မြန်မာငွေ ၅ သိန်းအောက်တန် 5G ဖုန်းပါ

Vivo ရဲ့ ဂိမ်းဖုန်း brand တစ်ခု ဖြစ်တဲ့ iQOO ဟာ MediaTek ရဲ့ Dimensity 1000+ SoC သစ်ကို ပထမဆုံးသုံးတဲ့ စမတ်ဖုန်းဖြစ်လာပါတယ်။

MediaTek ဟာ မေလဆန်းထဲမှာ 144Hz display ပံ့ပိုးထားတဲ့ 5G chip သစ်ကို ကြေညာခဲ့ပါတယ်။ Flagship တန်းဝင် Dimensity 5G chipset သစ်ဟာ 7nm process နဲ့ ထုတ်ထားတာ ဖြစ်ပြီး 5G SIMs နှစ်မျိုး တစ်ပြိုင်တည်း သုံးနိုင်မယ့် 5G Modem ထည့်ထားပါတယ်။ iQOO Z1 ဟာ 144Hz UHFR (ultra-high frame rate) display panel အတွက်လည်း ပံ့ပိုးပေးနိုင်တဲ့ Gaming-Centric ဖုန်းအဖြစ် ထွက်လာတာပါ။




Photo: xda-developers.

မျက်နှာပြင် ၆.၅၇ လက်မအရွယ် LCD display ဟာ FHD+ resolution ပါရှိပြီး 20:9 aspect ratio နဲ့ လာပါတယ်။ punch-hole ကင်မရာပေါက်ပါ display ဟာ HDR 10 support ပေးထားပါတယ်။ Gaming ဖုန်းဖြစ်တဲ့ iQOO Z1 ဟာ အရည်အအေးခံ အပူထိန်းစနစ် အပါအဝင် စွမ်းဆောင်ရည်ကို မြှင့်နိုင်မယ့် Multi-Turbo 3.5 စနစ်နဲ့ လာပါတယ်။ အရည်အအေးပေးစနစ်ဟာ ဖုန်းအပူချိန်ကို ၁၀ ဒီဂရီဆဲလ်စီးယပ်စ်ကနေ ၁၂ ဒီဂရီဆဲလ်စီးယပ်စ်အတွင်း လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။

ဖုန်းဘေးဘောင်မှာ fingerprint scanner တပ်ဆင်ထားပြီး WiFi 6 ချိတ်ဆက်မှု ၊ dual Mode 5G (SA/NSA) ၊ dual SIM (5G+5G) ၊ NFC နဲ့ super linear dual speaker များလည်း ပါရှိပါတယ်။ ဘက်ထရီပါဝါဟာ 4500 mAh ဖြစ်ပြီး 44W SuperFlash charge ပံ့ပိုးမှု ပေးထားပါတယ်။ ဖုန်း screen ညာဘက်အပေါ်ထောင့် punch-hole ကင်မရာထဲမှာ 16MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။

Photo: GSMArena


ကျောဘက်မှာ ထောင်လိုက်စတုဂံပုံစံ 48MP primary sensor ၊ 8MP ultrawide နဲ့ 2MP macro lens ကင်မရာ ၃ လုံး ပါရှိပါတယ်။ Android 10 နဲ့ iQOO UI သုံးထားပြီး memory configurations အဖြစ် 6GB/128GB, 8GB/128GB နဲ့ 8GB/256GB ဆိုပြီး သုံးမျိုးလာပါတယ်။ iQOO Z1ဟာ Galaxy Silvre နဲ့ Space Blue ကာလာ နှစ်ရောင်နဲ့ လာပြီး အနိမ့်ဆုံးမော်ဒယ်ကို ၂၁၉၈ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းခွဲကျော်) နဲ့ စတင်ရောင်းချသွားမှာပါ။

iQOO Z1 (RAM 8GB/128GB storage) ကို ၂၄၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခန့်) နဲ့ အမြင့်ဆုံးမော်ဒယ်အတွက် ၂၇၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က