pop-up selfie ၊ Circular Camera Module နဲ့ Huawei ဖုန်း

Huawei ဟာ mid-range 5G ဖုန်းသစ် နှစ်မျိုးကို ကြေညာသွားပြီး ဒီထဲက တစ်လုံးက Huawei Enjoy 20 Plus 5G ဖြစ်ပါတယ်။

Huawei Enjoy 20 Plus 5G ဟာ 20:9 aspect ratio ကိုယ်ထည်အရှည်နဲ့ လာပြီး IPS LCD display သုံးသွားပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာ Module ပါရှိပြီး ရှေ့ Selfie အတွက် pop-up ကင်မရာစနစ် သုံးထားတာ ဖြစ်ပါတယ်။ ရှေ့ကင်မရာနေရာချန်စရာ မလိုတာကြောင့် မှန်ပြင်နေရာယူမှု မြင့်ပြီး ဒီဇိုင်းပိုင်း ပိုကြွလာပါတယ်။



Photo: fonearena

Screen Size ဟာ ၆.၆၃ လက်မ FHD+ ဖြစ်ပြီး 90Hz refresh rate ပါရှိပါတယ်။ ပွင့်ထွက် Pop-Up ကင်မရာစနစ်ဟာ 8MP selfie ကင်မရာ ဖြစ်ပြီး ကျောဘက်မှာ 48MP main sensor ၊ 8MP ultra-wide နဲ့ 2MP macro lens ကင်မရာ သုံးလုံး ထည့်ထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် ကိုယ်ထည်ဘေးဘောင်မှာ fingerprint sensor ပါလာပါတယ်။

mid-ranger တစ်လုံးဖြစ်တဲ့ Huawei Enjoy 20 Plus 5G ဟာ MediaTek ရဲ့ Dimensity 720 5G chipset သစ် သုံးထားပါတယ်။ Huawei NMcard ကနေ storage ထပ်မြှင့်နိုင်မယ့် onboard 128GB storage နဲ့အတူ RAM 6GB ၊ 8GB LPDDR4X ထွက်ထားပါတယ်။ 

Photo: GSMArena

Huawei Enjoy 20 Plus 5G ဟာ 40W fast charging ပံ့ပိုးထားတဲ့ 4200 mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ဒီဖုန်းမှာ 3.5mm headphone jack လည်း သုံးနိုင်မှာပါ။ ‌ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 ကို အခြေခံထားတဲ့ Huawei ရဲ့ နောက်ဆုံးထွက် EMUI 10.1 စနစ်နဲ့ လာပါတယ်။

Huawei Enjoy 20 Plus 5G ဟာ အနက် ၊ Gradient Blue ၊ Forest Green နဲ့ ပန်းရောင် Pink ကာလာတွေနဲ့ လာပြီး RAM 6GB မော်ဒယ်ကို ၂၂၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲ) နဲ့ RAM 8GB မော်ဒယ်အတွက် ၂၄၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၈ သောင်းခွဲ) ဈေး သတ်မှတ်ထားပါတယ်။

Share

Loading Next Article...
က္က