ဒေါ်လာ ၊ 128GB ကို ၄၄၉ ဒေါ်လာနဲ့ 256GB ကို ၅၄၉ ဒေါ်လာ ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က