90Hz screen နဲ့ တန်ဖိုးသင့် 5G ဖုန်းပါ

OPPO ဟာ 5G မော်ဒယ် တန်ဖိုးသင့် ဖုန်းတစ်မျိုးကို တရားဝင် မိတ်ဆက်သွားပါတယ်။


OPPO ဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ 4G မော်ဒယ် A72 ကို မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာ 5G ဗားရှင်းအဖြစ် ထုတ်လိုက်တာ ဖြစ်ပါတယ်။ OPPO A72 5G ဟာ 5G modem နဲ့ လာရုံတင်မဟုတ်ဘဲ 4G မော်ဒယ်ကိုပါ တစ်ခြားအပြောင်းအလဲတွေ လုပ်ထားပါတယ်။ အရင်က Snapdragon 665 SoC ကို သုံးခဲ့ရာကနေ 5G support ပေးဖို့အတွက် MediaTek processor ကို ပြောင်းသုံးလာပါတယ်။



Photo: Ampinity News


OPPO A72 5G ဟာ 4G ဗားရှင်းမှာ သုံးတဲ့ 60Hz standard နဲ့ ယှဉ်လိုက်မယ်ဆိုရင် ပိုပြီး refresh rate မြင့်တဲ့ ဖုန်းတစ်လုံးအဖြစ် ထွက်လာတာ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၅ လက်မ FullHD+ LCD display နဲ့ လာပြီး 90Hz screen သစ်ကို သုံးသွားပါတယ်။ ဒီဖုန်းဟာ punch-hole ကင်မရာ ဒီဇိုင်းနဲ့ သုံးထားပြီး ကျောဘက်မှာ စတုရန်းကွက် သုံးလုံးတွဲကင်မရာနဲ့ လာပါတယ်။

OPPO A72 5G ဟာ Dimensity 720 SoC သုံးထားပြီး RAM 8GB/128GB storage တစ်မျိုးတည်းနဲ့ ထွက်ထားပါတယ်။ ရှေ့ ဆယ်လ်ဖီကင်မရာ 8MP selfie နဲ့ ကျောဘက် 16MP primary lens ၊ 8MP ultrawide နဲ့ 2MP depth ကင်မရာဆိုပြီး သုံးသွားပါတယ်။ ဘက်ထရီပါဝါကို အရင် 5000mAh ဘက်ထရီကနေ 4040mAh ကို လျှော့သုံးထားပြီး USB-C port ကနေ 18W charging ပံ့ပိုးထားပါတယ်။

ဘေးဘောင်မှာ fingerprint scanner ပါရှိပြီး Dirac 2.0 အသံနည်းပညာ ၊ 3.5mm headphone jack တို့ သုံးထားပါတယ်။ ColorOS 7.2 ကို အခြေခံထားတဲ့ Android 10 စနစ် သုံးထားပြီး Neon ၊ Oxygen Violet နဲ့ Simple Black ကာလာ ၃ ရောင်နဲ့ လာပါတယ်။ OPPO A72 5G ကို ၁၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၆ သောင်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က